Connect with us

Hi, what are you looking for?

သတင်း

သိန္နီ နမ့်စလပ်စစ်ကောင်စီတပ်ရင်း ၂ခု သိမ်းပိုက်မှု သံချပ်ကာ ၁စီး၊ ဟောင်ဝစ်ဇာ ၂လက်နှင့် လက်နက် ခဲယမ်းများစွာရဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နှင့် လက်နက်ခဲယမ်းအများအပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း ဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်သည်။

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)
(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)

▪︎စစ်ကောင်စီတပ်မှ ၁၆ဦးသေ၊ ၃၁ဦး အရှင်မိပြီး၊MNDAA၊ AAနှင့် KNDF ပူးပေါင်းတပ်မှလည်း ကျဆုံးမှုရှိ

▪︎မြန်မာ-တရုတ်နယ်စပ်မှ ​​လေးခု​မြောက်ဂိတ်ကိုသိမ်းပိုက်

▪︎​လောက်ကိုင်မြို့သိမ်းတိုက်ပွဲ မကြာမီ ဖော်ဆောင်မည်ဟု အသိပေး

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ )နှင့် (၅၆၈) တပ်ရင်း ဌာနချုပ် များကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သံချပ်ကာယာဉ် ၁စီး၊ ဟောင်ဝစ်ဇာအမြောက် ၂လက်နှင့် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့(နိုဝင်ဘာ ၂၅) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်တော် (AA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၉ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ရာ ၆ရက် အကြာတွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)
(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ – The Kokang)

ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှုများစွာဖြင့် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၁၆) ဦးအား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း (၃၁) ဦးအား ဖမ်းဆီးရခဲ့ဟု အသိပေးသည်။ဖမ်းဆီးရရှိထား​သော စစ်သားများကို စစ်သုံ့ပန်းဥပ​ဒေနှင့် အညီ ​စောင့်​ရှောက်ထား​ကြောင်းလည်း ဓါတ်ပုံနှင့်တကွ ထုတ်ပြန်သည်။

ထို့ပြင် သံချပ်ကာ (၁) စီး၊ ဟောင်ဝစ်ဇာ (၂) လက်နှင့် လက်နက်ခဲယမ်းအများအပြားကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း ဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်သည်။

အဆိုပါ တပ်ရင်း ဌာနချုပ် ၂ခုကို သိမ်းပိုက်နိုင်ခဲ့၍ နမ့်စလပ်ဒေသ အတွင်းရှိ ရန်သူ့စခန်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး ဒေသတစ်ခုလုံးအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးသည်။

တအာင်းတပ်မတော်(TNLA)ကလည်း ယမန်နေ့တွင် လားရှိုး မြို့နယ်၊ ဟိုပင်ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု သည်။ ထို့ပြင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တွင်လည်း တိုက်ပွဲ ဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီက Y12 တိုက်ခိုက်ရေးယာဉ် (၂) ကြိမ် လာရောက်ကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၇၀) ကျော် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။ စစ်တပ်က ​လေယာဥ်ဖြင့် စခန်းသစ်ကုန်းရှိ စစ်ကောင်စီတပ်များထံ လက်နက်ခဲယမ်းနှင့် ရိက္ခာများ လာချခဲ့သည် ဟု သိရသည်။

ရက္ခိုင်ဒေသ စစ်ရေးအခြေအနေကိုလည်း ဖော်ပြခဲ့ရာ AAသည် မောင်တော မြို့နယ်၊ ကိုင်းကြီးစခန်းအနီးရှိ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၈ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ဟု အသိပေးသည်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော “တရွန်အိုင်” ဗျူဟာ နှင့် “နှုံဘူး” ဗျူဟာနှစ်ခုကိုလည်း AA ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ၁၂ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွာ​နေပြီးစစ်ကောင်စီဘက်က လေကြောင်း ပစ်ကူ ပေး တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ပေါက်တောမြို့အတွင်း ဓားစာခံကယ်တင်ရေးတိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး ကျန်ရှိနေသေးသော ပိတ်မိနေသည့် ဒေသခံပေါက်တောမြို့သူမြို့သားများအား ဆက်လက်ကယ်တင်ရန် ကြိုးစား လျက်ရှိသည်ဟု အသိ​ပေးသည်။

ပေါက်တောမြစ်ထဲရှိ စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပေါက်တောမြို့မဈေးကြီး အပါအဝင် နေရာ (၂) ခု၌ မီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။ ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မဈေးကြီး မီးလောင်ပြာကျခဲ့ရပြီး ဖြစ်ကြောင်း ထုတ်ပြန်သည်။

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)
(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ – The Kokang)

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားခြင်းမရှိဘဲ ဟန်ချက်ညီစစ်ဆင်ရေးများကို တစ်ရက်ပြီး တစ်ရက် ဆင်နွှဲလျက်ရှိကြောင်း၊ စစ်ဆင်ရေး တစ်လပြည့်ခါနီးတွင် ထိုက်သင့်သောအောင်မြင်မှုများနှင့်အတူ ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ - The Kokang)
(နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ ) နှင့် (၅၆၈) တပ်ရင်းဌာနချုပ်များသိမ်းပိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ။ ဓာတ်ပုံ – The Kokang)

စစ်ဆင်ရေး (၁) လတာကာလအတွင်း ကိုးကန့်အထူးဒေသ (၁) သည် ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိရန် လက်တစ်လှမ်း အလိုသို့ ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့၏ အိမ်ပြန်တိုက်ပွဲဖြစ်လာမည့် ” လောက်ကိုင်မြို့သိမ်း” တိုက်ပွဲသည်လည်း မကြာမီ လာတော့မည်ဖြစ် ကြောင်း ထုတ်ပြန်သည်။

ထိုအပြင် နိုဝင်ဘာလ (၂၅) ရက် မနက်ပိုင်းတွင် ကျင်းစန်းကြော့ နယ်စပ်ဂိတ်ကို ညီနောင် ၃ဖွဲကမှ ပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။ ထို​ကြောင့် ညီ​နောင်မဟာ မိတ် ၃ ဖွဲ့က မြန်မာ-တရုတ် နယ်စပ်ဂိတ် အနည်းဆုံး ၄ ခုကို သိမ်းပိုက်ထားပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook