Connect with us

Hi, what are you looking for?

သတင်း

ကနီနှင့် မင်းကင်းတွင် ရဲနှစ်ဦးနှင့် ပျူစောထီးတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ

အဆိုပါရဲတပ်သားအား သွားလိုရာသွားလာနိုင်ရန် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ စီစဥ်ပေးခဲ့ကြောင်း A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA
အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA

စစ်ကိုင်းတိုင်း၊ ကနီနှင့် မင်းကင်းမြို့နယ်မှ ရဲတပ်သားနှစ်ဦးနှင့် ပျူစောထီးတစ်ဦးတို့ လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Anti- Dictatorship People Revolution Army) အဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ ရက်တွင် ကနီမြို့ရဲစခန်းမှ ရဲတပ်သား မင်းထက်ပိုင်စိုးသည် G3 တစ်လက်၊ ကျည်ဘောက်၃ခု၊ ကျည် ၁၅၆တောင့်ဖြင့် အလင်းဝင်လာ၍ ဂုဏ်ပြုဆု​ငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း A-DPRA အဖွဲ့က အသိပေးသည်။

အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA
အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA

အလားတူ နိုဝင်ဘာ ၂၀ရက်ကလည်း မင်းကင်းမြို့နယ်၊ မောက်ကတော်ရဲစခန်းမှ ရဲတပ်သားမျိုးမင်းအောင်သည် ကနီမြို့ပေါ်မှတဆင့် ဆက်သွယ်ကာ ဆိုင်ကယ်တစ်စီးဖြင့် အလင်းဝင်ရောက်လာခဲ့သည်။

အဆိုပါရဲတပ်သားအား သွားလိုရာသွားလာနိုင်ရန် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ စီစဥ်ပေးခဲ့ကြောင်း A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၁ ရက်တွင်လည်း ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာမှ ပြည်သူ့စစ်တစ်ဦးဖြစ်သူ ငမင်းသည် ကာဘိုင်အမျိုးအစားသေနတ်တစ်လက်၊ ကာဘိုင်ကျည် ၂၀၀၊ 5.56 ကျည် ၁၂၂တောင့်၊ ကျည်ဘောက်နှစ်ဘောက်ဖြင့် အလင်းဝင်လာ၍ ဆုငွေကျပ်သိန်း၂၀ ဆုချီးမြှင့်ခဲ့ကြောင်း A-DPRA အဖွဲ့က ထပ်မံအသိပေးသည်။

အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA
အလင်းဝင်လာသော ရဲနှစ်ဦးနှင့် ပျူတစ်ဦးအား ၎င်းတို့ပါလာသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-A-DPRA

“သူတို့က အရင်ကာလကတည်းက CDM ဝင်ဖို့ကြိုးစားဖူးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့တာ။ တစ်ခါဆက်သွယ်ဖူးတာ။ အခုတော့ ဘယ်လိုမှမနေနိုင်တော့ဘူး။ မရမကကို ထွက်လာတဲ့အခြေအနေဗျ။”ဟု A-DPRA အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အလင်းဝင်လာသူများကို ကြိုဆိုပြီး ၎င်းတို့ဆန္ဒအတိုင်းစီစဥ်ပေးနေကြောင်း၊ ထပ်မံအလင်းဝင်လာမည့်သူများကိုလည်း ကြိုဆိုပြီး ထိုက်သင့်သည့်ဆုငွေ ချီးမြှင့်မည်ဖြစ်ကာ တိုက်ပွဲအတွင်းမှ လက်နက်ချပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Anti- Dictatorship People Revolution Army) အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။