Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်ရှိ ပြည်ခိုင်ဖြိုးရုံး၌ စစ်တပ်နှင့်ပျူစောထီးများ အစည်းအဝေးလုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

(ဗုံးပစ်ခံရသော ကျောက်ဆည် ပြည်ခိုင်ဖြိုးရုံးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ)
(ဗုံးပစ်ခံရသော ကျောက်ဆည် ပြည်ခိုင်ဖြိုးရုံးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ)

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အစည်းအဝေးပြုလုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ၂၄ ရက်) နေ့လယ် ၂ နာရီခွဲခန့်က ကျောက်ဆည်မြို့၊ အောက်ချိုင်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း အစည်းအဝေးလု​ပ်နေချိန် အနီးကပ်သွားရောက်၍ လက်ပစ်ဗုံးတစ်လုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း Kyaukse Revolution Army-KRA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကိုအောင်က ပြောသည်။

လက်ပစ်ဗုံးသည် ရုံးအပေါက်ဝရှိ အရပ်ဝတ်လုံခြုံရေးယူနေသူတစ်ဦးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဒဏ်ရာရသူတစ်ဦးအား ကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း KRAက အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား Kyaukse Revolution Army K.R.A နှင့် Kyakuse District Defense Force(K.D.D.F)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။