Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်တွင် ကင်းလှည့်လာသောစစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

နိုဝင်ဘာအတွင်းကလည်း မတ္တရာနယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများကာ ပြည်သူအချို့လည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။

(၂၀၂၂ နှစ်လယ်ပိုင်းက မတ္တရာ-မန္တလေးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(၂၀၂၂ နှစ်လယ်ပိုင်းက မတ္တရာ-မန္တလေးလမ်းပိုင်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ညဘက်ကင်းလှည့်လာသော စစ်ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ ရက် ည ၈ နာရီခွဲခန့်က မတ္တရာမြို့နယ်၊ ရေနံ့သာရဲစခန်းမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီး အင်အား ၃၀ ခန့်သည် ဆည်တော်ကြီးကျေးရွာဘက်သို့ စစ်ကားတစ်စီးဖြင့် ကင်းလှည့်ရန်ထွက်လာစဥ် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာ(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ ခုနစ်ဦး နေရာတွင်သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ ထို့အပြင် ဆေးကုသနေသည့် စစ်အုပ်စုဝင်များအနက် ၈ ဦးထပ်မံသေဆုံးသည်ဟု အတွင်းသတင်းရကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စကစနဲ့ပျူနဲ့ပေါင်းပြီး ရေနံ့သာကနေ ဆည်တော်ဘက်ကို နယ်မြေရှင်းလင်းရေးအတွက်ဆိုပြီး ကားနဲ့ထွက်လာတာ။ အမှတ်မထင်ထွက်တာမျိုးတွေများတယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မတ္တရာ(ပကဖ)၊ တိုက်နယ် (၃) ပကဖတပ်ဖွဲ့ နဂါးညီနောင်နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာအတွင်းကလည်း မတ္တရာနယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများကာ ပြည်သူအချို့လည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။