Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေများနှင့် နယ်စပ်ဒေသများတွင် မူးယစ်တိုက်ဖျက်ရေးလုပ်ရန်ရှိဟု AA ပြော

စစ်ကောင်စီက AAအား မူးယစ်ဆေးဝါး အပါအဝင် အခြားသော ဂုဏ်သိက္ခာ ကျဆင်းစေမည့် စွဲချက်များဖြင့် လုပ်ကြံပြောဆိုရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်းများအပေါ် AA အနေဖြင့် ပြတ်သားစွာ ပယ်ချလိုက်ပြီး လုံး၀ ပတ်သက်မှုမရှိဟု ကြေညာထားသည်။

(ပလက်ဝဒေသကို သိမ်းပိုက်အပြီး ထွေအုပ်ရုံးရှေ့ နေရာယူထားသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk)
(ပလက်ဝဒေသကို သိမ်းပိုက်အပြီး ထွေအုပ်ရုံးရှေ့ နေရာယူထားသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk)

အာဏာသိမ်းစစ်ကောင်စီနှင့် စစ်ကောင်စီ မီဒီယာများတွင် ရက္ခိုင့်တပ်တော်(AA) အဖွဲ့အစည်းအား မူးယစ်ဆေးဝါး အပါအဝင် အခြားဂုဏ်သိက္ခာကျဆင်းစေမည့် စွပ်စွဲမှုများ လုပ်ကြံပြောဆိုရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်း အပေါ် ပြတ်သားစွာ ငြင်းပယ်ကြောင်း AAက ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ရှမ်းမြောက်၊ ရက္ခိုင်နှင့် ပလက်၀ အပါအဝင် AA စစ်ရေးလှုပ်ရှားရာ ဒေသများ၌ စစ်ကောင်စီ စခန်းကြီး၊ စခန်းငယ်ပေါင်းများစွာ သိမ်းပိုက်ထားသည့် အခြေအနေတွင် စစ်ရေး၌ မည်သို့မျှ မယှဉ်နိုင်သည့် စစ်ကောင်စီက AA အား ဂုဏ်သိက္ခာကျစေရန် မူးယစ်ဆေးဝါးနှင့်ပတ်သက်ယှက်နွှယ်နေသည်ဟု နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန် နိုင်ငံရေးထိုးနှက်တိုက်ခိုက်မှုများကို ယခုလအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာသည့်အပေါ် AAက ပြန်လည်ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက AAအား မူးယစ်ဆေးဝါး အပါအဝင် အခြားသော ဂုဏ်သိက္ခာ ကျဆင်းစေမည့် စွဲချက်များဖြင့် လုပ်ကြံပြောဆိုရေးသားနေခြင်း၊ ဝါဒဖြန့်နေခြင်းများအပေါ် AA အနေဖြင့် ပြတ်သားစွာ ပယ်ချလိုက်ပြီး လုံး၀ ပတ်သက်မှုမရှိဟု ကြေညာထားသည်။

စစ်ကောင်စီသည် AA အား မူးယစ်ဆေးဝါး ကိစ္စရပ်များသာမက လူကုန်ကူးမှု၊ နိုင်ငံတကာ အကြမ်းဖက်မှု စသည့် ယဉ်ကျေးသော လူ့အဖွဲ့အစည်းမှ လုံး၀လက်မခံနိုင်သော ကိစ္စရပ်များနှင့်ပါ မဟုတ်မမှန် ရောနှောလုပ်ကြံဖန်တီးနေကာ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ မမှန် သတင်းများ ပေးပို့နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်ကြီးများသည် မူးယစ်ဆေးဝါး နှင့် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများတွင် နောက်ကွယ်မှ အဓိက ပါဝင်ပတ်သက်နေသူများ ဖြစ်ပြီး ယခု ကျဖျင် (အွန်လိုင်းငွေကြေးလိမ်လည်မှု) လုပ်ငန်းတွင်လည်း စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင် ပါဝင်ပတ်သက်နေကာ ကျဖျင်လုပ်ကိုင်သူများကို အကာအကွယ်ပေးထားသည်မှာ ကမ္ဘာသိဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အလိုရှိနေသော ကျဖျင်လုပ်ငန်းအဓိက လုပ်ကိုင်သူများအား ယခုထက်ထိ အပ်နှံခြင်းမရှိသေးဘဲ အကာအကွယ် ပေးထားသည်မှာ ကျဖျင်ကိစ္စတွင် ၎င်းတို့ ပါဝင်ပတ်သက်သည်ကို ဖုံးကွယ်ထားလိုခြင်း၊ နှုတ်ပိတ်ထားခြင်းပင်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

AA၏ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော သဘောထားမှာ လူသားမျိုးနွယ်စုအား ကောင်းကျိုးမပေးသော မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းဝယ်ခြင်းများကို အဖွဲ့အနေဖြင့် မည်သည့်အခါမှ ပြုလုပ်လိမ့်မည် မဟုတ်သည့်အပင် အားပေးနေလိမ့်မည်လည်း မဟုတ်ကြောင်း၊ AA ထိန်းချုပ်နယ်မြေများ ၊ နယ်စပ်များတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အချိန်တစ်ခုတွင် တိုက်ဖျက်ဆောင်ရွက်ရန် လျာထားပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း အသိပေးဖော်ပြသည်။

AAသည် ရက္ခိုင်ဒေသတွင်း ရာဇဝတ်မှု ကျဆင်းရေးအပါအဝင် တရားရေးမဏ္ဍိုင် ကောင်းမွန်ခိုင်မာရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးမှု နိုင်ငံတကာအကြမ်းဖက်မှုများကို မည်သည့် အခါမျှ အားမပေးသကဲ့သို့ ပြတ်သားစွာ ဆန့်ကျင်သည့် အဖွဲ့လည်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိန့်ခွန်းပြောတဲ့အထဲမှာလည်းပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန်အရေးယူသွားမယ့် မိန့်ခွန်းထဲမှာလည်း ထည့်ပြီး ပြောသွားတာတွေပါတယ်။ ပြီးတော့အခုရက်ပိုင်းအတွင်းမှာလည်း မူးယစ်ဆေးဝါးဖမ်းဆီးရမိထားတာတွေ ရှိတယ်။ ဒါတွေက တရားဝင်မထုတ်ပြန်ထားတာတွေပေါ့။ AAကတော့ မူးယစ်ဆေးဝါးကားတွေ ဖမ်းဆီးရမိထားတာရှိတယ်။ ဒီဟာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ မူးယစ်ဆေးဝါးတွေကို တွင်တွင်ကျယ်ကျယ်လုပ်ပါတယ်။ မူးယစ်ဆေးဝါးကရတဲ့ငွေကြေးနဲ့လက်နက်တွေဝယ်ပါတယ်။ ရိက္ခာတွေထောက်ပံ့ပါတယ်ဆိုပြီးတော့ ပုံဖျက်ပြောဆိုနေတာပဲရှိတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီ​၏ စစ်ဆေးရုံများအတွက် ဆေးဝါးသယ်ယူခွင့်ရရှိထားသူများက မူးယစ်ဆေးဝါးများအား လွယ်လွယ်ကူကူဖြင့်ထည့်သွင်း သယ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ သူတို့ကို AAဘက်ကအရေးယူဖို့ကျတော့ မြို့ပေါ်မှာပဲသွားလာ ဝင်ထွက်နေတဲ့အခါကျတော့ အရေးယူဖို့ခက်ခဲတာတွေရှိတယ်။ အဲဒီလူတွေက အခုအချိန်မှာ လွယ်လွယ်ကူကူနဲ့ပဲ စစ်တပ်ဘက်ကနေ အရပ်ဘက်ကိုပြောင်းခွင့်ရတယ်။ လေးငါးနှစ်လောက်အတွင်း တော်တော်ကြီးကို ချမ်းသာသွားတာ တွေ့ရတယ်။သိန်းကိုသောင်းနဲ့ချီပြီးချမ်းသာတယ်။ မူးယစ်ဆေးဝါးကို သယ်တယ်။သယ်တာကိုလည်းသိတယ်။ စစ်ကောင်စီဘက်ကလည်းအရေးမယူသလို AAဘက်ကလည်းအရေးယူဖို့ရာကြတော့ မြို့ပေါ်မှာပဲလှုပ်ရှားနေတဲ့အခါကျတော့ ဖမ်းဆီးလို့က မရဘူး” ဟု ရခိုင်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ပန်းတောင်းမြို့က ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်(AA)ထံထုတ်ဖော်ဝန်ခံထားပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ဖွဲ့စည်းခြင်း (၁၇)နှစ်မြောက်နေ့ အခမ်းအနားသဝဏ်လွှာနဲ့ နှုတ်ခွန်းဆက်စကား အသီးသီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းအားလုံးကို အာရက္ခပြည်သူလူထုကိုယ်စား ကျေးဇူးတင်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ပေးပို့လာကြတဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေ အချိန်တိုအတွင်း အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

သတင်း

အနာဂတ်မှာတည်ဆောက်မယ့် အာရက္ခတိုင်းပြည်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဗဟိုပြုတည်ဆောက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA တပ်မွေးနေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ချွင်းချက်မရှိ ညီညွတ်ဖို့၊ အပြတ်သားဆုံး တိုက်ပွဲဝင်ကြဖို့ မှာကြားလိုက်ပါတယ်။

Facebook