Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ နယ်သီးလုံးရွာမှ ပျူစောထီးတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။

(သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်အား ဆုငွေချီးမြှင့်နေစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)
(သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်အား ဆုငွေချီးမြှင့်နေစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)

▪️ကျပ်သိန်း ၅၀ ချီးမြှင့်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သီးလုံးပျူရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးသည် G3 တစ်လက်၊ G3ကျည်ဘောက် ၄ခု၊ ကျည် ၁၅၀ ဖြင့် အလင်းဝင်ရောက်လာ၍ ကျပ်သိန်း ၅၀ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဝင်တာက သီးလုံးဝင်မသိမ်းခင်ထဲကပါ။ ဆုကိုတော့ ခုမှ ချီးမြှင့်နိုင်တာပါ။ အရင်က ပျူပေါ့။

Public Service Announcement

Public Service Announcement

သူ့ရဲ့ပြောပြချက်အရ သီးလုံးရဲ့ အတွင်းကိစ္စတွေကို သိခဲ့ရတာပါ။သူက ဝင်ချင်နေတာက ကြာပြီ။ ဖရဲသီးအနေနဲ့ အတွင်းသတင်းရအောင် အထဲမှာပဲ နေခိုင်းထားခဲ့တာ တစ်နှစ်ကျော်ဝန်းကျင်ရှိပြီ။”ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလင်းဝင်လာသည့် ပျူစောထီးအဖွဲ့ဝင်သည် တော်လှန်ရေး၌ ဆက်လက်ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်များကို လုံခြုံသည့်နေရာတွင် စားသောက်နေထိုင်ရေးစီစဥ်ပေးထားကြောင်း အထက်ပါတာဝန်ခံက ရှင်းပြသည်။

သီးလုံးရွာပျူစောထီးစခန်းကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက ဇန်နဝါရီ ၂၀ ရက် ညတွင် စခန်းသိမ်းသွားရောက်တိုက်ခိုက်ရာ ပျူစောထီးအဖွဲ့ဝင် ၁၄ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။