Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်များရှိ စကခ(၉) လက်အောက်ခံ တပ်ရင်းအားလုံးကို AA သိမ်းယူ

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အဆိပ်ငွေ့ဖြင့် တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကို ဇန်နဝါရီလ (၂၇) ရက်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့တွင်လည်း ထိုသို့ အဆိပ်ငွေ့ဖြင့် ဗုံးကြဲခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)
(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)

▪︎မြို့သုံးမြုံလုံးကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီးမြောက်ဦး ရဲတပ်ရင်း (၃၁) သာ ကျန်ဟု အသိပေး

▪︎ရက္ခိုင်ဒေသ ​ဖေ​ဖော်ဝါရီ ၇ တိုက်ပွဲ စစ်ကောင်စီရေတပ် အထိနာဟု ညီနောင် ၃ဖွဲ့ ထုတ်ပြန်

ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးနီးပါး ရက္ခိုင့်တပ်တော်(AA)က သိမ်းယူပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ညတွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ မြို့သုံးမြို့ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးသိမ်းနိုင်ရေး AAက တစ်လကျော်သာ တိုက်ခိုက်ခဲ့ရပြီး ဖေဖော်ဝါရီ ၇ရက်တွင် မင်းပြား၊ ကျောက်တော်မှ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းနိုင်ပြီဖြစ်ကာ မြောက်ဦးတွင်လည်း မြောက်ဦးမှရဲတပ်ရင်း (၃၁) သာ ကျန်တော့ကာ ကျန်တပ်ရင်းဌာနချုပ်များကို သိမ်းယူပြီးဖြစ်ကြောင်း အသိပေးသည်။

ထိုသုံးမြို့တွင် စစ်ကောင်စီ၏ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၉) တပ်ရင်း၁၀ ရင်း အခြေစိုက်ထားခြင်းဖြစ်ပြီး AAက တပ်ရင်း(၁၀)ရင်းလုံးကို သိမ်းယူမည်ဟု အသိပေးကာ အချိန်တိုအတွင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၆ရက်က မင်းပြားရှိ ခမရ(၃၇၉)၊ ခမရ(၅၄၁) တပ်ရင်းများကိုလည်း​ကောင်း၊ ဇန်နဝါရီ ၂၈ရက်တွင် ခမရ(၃၈၀) တပ်ရင်းကိုလည်း​ကောင်း သိမ်းပိုက်နိုင်ခဲ့သည်။ မြောက်ဦး ရှိ စစ်ကောင်စီတပ်ရင်းများအနက် ဖေဖော်ဝါရီ ၇ရက်တွင် ခမရ(၃၇၇)တပ်ရင်း၊ ဖေဖော်ဝါရီ ၅ရက်တွင် ခမရ(၃၇၈)တပ်ရင်း၊ ဇန်နဝါရီ ၃၀တွင် ခမရ(၅၄၀)တပ်ရင်း တို့ကိုလည်း သိမ်းယူနိုင်ခဲ့သည်။

အလားတူ ကျောက်တော်ရှိ ခမရ(၃၇၄) ၊ ခမရ(၃၇၅) နှင့် ခမရ(၃၇၆) တပ်ရင်းများကိုလည်း AAက သိမ်းယူထားပြီးဖြစ်သည်။ ကျောက်တော် ခမရ(၅၃၉)တပ်မှာ ဇန်နဝါရီ လလယ်ကတည်းက တပ်ရင်း တစ်ရင်းလုံး အလံဖြူထောင် လက်နက်ချခဲ့၍ AAကပထမဆုံး သိမ်းယူနိုင်ခဲ့သည့် တပ်ရင်းဖြစ်သည်။

(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)
(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)

အဆိုပါ တပ်ရင်းများကို သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း AAကတပ်ရင်းအချို့မှ ရရှိသည့် ခဲယမ်း၊လက်နက်များကို ထုတ်ဖော်ပြသခဲ့သည်။

AAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်က ရှမ်းမြောက်၌ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့်အပြင် နိုဝင်ဘာ ၁၃ရက်တွင် ရက္ခိုင်နှင့် ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်ထိုးစစ်ဆင်ကာ အချိန်တိုအတွင်း စစ်ကောင်စီတပ်စခန်း ရာချီသိမ်းပိုက်နိုင်ခဲ့ကာ လက်ရှိတွင် ပလက်၀၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး မြို့ ၅မြို့ကို စိုးမိုးထိန်းချုပ်နိုင်သည်အထိ တိုက်ပွဲများ၌ အနိုင်ရခဲ့သည်။

စစ်ကောင်စီအနေဖြင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူများ သုံးခုခံခဲ့သော်လည်း တပ်ရင်း နှင့် တပ်စခန်းများ တစ်ခုပြီး တစ်ခုစွန့်လွှတ်ခဲ့ရသည်။

ထို့ပြင် မောင်တောရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း AAက ယခု ဖေဖော်ဝါရီလဆန်းတွင် ထိုးစစ်ဆင်ခဲ့ရာ တောင်ပြို(လက်ယာ)စခန်းကို ဖေဖော်ဝါရီ ၄ရက်၊ တောင်ပြို(လက်ဝဲ)စခန်းကို ဖေဖော်ဝါရီ ၆ရက်တွင် သိမ်းပိုက်ထားသည်။

(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)
(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)

AA၊ တအာင်း(TNLA)နှင့် ကိုးကန့်(MNDAA) ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီ တို့သည် ရှမ်းမြောက်ဒေသ တိုက်ပွဲများနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၁ရက်တွင် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည်။ ဟိုင်ဂင်သဘောတူညီမှု ဟုခေါ်ဆိုသည့် အဆိုပါ ပစ်ရပ်စဲရေးနောက်ပိုင်းတွင် ရက္ခိုင်ဒေသတစ်ခုလုံးနှင့် ရှမ်းမြောက်မဟုတ်သောနေရာဒေသများ၌ စစ်ဆင်ရေးသည် ပုံစံတစ်မျိုးမျိုးဖြင့် ဆက်လက်ရွေ့လျားလည်ပတ်လျက်ရှိခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ယမန်နေ့တွင် အသိပေးသည်။

ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်းမှစ၍ ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင်ဒေသစစ်ဆင်ရေးဟု ဆိုရလောက်သည်အထိဖြစ်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအရွေ့နှင့် စစ်ဆင်ရေးဗဟိုသည် ရက္ခိုင်ဒေသ၌ ကြီးမား၍ ထင်ရှားသည့် အပြောင်းအလဲအဖြစ်ရှိခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင်သို့ နေရာရွေ့သွားခဲ့ပြီး ရက္ခိုင်ဒေသမှတစ်ဆင့် အခြားနေရာများသို့ စစ်ဆင်ရေးအဟုန်မှာ ဆက်လက်ပျံ့နှံ့လျက်ရှိသည်ဟု ဖော်ပြသည်။

ယမန်နေ့တွင် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ထိုးစစ်/ ခံစစ်အပြင်းထန်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် ရေကြောင်းတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ရေတပ် အထိနာခဲ့သောနေ့တစ်နေ့ဖြစ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

စစ်ကော်စီရေတပ် မည်သို့ အထိနာသည်ကို ဖော်ပြမထားပေ။ရက္ခိုင်အခြေစိုက် သတင်းဌာန BNA ၏ ဖော်ပြချက်တွင် ကျောက်တော် တိုက်ပွဲ၌ စစ်ကောင်စီ ရေယာဉ် ၂စီး AA၏ လက်ချက်ကြောင့် နစ်မြုပ်ခဲ့ဟု ဖော်ပြသည်။ စစ်ကောင်စီသည် ရေယာဉ် သုံးစီးဖြင့် ကုလားတန်မြစ်ကြောင်းအတိုင်း ဆုတ်ခွာထွက်ပြေးရာ AA၏ တိုက်ခိုက်မှုကြောင့် နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)
(AA သိမ်းပိုက်ထား​သော မြို့များပြ ​​မြေပုံနှင့် ရခိုင်ပြည်နယ်ရှိ စစ်​ကောင်စီတပ်စခန်းများသိမ်းဆည်းရရှိ​သော လက်နက် ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)

စစ်ကောင်စီသည် ယမန်နေ့တွင် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေတပ်မှလည်းလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ဟု ညီနောင်သုံးဖွဲ့က အသိပေးထုတ်ပြန်သည်။ထို့ပြင် ရမ်း‌ဗြဲ၊ သိမ်တောင်ကုန်းဘုရားထက်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆိုသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အဆိပ်ငွေ့ဖြင့် တမင်တကာ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကို ဇန်နဝါရီလ (၂၇) ရက်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့တွင်လည်း ထိုသို့ အဆိပ်ငွေ့ဖြင့် ဗုံးကြဲခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ စွန်ပန်းချိုင် သဲတန်းကျေးရွာမှ အသက် (၄၀) အရွယ်ဒေသခံအမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း၊ စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူလူထုတို့အား ဖမ်းဆီးခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် ဖမ်းဆီးခံရသူ ဦးရေ မြင့်တက်လျက်ရှိဟု အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။