Connect with us

Hi, what are you looking for?

သတင်း

တောင်သာနယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

ညောင်ဦးခရိုင်ပကဖ(ပုဂံပြည်ဘီဘူးတပ်)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Bagan Ogre Force
ညောင်ဦးခရိုင်ပကဖ(ပုဂံပြည်ဘီဘူးတပ်)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Bagan Ogre Force

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ​ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်ကတောင်သာမြို့နယ် ကျွဲတလင်းကျေးရွာပျူစောထီးများထံမှ ပြန်လာသော စစ်ကား သုံးစီးအား ရှေ့ထွက်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးခရိုင်ပကဖ(ပုဂံပြည်ဘီဘူးတပ်)၏ တာဝန်ရှိသူက ပြောသည်။

“သူတို့အပြန်မှာ မိုင်းဆွဲတာပါ။ အင်အား ၃၀ ကျော်ပါတယ်။ စစ်ကား သုံးစီးထဲက တစ်စီးကို မိုင်းဆွဲခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသော စစ်သား ၅ ဦးအား မိတ္ထီလာဆေးရုံသို့ သယ်ဆောင်သွားကြောင်း မြင်းခြံခရိုင် တပ်ရင်း (၃)က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် တပ်ရင်း (၃)၊ ညောင်ဦးခရိုင် ပကဖ(ပုဂံပြည်ဘီဘူးတပ်)နှင့် အခြားမဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။