Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်အေးမြို့တိုက်ပွဲ စစ်သုံ့ပန်းအဖြစ် ၈ဦးကို PDF ဖမ်းမိ၊ လက်နက်ခံယမ်းများရရှိ

စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ခန္တီးခရိုင်တပ်ရင်း(၁)၊ HPDF -124၊ HPDF မိုးကြိုးအဖွဲ့၊ CDM ရဲများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခုင်းဟု သိရသည်။

(HPDF -124မှ ရဲဘော်တစ်ဦး ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - HPDF -124)
(HPDF -124မှ ရဲဘော်တစ်ဦး ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - HPDF -124)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့တိုက်ခိုက်မှုတွင် စစ်သုံးပန်းအဖြစ် ရှစ်ဦး ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ခန္တီးခရိုင်တပ်ရင်း(၁)၊ HPDF -124၊ HPDF မိုးကြိုးအဖွဲ့၊ CDM ရဲများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခုင်းဟု သိရသည်။

“စစ်တပ်က လေကြောင်းကနေပါ လာပစ်တယ်။ ဒါပေမယ့် မြေပြင်မှာရလဒ်ကောင်းတယ်”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်သုံ့ပန်းရှစ်ဦးအပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့ညပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

သီးခြားအတည်မပြုနိုင်သောသတင်းများအရ ဟုမ္မလင်းမြို့နယ်အတွင်း SNAနှင့် ပျုစောထီးအချို့ ပြီးခဲ့သည့်ရက်အနည်းငယ်က အလင်းဝင်လာသည်ဟု သတင်းရရှိထားသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်လာနိုင်၍ နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်းနှင့် ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးများအား ပြည်သူများအနေဖြငဖြတ်သန်းသွားလာခြင်းမပြုကြရန် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF -124)က ယမန်နေ့(နိုဝင်ဘာ ၂၂ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။