Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားရှစ်ဦးထက်မနည်းသေဆုံး

‌ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာ၊ သက်တောရွာအပါအဝင် အနီးပတ်ဝန်းကျင်ရွာများကို နံနက် ၁၁နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

(စစ်ကောင်စီ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ပစ်ခတ်ပျံသန်းနေသော ဂျက်ဖိုက်တာ‌များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)
(စစ်ကောင်စီ၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ပစ်ခတ်ပျံသန်းနေသော ဂျက်ဖိုက်တာ‌များအား တွေ့ရစဥ်။ ဓာတ်ပုံ - အေအက်ပီ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာအပါအဝင် ကျေးရွာငါးရွာထက်မနည်းကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ရာ အရပ်သားရှစ်ဦးထက်မနည်းသေဆုံးကြောင်း ကနဦးသတင်းရရှိသည်။

‌ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာ၊ သက်တောရွာအပါအဝင် အနီးပတ်ဝန်းကျင်ရွာများကို နံနက် ၁၁နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

” ရွာတွေကို ပတ်ပစ်သွားတာပါ။ အရပ်သားတချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်။ အသေးစိတ်က မသိရသေးဘူး။ ဘာမှ တိုက်ပွဲမရှိဘဲ ပစ်သွားတာပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

‌စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇော်ချောင်းမှဘုန်းကြီးတစ်ပါး၊ ပြည်သူတစ်ဦးနှင့် သင်တောရွာမှ ဒေသခံပြည်သူ ခြောက်ဦးသေဆုံးကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်နေပြီး ယနေ့ လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟုယူဆသည့်နေရာများကို တိုက်ခိုက်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

“ကန့်ဘလူကနေ ကောလင်းကို သွားရင် ဇော်ချောင်းတဝိုက်ကို ဖြတ်သွားရတယ်။ ဒီကောင်တွေက ခြေလျင်စစ်ကြောင်းဝင်မလို့ ကြိုရှင်းတဲ့သဘောပဲ။ ဒါပေမယ့် အခုပစ်တာ အရပ်သားတွေပဲနေတဲ့ ရွာတွေပါ”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကန့်ဘလူမြို့အခြေစိုက် အမှတ်(၆၀၀၆)အမြောက်တပ်ရင်း၌ အင်အားဖြည့်တင်းနေကာ မကြာမီ ကောလင်းမြို့သို့ စစ်ကြောင်းထိုးမည်ဟု သတင်းများထွက်ပေါ်နေသည်။

ယနေ့တွင်လည်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာပျူစောထီးစခန်းသို့ Mi-17 ရဟတ်ယာဉ်ဖြင့် ခုနစ်ခေါက်၊ ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ်ရင်းသို့ Mi-17 ရဟတ်ယာဉ်ဖြင့် သုံးခေါက် လူအင်အားဖြည့်တင်းနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။