Connect with us

Hi, what are you looking for?

သတင်း

တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး

ဒုတပ်ချုပ်နဲ့ ဆွေးနွေးမှုမတိုင်ခင် ရက်သတ္တပတ်အလို ဇန်နဝါရီလ ၁၅ ရက်က ကရင်နဲ့မွန် ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဗိုလ်မှူးကြီးစောချစ်သူတို့ ကြား ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ကြာအင်းရွာမှာ တွေ့ဆုံထားပါတယ်။

တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး
တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး

အာဏာသိမ်းစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တို့ကြား တင်းမာမှုတွေရှိနေချိန် စစ်ကောင်စီဒုတပ်ချုပ် နဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူတို့ ဇန်နဝါရီလ ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ BGF သတင်းရင်းမြစ်ထံကသိရပါတယ်။

တွေ့ဆုံဆွေးနွေးမှုကို ကရင်ပြည်နယ် ၊ ဘားအံမြို့မှာ ပြုလုပ်ခဲ့တာလို့ BGF သတင်းရင်းမြစ်က ဆိုပါတယ်။

ဒုတပ်ချုပ်နဲ့ ဆွေးနွေးမှုမတိုင်ခင် ရက်သတ္တပတ်အလို ဇန်နဝါရီလ ၁၅ ရက်က ကရင်နဲ့မွန် ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ ဗိုလ်မှူးကြီးစောချစ်သူတို့ ကြား ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ကြာအင်းရွာမှာ တွေ့ဆုံထားပါတယ်။

BGF သတင်းရင်းမြစ်ရဲ့ အဆိုအရ ကရင်ပြည်နယ်တိုက်ပွဲတွေမှာ BGF ထံက တပ်အင်အား အခုထက်ပိုပါဝင်ဖို့ စစ်ကောင်စီတိုင်းမှူးက တောင်းဆိုခဲ့ပြီး ဗိုလ်မှူးကြီးစောချစ်သူကို ရာထူး နဲ့ မက်လုံးပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး
တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး

စစ်ကောင်စီတိုင်းမှူးနဲ့ တွေ့ဆုံပြီးနောက် ရက်ပိုင်းအတွင်း ဗိုလ်မှူးကြီးစောချစ်သူဟာ ရွှေကုက္ကိုလ်မြို့မှာ BGF တပ်ဖွဲ့ဝင်ခေါင်းဆောင်ပိုင်းတွေကိုခေါ်ယူတွေ့ဆုံမှုပြုလုပ်ပါတယ်။

BGF သတင်းရင်းမြစ်ရဲ့ပြောပြချက်အရ BGF အနေနဲ့ စစ်တပ်ထံက လစာ မယူတော့ဘူးလို့ ဗိုလ်မှူးကြီးစောချစ်သူက ပြောခဲ့တယ်လို့သိရပါတယ်။

စစ်တပ်ထံက လစာမယူတော့တဲ့လုပ်ရပ်ဟာ စစ်တပ်လက်အောက်မှာ မနေတော့ဘဲ သီးခြားရပ်တည်မယ်ဆိုတဲ့ သဘောထားကိုပြသတာလို့လည်း BGF သတင်းရင်းမြစ်က ရှင်းပြပါတယ်။

တဆက်တည်းမှာပဲ ကမမောင်းနဲ့ ဖာပွန်မှာရှိတဲ့ BGF တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ယူလိုက်ပြီး ဗိုလ်မှူးကြီးစောချစ်သူက ရွှေကုက္ကိုလ်မြို့ထဲ မှာ နေရာချပေးထားတယ်လို့သိရပါတယ်။

ဒီလိုတင်းမာမှု ဖြစ်ပွားနေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူတို့ကြား တွေ့ဆုံမှုဖြစ်ပေါ်လာတာပါ။

မနေ့က တွေ့ဆုံမှုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ ဗိုလ်မှူးကြီးစောချစ်သူဘက်က တောင်းဆိုတယ်လို့ သိရပေမယ့် ဆွေးနွေးပွဲ အချက်အလက်တွေကို အသေးစိတ်မသိရပါဘူး။

စစ်ကောင်စီဘက်ကလည်း BGF နဲ့ တွေ့ဆုံဆွေးနွေးမှုကို တရားဝင်ထုတ်ပြန်တာမရှိဘဲ သတင်းအမှောင်ချထားပါတယ်။

တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး
တင်းမာမှုဖြစ်နေချိန် စစ်ကောင်စီဒုတပ်ချုပ်နဲ့ ကရင် BGF ခေါင်းဆောင်တွေ့ဆုံဆွေးနွေး

BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ဟာ မြန်မာ − ထိုင်း နယ်စပ် မြဝတီမြို့ရဲ့ မြောက်ဘက် ၁၀ မိုက်ခန့်အကွာ သောင်ရင်းမြစ်ဘေး မှာ ရွှေကုက္ကိုမြို့သစ်စီမံကိန်း လုပ်ကိုင်နေပါတယ်။

BGF ထိန်းချုပ်နယ်မြေ မှာ ရှိတဲ့ အဲဒီမြို့သစ်စီမံကိန်းဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ကျော်ကြားနေတာပါ။

အဲဒီမြို့သစ်စီမံကိန်းကို ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူ ၊ တရုတ်စီးပွားရေးသမား ရှီဇီကျန်း နဲ့ BGF ကုမ္ပဏီဖြစ်တဲ့ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက်တာ စောမင်းမင်းဦးတို့ကို ကျားဖြန့်နဲ့ လူကုန်ကူးမှုတွေပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနိုင်ငံတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်မှာ ပိတ်ဆို့အရေးယူထားပါတယ်။

ထိုင်းဘက်ကလည်း မြဝတီမြို့အနီးက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖြိုခွင်းပေးဖို့ စစ်ကောင်စီကိုတောင်းဆိုနေပါတယ်။

ထိုင်းစစ်တပ်ခေါင်းဆောင်တွေ နေပြည်တော်ကို ၂ ကြိမ်ထက်မနည်းလာရောက်တောင်းဆိုတာတွေကို စစ်ကောင်စီဟာကြုံနေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက လာရောက်ခဲ့တဲ့ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲ့ ခရီးစဉ်အတွင်းမှာ မြဝတီမြို့အနီး အွန်လိုင်းငွေလိမ် လောင်းကစား လုပ်ငန်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီခေါင်းဆောင်က သဘောတူခဲ့ပါတယ်။

အဲဒီနောက် မရှေးမနှောင်းမှာပဲ မြဝတီ − ရွှေကုက္ကိုလ်သွား လမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှုပ်ရှားတာမျိုး တွေ့လာရတယ်လို့ ရွှေကုက္ကိုလ် ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပြီးခဲတဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာလည်း စစ်တပ်နဲ့သစ္စာခံ ကရင်နယ်ခြားစောင့်တပ်(BGF) တို့ကြားမပြေလည်မှုဖြစ်ခဲ့ပါသေးတယ်။

အဲဒီအချိန်က BGF တပ်အနေနဲ့ စီးပွားရေးမလုပ်ဖို့နဲ့ စီးပွားရေးလုပ်မယ်ဆိုရင် တပ်ကနုတ်ထွက်ဖို့ ဖိအားပေးရာမှာ BGF ခေါင်းဆောင်ပိုင်းတွေ စစ်တပ်ဆီ နှုတ်ထွက်စာတင်ခဲ့ကြပါသေးတယ်။

အာဏာသိမ်းဖို့အချိန်နီးကပ်နေတဲ့အဲဒီအချိန်မှာ နှုတ်ထွက်စာတင်တဲ့ကိစ္စကို ပြန်လည်စဉ်းစားကြဖို့ စစ်တပ်က BGF ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ BGF အင်အားဟာ စစ်ကောင်စီအားကိုးရာ ဖြစ်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။