Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့နယ် မှ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို KIA၊KPDF ထပ်မံသိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပေ။

(KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-KIA)
(KIA တပ်ဖွဲ့ဝင်များကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်/ပုံ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-KIA)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှ စစ်ကောင်စီ၏ခလရ (၂၅၀)ရှေ့တန်းစခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်KPDF က ယနေ့(ဖေ‌ဖော်ဝါရီ ၂ရက်) နံနက်၌ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များကပြောသည်။

“ဒီနေ့ဆို သုံးရက်မြောက်ပြီ တိုက်နေတာ။ ဒီစခန်းက ကိုက်ထိပ်စခန်းလိုပဲ အရေးပါတယ်။ ဒီမနက် သိမ်းလိုက်တာမှန်ပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားကြောင်း ကနဦးသတင်းရရှိ​သော်လည်း အ​သေးစိပ်မသိရ​သေး​ပေ။စခန်းအား နံနက် ၇နာရီခန့်တွင် သိမ်းယူနိုင်ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှ လာရောက်တိုက်ခိုက်နေကြောင်း ဒေသခံများထံက​ပြောသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပေ။

Public Service Announcement

Public Service Announcement

KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့သည် မံစီမြို့နယ်ရှိခမရ(၄၂၄) စခန်းနှင့် ရဲစခန်းကို လည်း ဇန်နဝါရီလ ၂၀ရက်ဝန်းကျင်၌ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များပြားသည် ရွှေလီမြစ်ကိုကူး၍ တရုတ်နိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ကြသည်။

ထို့အပြင် မန်စီမြို့နယ်တွင် စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ပြီး ဗန်းမော်နှင့် နမ့်ခမ်းကြား စစ်ရေးဗျူဟာအရအ​ရေးပါသည့် ကိုက်ထိပ်စစ်တပ်စခန်းကိုလည်း KIA နှင့် KPDF ပူးပေါင်းတပ်က ဇန်နဝါရီ ၂၉ ရက်တွင်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Trending

Facebook