Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်​ကောင်စီ၏လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်

ကရင်နီဒေသ နိုဝင်ဘာ ၁၁ရက် ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လေကြောင်း တိုက်ခိုက်လာသည့် စစ်ကောင်စီ လေယာဉ်ကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့၍ ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးကိုလေထီးခုန်ပြီး လွတ်မြောက်သွားခြင်းဖြစ်သည်။

ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်​ကောင်စီ၏လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်
ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်​ကောင်စီ၏လေယာဥ်မှူးကို ဖမ်းမိဟု NUG ကာကွယ်ရေး ထုတ်ပြန်

ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဉ်မှူး ဖြစ်သူ ဗိုလ်မှူးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

ကရင်နီဒေသ နိုဝင်ဘာ ၁၁ရက် ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လေကြောင်း တိုက်ခိုက်လာသည့် စစ်ကောင်စီ လေယာဉ်ကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်ခဲ့၍ ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးကိုလေထီးခုန်ပြီး လွတ်မြောက်သွားခြင်းဖြစ်သည်။

ထိုသို့ လွတ်မြောက်သူ ၂ဦးအနက် ဗိုလ်မှူး ခိုင်သန့်မိုး ဆိုသူကို နိုဝင်ဘာ ၁၉ရက် နေ့လည် ၂နာရီတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း ​ဖော်ပြထားသည်။

ပျက်ကျ ခဲ့သည့် K-8 အမျိုးအစား စစ်လေယာဉ်မှ လေထီးခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေသည့် စစ်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၄မှ ဖြစ်ပြီး ၎င်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

၎င်းသည် ကရင်နီတပ်​ပေါင်းစုက ပွိုင့် ဖိုက် (Point -5 )ဖြင့်ပစ်ခတ်၍ ​တောင်ပံနှင့် ကိုယ်ထည်ထိပြီး ပျက်ကျခဲ့​သော ​စစ်တပ်တိုက်​လေယာဥ်မှ ​လေယာဥ်မှူးမှာ ၂ ဦးဖြစ်၍ ကျန်တစ်ဦးကို ​တော်လှန်​ရေးအဖွဲ့များက ဖမ်းမမိ​သေး​ပေ။

ပစ်ချခံရသည့် တရုတ်နိုင်ငံထုတ် K-8 အ​ပေါ့စားတိုက်​လေယာဥ် မှ လေထီးဖြင့် ခုန်ထွက်ခဲ့ပြီး ထွက်​ပြေး​နေ​သော ​လေယာဥ်​မောင်း ၂ ဦး၏ လေထီးနှင့် အသုံးအ​ဆောင်အချို့ကို ကရင်နီတပ်ပေါင်းစုက နိုဝင်ဘာ ၁၁ ရက်တွင်​တွေ့ရှိခဲ့သည်။

စစ်ကောင်စီ ​ပြော​ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်​ဇော်မင်းထွန်းကမူ တိုက်လေယာဉ်သည်ပစ်၍ထိခြင်းမဟုတ်ဘဲ ​လေကျင့်ပျံသန်းစဥ် စက်ချို့ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းငြင်းဆိုခဲ့သည်။

ထို​ကြောင့် ကရင်နီတပ်​ပေါင်းစုက ပွိုင့် ဖိုက်စက်​သေနက်ဖြင့် တိုက်​လေယာဥ်ကို ပစ်ခတ်မှု ၊​လေယာဥ်မီးခိုးထွက်ပြီး ပျံသန်းသွား​​သောရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။

ထိုအပြင် တိုက်လေယာဉ်၏ အပျက်အစီးအပိုင်းအစများကို ​လေယာဥ်ပျက်ကျပြီး​နောက်တစ်ရက်အကြာ နိုဝင်ဘာ ၁၂ ရက်၌ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီ ရွာကြား တောင်ယာတဲအနီး တွေ့ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဓါတ်ပုံများနှင့်တစ်ကွ သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီက ​မြေပြင်တိုက်ပွဲများတွင် အထိနာလာပြီး​နောက်​လေ​ကြောင်းကိုသာအားကိုး၍ ဗုံးကျဲတိုက်ခိုက်အကြမ်းဖက်ရာ နိုင်ငံတစ်ဝန်း ပြည်သူ ရာနှင့်ချီ၍​သေဆုံးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။