Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်အေးမြို့တိုက်ပွဲ စစ်သုံ့ပန်းအဖြစ် ၈ဦးကို PDF ဖမ်းမိ၊ လက်နက်ခံယမ်းများရရှိ

စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ခန္တီးခရိုင်တပ်ရင်း(၁)၊ HPDF -124၊ HPDF မိုးကြိုးအဖွဲ့၊ CDM ရဲများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခုင်းဟု သိရသည်။

(HPDF -124မှ ရဲဘော်တစ်ဦး ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - HPDF -124)
(HPDF -124မှ ရဲဘော်တစ်ဦး ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - HPDF -124)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှ စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့တိုက်ခိုက်မှုတွင် စစ်သုံးပန်းအဖြစ် ရှစ်ဦး ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၊ ရှမ်းနီတပ်ဖွဲ့(SNA)နှင့် ပျုစောထီးပူးပေါင်းစခန်းကို ခန္တီးခရိုင်တပ်ရင်း(၁)၊ HPDF -124၊ HPDF မိုးကြိုးအဖွဲ့၊ CDM ရဲများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခုင်းဟု သိရသည်။

“စစ်တပ်က လေကြောင်းကနေပါ လာပစ်တယ်။ ဒါပေမယ့် မြေပြင်မှာရလဒ်ကောင်းတယ်”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်သုံ့ပန်းရှစ်ဦးအပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့ညပိုင်းတွင် တိုက်ပွဲငြိမ်သက်နေသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

သီးခြားအတည်မပြုနိုင်သောသတင်းများအရ ဟုမ္မလင်းမြို့နယ်အတွင်း SNAနှင့် ပျုစောထီးအချို့ ပြီးခဲ့သည့်ရက်အနည်းငယ်က အလင်းဝင်လာသည်ဟု သတင်းရရှိထားသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်လာနိုင်၍ နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်းနှင့် ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးများအား ပြည်သူများအနေဖြငဖြတ်သန်းသွားလာခြင်းမပြုကြရန် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF -124)က ယမန်နေ့(နိုဝင်ဘာ ၂၂ရက်)တွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။