Connect with us

Hi, what are you looking for?

သတင်း

ခရမ်းမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား ပြင်းအားမြင့်ဗုံးသီးဖြင့် ကြဲတိုက်ခိုက်

တိုက်ခိုက်မှုအတွင်း PDF Khayan တပ်ဖွဲ့ဝင်များ အောင်မြင်စွာပစ်ခတ်၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခရမ်းမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား ပြင်းအားမြင့်ဗုံးသီးဖြင့် ကြဲတိုက်ခိုက်
ခရမ်းမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား ပြင်းအားမြင့်ဗုံးသီးဖြင့် ကြဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ပြင်းအားမြင့်ဗုံးသီးအသုံးပြု၍ ဒရုန်းဖြင့်ချ တိုက်ခိုက်ခဲ့ကြောင်း PDF Khayan က အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂)ညနေ ၆ နာရီ ၄၀မိနစ်ခန့်က ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဖော်ပြသည်။

“ထိခိုက်ကျဆုံးမှုအခြေအနေကို တိကျသေ ချာစွာ မသိရှိရသေးသော်လည်း ခရမ်းမှ အရေးပေါ်ကားများဆင်းသွားသည့်အတွက် ထိခိုက်ကျဆုံးမှုများ ရှိနိုင်သည်”ဟု PDF Khayan က အသိပေးသည်။

တိုက်ခိုက်မှုအတွင်း PDF Khayan တပ်ဖွဲ့ဝင်များ အောင်မြင်စွာပစ်ခတ်၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဒရုန်းလေးနဲ့ ဗုံးသီးတွေချကာ အဘနားရွက်ကို တံတွေးစွတ်တယ်”ဟု ဘုရားပျိုရွာမှ စစ်ကောင်စီတပ်အထိုင်ချနေရာအား တိုက်ခိုက်မှုကို PDF Khayan မှ တော်လှန်ရေးရဲဘော်တစ်ဦးက အသိပေးထားသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်ကလည်း ခရမ်းမြို့မရဲစခန်း၊ ရေကျော်ကျောင်းတွင် တပ်စွဲထားသော အထိုင်ချနေရာ၊ ဆည်မြောင်းစစ်ဆေးရေးဂိတ်နှင့် သုံးခွမြို့မရဲစခန်းတို့ကို PDF Khayan နှင့် မဟာမိတ်အဖွဲ့ပူးပေါင်းပြီး ၄၀ မမဗုံးသီးများဖြင့်တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်းမှာ တရားစခန်းကျင်းပနေတဲ့ ဓမ္မာရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ သံဃာတော်တွေအပါအဝင် သေဆုံးသူ ၂၀ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။