Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့ရှိ စစ်ကောင်စီရုံးဌာနများကို PDF များ စီးနင်းတိုက်ခိုက်

မြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ပြည်သူ့ဆေးရုံ၊ အထက(၁)စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့အား စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တန့်ဆည်မြို့ရှိ ပြည်သူ့ဆေးရုံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ
တန့်ဆည်မြို့ရှိ ပြည်သူ့ဆေးရုံအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️စစ်ကောင်စီတပ် ထိခိုက်မှုများဟုဆို

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ် ရှိ စစ်ကောင်စီ​၏ ဌာနဆိုင်ရာရုံးများ၌တပ်စွဲထားသော စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နံနက် အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့သည်။

မြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ပြည်သူ့ဆေးရုံ၊ အထက(၁)စာသင်ကျောင်းနှင့် ဘောလုံးကွင်းတို့အား စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းက စခ(စစ်ကောင်စီတပ်သား)တွေကို ဝင်ဆော်တာ။ ဘောလုံးကွင်းကတော့ ရဲစခန်းနဲ့ နီးလို့ ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်ခဲ့ဘူး”ဟု တန့်ဆည်မြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် ယနေ့ နံနက်စော ၁၂နာရီခွဲမှစတင်ခဲ့ပြီး နံနက် ၃နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

” စခတွေက တိုက်ပွဲစကတည်းက ခံမတိုက် ဘဲ ရှောင်ထွက်သွားတယ်။ အကုန်အပိုင်သိမ်းတာမဟုတ်တဲ့အတွက် ပြန်ဆုတ်ခဲ့တာပါ”ဟု တိုက်ပွဲဝင်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် အထိအခိုက်များပြားခဲ့သော်လည်း အသေးစိတ်အခြေအနေကို မသိရှိရသေးဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ်(၁)စစ်ဒေသ ၊ရွှေဘိုခရိုင်ကွပ်ကဲရေးကဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တန့်ဆည်မြို့နယ်ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ရွှေဘိုခရိုင်ရင်း(၉)က ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။ ရုပ်အလောင်း ပြန်ရပါတယ်”ဟု ပြည်သူ့ကာကွယ်ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။