Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာနယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

ညောင်ဦးခရိုင်ပကဖ(ပုဂံပြည်ဘီဘူးတပ်)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Bagan Ogre Force
ညောင်ဦးခရိုင်ပကဖ(ပုဂံပြည်ဘီဘူးတပ်)၏ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Bagan Ogre Force

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ​ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်ကတောင်သာမြို့နယ် ကျွဲတလင်းကျေးရွာပျူစောထီးများထံမှ ပြန်လာသော စစ်ကား သုံးစီးအား ရှေ့ထွက်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးခရိုင်ပကဖ(ပုဂံပြည်ဘီဘူးတပ်)၏ တာဝန်ရှိသူက ပြောသည်။

“သူတို့အပြန်မှာ မိုင်းဆွဲတာပါ။ အင်အား ၃၀ ကျော်ပါတယ်။ စစ်ကား သုံးစီးထဲက တစ်စီးကို မိုင်းဆွဲခဲ့တာပါ။”ဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသော စစ်သား ၅ ဦးအား မိတ္ထီလာဆေးရုံသို့ သယ်ဆောင်သွားကြောင်း မြင်းခြံခရိုင် တပ်ရင်း (၃)က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် တပ်ရင်း (၃)၊ ညောင်ဦးခရိုင် ပကဖ(ပုဂံပြည်ဘီဘူးတပ်)နှင့် အခြားမဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။