Connect with us

Hi, what are you looking for?

သတင်း

ကျရှုံးတော့မည့် စစ်အုပ်စုကို အရာသွင်းထိတွေ့ဆက်ဆံနေမှုများရပ်တန့်ရန် အိမ်နီးချင်းနိုင်ငံ အစိုးရများအား ယာယီသမ္မတတိုက်တွန်း

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကျရှုံးတော့မည့် စစ်အုပ်စုကို အရာသွင်းထိတွေ့ဆက်ဆံနေမှုများရပ်တန့်ရန် အိမ်နီးချင်းနိုင်ငံ အစိုးရများအား ယာယီသမ္မတတိုက်တွန်း
ကျရှုံးတော့မည့် စစ်အုပ်စုကို အရာသွင်းထိတွေ့ဆက်ဆံနေမှုများရပ်တန့်ရန် အိမ်နီးချင်းနိုင်ငံ အစိုးရများအား ယာယီသမ္မတတိုက်တွန်း

နိုင်ငံတကာ အစိုးရတွေအနေဖြင့် မကြာခင် ကျရှုံးတော့မည့် စစ်အုပ်စု၏အခြေအနေမှန်ကို သိမြင်သဘောပေါက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

နိုဝင်ဘာ ၁၁ရက် ယမန်နေ့က ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း၌ ယာယီသမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

“အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ အစိုးရများအနေနဲ့ ပြန်လမ်းမရှိတော့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြန်လာနိုးမျှော်ကိုးပြီး အရာသွင်း ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန်းကရပ်ပြီး မိမိတို့ရဲ့ရေရှည် အကျိုးစီးပွားကို လက်တွေ့ကျကျ အာမခံချက်ပေးနိုင်မယ့် တော်လှန်ရေးအင်အားစုတွေနဲ့ အခုကတည်းက တွေ့ဆုံညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

ကျရှုံးတော့မည့် စစ်အုပ်စု၏ အခြေအနေမှန်ကို သဘောပေါက်ပြီး မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းများကိုအောင်မြင်ချောမွေ့စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အမျိုးသားညွီတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးနှင့် ပြတ်သားစွာ လက်တွဲဝိုင်းဝန်း ကူညီပံ့ပိုးကြရန် အချိန်တန်ပြီဟု လည်း ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။