ကန့်ဘလူမြို့နယ်မြောက်ခြမ်းသို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် ပျူ စစ်ကြောင်းကို ယနေ့နံနက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ သေဆုံးသူ ၊ထွက်ပြေးသူများပြားပြီး လက်နက်အများအပြားရလိုက်ကြောင်း PDF အချို့ နှင့် ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“လမ်းခုလတ်ကဖြတ်တိုက်တာ ေး အကောင် ၃၀ကျော်အသေ ၊ထွက်ပြေးစာရင်းမသိရသေးဘူး ။လက်နက်အများအပြားရလိုက်တယ်”ဟုကန့်ဘလူမြို့နယ်မှ PDF တစ်ဦးကပြောသည်။
ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြပေးနေသော Infinity Group ကလည်း ထိုစစ်ကြောင်းမှာ စစ်ကောင်စီတပ်သားနှင့် ပျူ စုစုပေါင်း ၃၀၀ ခန့်ပါပြီး PDF များကယနေ့(နိုဝင်ဘာ ၁၀ ) နံနက် ၅ နာရီမှ ၁၀ ရီအထိ ကြားဖြတ်တိုက်ခိုက်ရာ ၁၀၀ ဝန်းကျင်သေဆုံးပြီးလက်နက်အများအပြားရရှိခဲ့ကြောင်းဖော်ပြသည်။

စစ်ကောင်စီတပ် သေဆုံးမှု အရအတွက်ကို People’s Spring ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ထိုစစ်ကြောင်းသည် နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

Public Service Announcement
“သေတဲ့ကောင်တွေအများကြီးပဲ။ပြေးမိပြေးရာ ထွက်ပြေးသွားတဲ့ကောင်တွေလဲ အများကြီး။လက်နက်တွေလဲ အများကြီးပဲရတယ်။အားရစရာကြီးအကိုရေ။ ” ဟု တိုက်ပွဲအခြေအနေကို ရှေ့တန်းမှ သတင်းရင်းမြစ်တစ်ဦးက ပြောကြောင်း Infinity Group ကဖော်ပြသည်။

Infinity Group က PDF တစ်ဦးကပေးပို့သော သတင်းဓါတ်ပုံကို ဖော်ပြရာတွင် စစ်ကောင်စီတပ်ထံမှ စက်လက်များအပါအဝင် လက်နက်မျိုးစုံအလက် ၄၀ ဝန်းကျင် ရရှိသည်ကို ပုံတွင်တွေ့ရသည်။
ကန့်ဘလူ မြို့နယ်တွင် နာမည်ကြီး ပျူခေါင်ဆောင်သဃာန်းဝတ် ဦးဝါသဝ နယ်ဖြစ်ပြီး ယနေ့တိုက်ပွဲဖြစ်ပြီး သေဆုံးထွက်ပြေးသောပျူများတွင် ဦးဝါသဝ မွေးထားသောပျူများပါဝင်ကြောင်းPDF အချို့ကပြောသည်။
