Connect with us

Hi, what are you looking for?

သတင်း

ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်​ကောင်စီ၏လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်

ကရင်နီဒေသ နိုဝင်ဘာ ၁၁ရက် ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လေကြောင်း တိုက်ခိုက်လာသည့် စစ်ကောင်စီ လေယာဉ်ကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့၍ ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးကိုလေထီးခုန်ပြီး လွတ်မြောက်သွားခြင်းဖြစ်သည်။

ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်​ကောင်စီ၏လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်
ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်​ကောင်စီ၏လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်

ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဉ်မှူး ဖြစ်သူ ဗိုလ်မှူးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ကရင်နီဒေသ နိုဝင်ဘာ ၁၁ရက် ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လေကြောင်း တိုက်ခိုက်လာသည့် စစ်ကောင်စီ လေယာဉ်ကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့၍ ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးကိုလေထီးခုန်ပြီး လွတ်မြောက်သွားခြင်းဖြစ်သည်။

ထိုသို့ လွတ်မြောက်သူ ၂ဦးအနက် ဗိုလ်မှူး ခိုင်သန့်မိုး ဆိုသူကို နိုဝင်ဘာ ၁၉ရက် နေ့လည် ၂နာရီတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

ပျက်ကျ ခဲ့သည့် K-8 အမျိုးအစား စစ်လေယာဉ်မှ လေထီးခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေသည့် စစ်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၄မှ ဖြစ်ပြီး ၎င်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၎င်းသည် ကရင်နီတပ်​ပေါင်းစုက ပွိုင့် ဖိုက် (Point -5 )ဖြင့်ပစ်ခတ်၍ ​တောင်ပံနှင့် ကိုယ်ထည်ထိပြီး ပျက်ကျခဲ့​သော ​စစ်တပ်တိုက်​လေယာဥ်မှ ​လေယာဥ်မှူးမှာ ၂ ဦးဖြစ်၍ ကျန်တစ်ဦးကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းမမိ​သေး​ပေ။

ပစ်ချခံရသည့် တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဥ် မှ လေထီးဖြင့် ခုန်ထွက်ခဲ့ပြီး ထွက်​ပြေး​နေ​သော ​လေယာဥ်​မောင်း ၂ ဦး၏ လေထီးနှင့် အသုံးအ​ဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်တွင်​တွေ့ရှိခဲ့သည်။

စစ်ကောင်စီ ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းကမူ တိုက်လေယာဉ်သည်ပစ်၍ထိခြင်းမဟုတ်ဘဲ ​လေကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းငြင်းဆိုခဲ့သည်။

ထို​ကြောင့် ကရင်နီတပ်​ပေါင်းစုက ပွိုင့် ဖိုက်စက်​သေနက်ဖြင့် တိုက်​လေယာဥ်ကို ပစ်ခတ်မှု ၊​လေယာဥ်မီးခိုးထွက်ပြီး ပျံသန်းသွား​​သောရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။

ထိုအပြင် တိုက်လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို ​လေယာဥ်ပျက်ကျပြီး​နောက်တစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်၌ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီ ရွာကြား တောင်ယာတဲအနီး တွေ့ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဓါတ်ပုံများနှင့်တစ်ကွ သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီက ​မြေပြင်တိုက်ပွဲများတွင် အထိနာလာပြီး​နောက်​လေ​ကြောင်းကိုသာအားကိုး၍ ဗုံးကျဲတိုက်ခိုက်အကြမ်းဖက်ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ၍​သေဆုံးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး