Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရက္ခိုင်တွင် စစ်ကောင်စီအင်အားဖြည့်နေ၍ စစ်ဘောင်ကျယ်လာမည့်အခြေအနေရှိဟု ညီနောင်သုံးဖွဲ့ အသိပေး

၁၀၂၇ စစ်ဆင်ရေး ဇန်နဝါရီ ၂၃ရက် စစ်ရေးသတင်းများကို အသိပေးထုတ်ပြန်ရာ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်ဟု အသိပေးသည်။

(ရက္ခိုင်ပြည်၊ ကျောက်တော်အခြေစိုက် စစ် ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ် ရင်းအား ဇန်နဝါရီ ၁၄ရက်နှင့် ခမရ (၅၃၉) တပ်ရင်းအား ဇန်နဝါရီ ၁၆ရက်တွင် ရက္ခိုင့် တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AAInfoDesk)
(ရက္ခိုင်ပြည်၊ ကျောက်တော်အခြေစိုက် စစ် ကောင်စီတပ်၏ အမှတ် (၃၇၇) အမြောက်တပ် ရင်းအား ဇန်နဝါရီ ၁၄ရက်နှင့် ခမရ (၅၃၉) တပ်ရင်းအား ဇန်နဝါရီ ၁၆ရက်တွင် ရက္ခိုင့် တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - AAInfoDesk)

▪️ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင် စစ်ကောင်စီက အင်အားဖြည့် စစ်ပြင်နေဟုဆို

ရက္ခိုင်ဒေသ၌ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသကဲ့သို့ ရက္ခိုင်ဒေသတွင်း စစ်ပန်း၍ စစ်ရေးမယှဉ်နိုင်သည့် စစ်ကောင်စီဖက်မှ ရေကြောင်း၊ လေကြောင်းဖြင့် ရက်ဆက်အင်အားဖြည့်တင်းခြင်းတို့ မပြတ်လုပ်ဆောင်နေသည့်အတွက် စစ်ဘောင်ကျယ်ပြန့်လာမည့်အသွင် ရှိနေကြောင်း ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ဇန်နဝါရီ ၂၃ရက် စစ်ရေးသတင်းများကို အသိပေးထုတ်ပြန်ရာ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်ဟု အသိပေးသည်။

မင်းပြားမြို့ပေါ်သို့ ရန်သူ့နေဗီသင်္ဘောများမှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မင်းပြားမြို့သို့ စစ်ကူလာသည့် စစ် ကောင်စီတပ်အား AAက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ရုပ်သံမှတ်တမ်းကို AAက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင်လည်း စစ်ကောင်စီဖက်မှ စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့နေရာချထားမှုများအား ဆက်တိုက် လုပ်ဆောင် လာနေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား ရက္ခိုင့်တပ်တော်(AA)မှ ချေမှုန်းသုတ်သင်ခဲ့စဉ် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည့် ရန်သူ့တပ်ဖွဲ့ဝင်အချို့အားလည်း စစ်ကောင်စီမှ ရက္ခိုင်ဒေသတွင်းရှိ စစ်မျက်နှာစာအသီးသီးတွင် နေရာချထားရန် စစ်ရေးပြင်ဆင်လျက်ရှိနေသည်ဟု ဆိုသည်။

ယခင်အင်အား ၄၀၀ကျော်ခန့်သည်လည်း လက်ရှိရက္ခိုင်စစ်မျက်နှာပြင်အနှံ့တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိနေပြီးဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် AA အနေဖြင့် မိတ်ဖက်အဖွဲ့များနှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့် စစ်ကိုင်းတိုင်း အပါအဝင် တခြားဒေသအချို့တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ရှိနေခဲ့ကြောင်း အသိပေးထားသည်။

စစ်ရှိန်မြင့်တက်နေသည့် ရက္ခိုင်ဒေသအပါအဝင် ရှမ်းမြောက်နှင့် ထိစပ်နေသည့် နေရာအချို့တွင် စစ်ကောင်စီသည် ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြတ်တောက်ထားသည့် အတွက် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ထုတ်ပြန် သည်။

ရက္ခိုင်ပြည်နယ် မြောက်ဦးအခြေစိုက် စစ် ကောင်စီလက်အောက်ခံ ခမရ (၃၇၇) တပ်ရင်းမှ ယမန်နေ့ညပိုင်းတွင် အရပ်သားပြည်သူများနေထိုင်ရာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ရမ်းဗြဲနှင့် အမ်းမြို့နယ်များတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့ဟု အသိပေးသည်။

ရှမ်းမြောက်ဒေသမှ စတင်ခဲ့သည့် ညီနောင် မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီးသည် သုံးလပြည့်ခါနီးပြီဖြစ်ကြောင်း၊ စစ်ဆင်ရေးသည် လက်ရှိတွင် အခြေအနေအရ အရွေ့ပုံစံဖြင့် ဆက်လက်ချီတက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်သည့် ကိုးကန့်ဒေသတွင် အုပ်ချုပ်စီမံရေးယန္တရား လည်ပတ်သက်ဝင်စေရန်အတွက် စတင်ဆောင်ရွက်လျက်ရှိနေကြောင်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။