Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားရှစ်ဦးထက်မနည်းသေဆုံး

‌ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာ၊ သက်တောရွာအပါအဝင် အနီးပတ်ဝန်းကျင်ရွာများကို နံနက် ၁၁နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

(စစ်ကောင်စီ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ပစ်ခတ်ပျံသန်းနေသော ဂျက်ဖိုက်တာ‌များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)
(စစ်ကောင်စီ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ပစ်ခတ်ပျံသန်းနေသော ဂျက်ဖိုက်တာ‌များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာထက်မနည်းကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သားရှစ်ဦးထက်မနည်းသေဆုံးကြောင်း ကနဦးသတင်းရရှိသည်။

‌ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာ၊ သက်တောရွာအပါအဝင် အနီးပတ်ဝန်းကျင်ရွာများကို နံနက် ၁၁နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

” ရွာတွေကို ပတ်ပစ်သွားတာပါ။ အရပ်သားတချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်။ အသေးစိတ်က မသိရသေးဘူး။ ဘာမှ တိုက်ပွဲမရှိဘဲ ပစ်သွားတာပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

‌စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇော်ချောင်းမှဘုန်းကြီးတစ်ပါး၊ ပြည်သူတစ်ဦးနှင့် သင်တောရွာမှ ဒေသခံပြည်သူ ခြောက်ဦးသေဆုံးကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်နေပြီး ယနေ့ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟုယူဆသည့်နေရာများကို တိုက်ခိုက်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

“ကန့်ဘလူကနေ ကောလင်းကို သွားရင် ဇော်ချောင်းတဝိုက်ကို ဖြတ်သွားရတယ်။ ဒီကောင်တွေက ခြေလျင်စစ်ကြောင်းဝင်မလို့ ကြိုရှင်းတဲ့သဘောပဲ။ ဒါပေမယ့် အခုပစ်တာ အရပ်သားတွေပဲနေတဲ့ ရွာတွေပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကန့်ဘလူမြို့အခြေစိုက် အမှတ်(၆၀၀၆)အမြောက်တပ်ရင်း၌ အင်အားဖြည့်တင်းနေကာ မကြာမီ ကောလင်းမြို့သို့ စစ်ကြောင်းထိုးမည်ဟု သတင်းများထွက်ပေါ်နေသည်။

ယနေ့တွင်လည်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာပျူစောထီးစခန်းသို့ Mi-17 ရဟတ်ယာဉ်ဖြင့် ခုနစ်ခေါက်၊ ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ်ရင်းသို့ Mi-17 ရဟတ်ယာဉ်ဖြင့် သုံးခေါက် လူအင်အားဖြည့်တင်းနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။