Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ဆည်ရှိ ပြည်ခိုင်ဖြိုးရုံး၌ စစ်တပ်နှင့်ပျူစောထီးများ အစည်းအဝေးလုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

(ဗုံးပစ်ခံရသော ကျောက်ဆည် ပြည်ခိုင်ဖြိုးရုံးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ)
(ဗုံးပစ်ခံရသော ကျောက်ဆည် ပြည်ခိုင်ဖြိုးရုံးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ၂၄ ရက်) နေ့လယ် ၂ နာရီခွဲခန့်က ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း အစည်းအဝေးလု​ပ်နေချိန် အနီးကပ်သွားရောက်၍ လက်ပစ်ဗုံးတစ်လုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုအောင်က ပြောသည်။

လက်ပစ်ဗုံးသည် ရုံးအပေါက်ဝရှိ အရပ်ဝတ်လုံခြုံရေးယူနေသူတစ်ဦးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဒဏ်ရာရသူတစ်ဦးအား ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း KRAက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား Kyaukse Revolution Army K.R.A နှင့် Kyakuse District Defense Force(K.D.D.F)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။