Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား သေဆုံးထိခိုက်မှုရှိ

နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် ယနေ့(နိုဝင်ဘာ ၂၆ရက်) နံနက် ၂နာရီကျော် အချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)
(နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်။

နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာတွင် ယနေ့(နိုဝင်ဘာ ၂၆ရက်) နံနက် ၂နာရီကျော် အချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)
(နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Ta’ang Post)

ထိုသို့ တိုက်ခိုက်မှုကြောင့် မန်အောင်ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံထိမှန် ပျက်စီးခဲ့ပြီး မန်အောင်ကျေးရွာဒေသခံ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်တွင် ယနေ့ နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်က နမ့်ခမ်းမြို့နယ် မန်နားရပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံ လုပ်ဆောင်ခဲ့၍ (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု နမ့်ခမ်းမြို့ခံ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

(နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Ta'ang Post)
(နမ့်ခမ်းမြို့နယ် မန်အောင်ကျေးရွာအား စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – The Ta’ang Post)

တိုက်ပွဲများ၌ အထိနာရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ စစ်ဆင်ရေး ၁လနီးပါးအတွင်း အရပ်သား ၆၀ကျော်သေဆုံးကာ ၁၀၀ကျော်ဒဏ်ရာရခဲ့သည်ဟု TNLAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။