Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်​​တိုက်ပွဲ စစ်​ကောင်စီတပ်အများအပြား​သေဆုံးဒဏ်ရာ၊ PDF များလက်နက်မျိုးစုံ ၄၀ ဝန်းကျင်ရရှိ

Infinity Group က PDF တစ်ဦးက​ပေးပို့​သော သတင်းဓါတ်ပုံကို ​ဖော်ပြရာတွင် စစ်​ကောင်စီတပ်ထံမှ စက်လက်များအပါအဝင် လက်နက်မျိုးစုံအလက် ၄၀ ဝန်းကျင် ရရှိသည်ကို ပုံတွင်​တွေ့ရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)

ကန့်ဘလူမြို့နယ်​မြောက်ခြမ်းသို့စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ် နှင့် ပျူ စစ်​ကြောင်းကို ယ​နေ့နံနက်တွင် ​ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ​သေဆုံးသူ ၊ထွက်​ပြေးသူများပြားပြီး လက်နက်အများအပြားရလိုက်​ကြောင်း PDF အချို့ နှင့် ​ဒေသတွင်းသတင်းရင်းမြစ်များက ​ပြောသည်။

“လမ်းခုလတ်ကဖြတ်တိုက်တာ ​​ေး ​အ​ကောင် ၃၀​ကျော်​အ​သေ ၊ထွက်​ပြေးစာရင်းမသိရ​သေးဘူး ။လက်နက်အများအပြားရလိုက်တယ်”ဟုကန့်ဘလူမြို့နယ်မှ PDF တစ်ဦးက​ပြောသည်။

​ဒေသတွင်း​တော်လှန်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော Infinity Group ကလည်း ထိုစစ်​ကြောင်းမှာ စစ်​ကောင်စီတပ်သားနှင့် ပျူ စုစု​ပေါင်း ၃၀၀ ခန့်ပါပြီး PDF များကယ​နေ့(နိုဝင်ဘာ ၁၀ ) နံနက် ၅ နာရီမှ ၁၀ ရီအထိ ကြားဖြတ်တိုက်ခိုက်ရာ ၁၀၀ ဝန်းကျင်သေဆုံးပြီးလက်နက်အများအပြားရရှိခဲ့​ကြောင်း​ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)

စစ်​ကောင်စီတပ် ​သေဆုံးမှု အရအတွက်ကို People’s Spring ကဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

ထိုစစ်​ကြောင်းသည် နိုဝင်ဘာလ ၇ ရက်​နေ့မှစ၍ချပ်သင်းတိုက်နယ်မှ ကိုး​တောင်ဘို့တိုက်နယ်ဘက်သို့ စစ်​ကြောင်းထိုးလာခြင်းဖြစ်​ကြောင်း သိရသည်။

“သေတဲ့​ကောင်​တွေအများကြီးပဲ။​ပြေးမိ​ပြေးရာ ထွက်​ပြေးသွားတဲ့​ကောင်​တွေလဲ အများကြီး။လက်နက်​တွေလဲ အများကြီးပဲရတယ်။အားရစရာကြီးအကို​ရေ။ ” ဟု တိုက်ပွဲအ​ခြေအ​နေကို ​ရှေ့တန်းမှ သတင်းရင်းမြစ်တစ်ဦးက ​ပြော​ကြောင်း Infinity Group က​ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းများ ။ဓါတ်ပုံ-Infinity Group)

Infinity Group က PDF တစ်ဦးက​ပေးပို့​သော သတင်းဓါတ်ပုံကို ​ဖော်ပြရာတွင် စစ်​ကောင်စီတပ်ထံမှ စက်လက်များအပါအဝင် လက်နက်မျိုးစုံအလက် ၄၀ ဝန်းကျင် ရရှိသည်ကို ပုံတွင်​တွေ့ရသည်။

ကန့်ဘလူ မြို့နယ်တွင် နာမည်ကြီး ပျူ​ခေါင်​ဆောင်သဃာန်းဝတ် ဦးဝါသဝ နယ်ဖြစ်ပြီး ယ​နေ့တိုက်ပွဲဖြစ်ပြီး ​သေဆုံးထွက်​ပြေး​သောပျူများတွင် ဦးဝါသဝ ​မွေးထား​သောပျူများပါဝင်​ကြောင်းPDF အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook