Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ တိုက်ခိုက်ရေးစစ်သင်္ဘော ၃ စင်းကို AA တိုက်ခိုက် နစ်မြုပ်

​ကျောက်​တော်မြို့ရှိစစ်​ကောင်စီတပ်၏ တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်စဥ် ​ထွက်​ပြေး​သော စစ်​ကောင်စီတပ်စစ်သင်္ဘောအချို့ကို ကုလာတန်မြစ်အတွင်း AA က တိုက်ခိုက်နစ်မြှပ်နိုင်ခဲ့​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ကုလာတန်မြစ်အတွင်းသွားလာ​နေ​သော စစ်သင်္ဘောတစ်စီး
ကုလာတန်မြစ်အတွင်းသွားလာ​နေ​သော စစ်သင်္ဘောတစ်စီး

▪︎မြောက်ဦး၌ ကျန်နေသည့် ရဲတပ်ရင်းကို အပြီးသတ် တိုက်ခိုက်နိုင်ဟု အသိပေး၊ ရသေ့တောင်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်နေဟု အသိ​ပေး

▪︎စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို​ရေချမရ​အောင်လုပ်ထားပြီး ၃ စီးကိုနစ်မြှပ်နိုင်ခဲ့ကာ ​​ဖေ​ဖော်ဝါရီ ၈ ရက်သည်ပင်လယ်ပြင်ထက်တွင် အောင်ပွဲရေးထိုးခဲ့ဟုဆို

ရက္ခိုင်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေးစစ်သင်္ဘော ၃စီးကို နစ်မြုပ်အောင် ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်နိုင်ခဲ့ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ဖေဖော်ဝါရီ ၈ရက် တိုက်ပွဲသတင်းများ ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

AA ၏ ထိုးစစ်ကြောင့် ရက္ခိုင်ဒေသ၌ တိုက်ပွဲများ ဆက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ချေမှုန်းနိုင်ခဲ့ဟု ဖော်ပြသည်။

ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ ရက်များတွင် စစ်ကောင်စီ၏ ရေတပ်ကို AAက တန်ပြန် တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော (၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အလားတူပင် အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်သင်္ဘောများ နစ်မြုပ်အောင် တိုက်ခိုက်ခဲ့သည့် နေရာနှင့် တိုက်ပွဲ အသေးစိတ် အခြေအနေများကို ယခုထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

AAတပ်ဖွဲ့ဝင်များ
AAတပ်ဖွဲ့ဝင်များ

​ကျောက်​တော်မြို့ရှိစစ်​ကောင်စီတပ်၏ တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်စဥ် ​ထွက်​ပြေး​သော စစ်​ကောင်စီတပ်စစ်သင်္ဘောအချို့ကို ကုလာတန်မြစ်အတွင်း AA က တိုက်ခိုက်နစ်မြှပ်နိုင်ခဲ့​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

မှတ်တမ်းများအရ ၂၀၂၄ ခုနှစ်အတွင်းတွင် စစ်ကောင်စီ၏စစ်သင်္ဘော (၇) စီးခန့်ကို သွားလာ၍မရနိုင်အောင်နှင့် မြစ်အတွင်းရေချ၍မရနိုင်အောင် ပြုလုပ်နိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။

ယခုတစ်ကြိမ်တွင် စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် Navy စုစုပေါင်း (၃) စီးတို့ကို အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ဟု ဖော်ပြသည်။

“လက်နက်ချအညံ့ခံရန် ပြောထားသော်လည်း နားထောင်ခြင်းမရှိသည့် စစ်သင်္ဘောများပေါ်မှ ထွက်ပြေးနေသော ရန်သူများကိုလည်း မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်” ဟု ဆိုသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့သည် AA၏ သမိုင်းတွင် ရန်သူအား ပင်လယ်ပြင်ထက်တွင် အောင်ပွဲရေးထိုးနိုင်ခဲ့သည့် နေ့ဖြစ်ပြီး စစ်ကောင်စီ ရေတပ်မှ စစ်သင်္ဘောများကို နစ်မြုပ်အောင် လုပ်ဆောင်နိုင်ခဲ့သည့် နေ့ဖြစ်သည်ဟု ဖော်ပြကာ ပင်လယ်ပြင်တိုက်ပွဲအတွင်း ပေးအပ်လာသောတာဝန်ကို ကျေပွန်စွာနှင့် တိကျစွာထမ်းရွက်ပေးခဲ့သည့် အာရက္ခစစ်သည်တော်များကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြောက်ဦး၌ တစ်ခုတည်းကျန်နေသည့် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၁)အား AAက အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။ထို​ကြောင့် ​မြောက်ဦးမြို့တွင် စစ်​ကောင်စီတပ်မကျန်​တော့​ပေ။

အဆိုပါ ရဲတပ်ရင်းသည် ပြည်သူလူထုနှင့် ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်များအား နှစ်ရှည်လများ ဒုက္ခပေးလာခဲ့သည့် တပ်ရင်းဖြစ်သည်ဟုအသိ​ပေးထား သည်။

AAသိမ်းပိုက်ထား​သော စစ်တပ်စခန်းတစ်ခု
AAသိမ်းပိုက်ထား​သော စစ်တပ်စခန်းတစ်ခု

AA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း မြောက်ဦး၊ မင်းပြား၊ကျောက်တော်မြို့နယ်များရှိ စစ်ကောင်စီတပ်ရင်းများကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ရာ လက်ရှိတွင် အဆိုပါ မြို့နယ် ၃ ခုလုံးကို AAက စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်သည်။ ယခင်ကလည်း ပေါက်တောနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်များ ၊​တောင်ပြို (လက်ဝဲ၊လက်ယာ) ဗျူဟာတို့ကိုလည်း AA က သိမ်းပိုက်ထားပြီးဖြစ်သည်။

ရမ်းဗြဲတွင်လည်း တိုက်ခိုက်မှုများ နေ့တိုင်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့တွင် စစ်ကောင်စီရေတပ်က ရမ်းဗြဲမြို့ကို ၂၅ကြိမ်တိုင် ပစ်ခတ်ခဲ့ကြောင်း၊ သိမ်တောင်ကုန်းဘုရားပေါ်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ကြိမ်ဖန်များစွာ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ ထို့အပြင် ညအချိန်တွင် တိုက်လေယာဉ်ဖြင့် ရမ်းဗြဲမြို့ ပတ်ဝန်းကျင်အား လေကြောင်း တိုက်ခိုက်လာကြောင်း အသိပေးသည်။

ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” အား AAက ယမန်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါစခန်းသည် ရက္ခိုင်ဒေသတွင်း AA စစ်ရေးစတင်ဖော်ဆောင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာဒုတိယပတ်ကစစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဒုံးပိုက်နှင့် ချိန်ခါလိန် နယ်ခြားစောင့်စခန်းအနီးရှိ စခန်းဖြစ်ကြောင်း ၊ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီ၏ ရသေ့တောင်အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့်လည်းကောင်း၊ လေကြောင်းပစ်ကူများဖြင့်လည်းကောင်း ပစ်ကူပေးခုခံကာကွယ်ခဲ့ကြောင်း ဖော်ပြသည်။

တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျွန်းအနီးရှိ လေးတောင်ဗွေကျွန်းအား ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ဟု အသိပေးသည်။

ထို့ပြင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်၊ စေပုတ်ကေကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ကာ သက်ကြီးပိုင်းဒေသခံအမျိုးသားနှစ်ဦးအပါအဝင် ဒေသခံ (၄) ဦးတို့အား ဖမ်းဆီးသွားကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်တွေ၊ ပါဒလိတ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၄၄) တပ်ရင်း” မှ ဖေဖော်ဝါရီ ၇ရက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကွမ်းတောင်ကျေးရွာ၏ လမ်းမထက်သို့ ကျရောက်ပေါက်ကွဲကာ သုံးဘီးမောင်းနေသည့် အပြစ်မဲ့ဒေသခံအမျိုးသား (၁) ဦး၏ ဘယ်ဘက်မျက်စိအား ကျည်စထိမှန်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ နွားရုံတန်း (အိုင်ဒင်) ကျေးရွာသို့လည်း လက်နက်ကြီးများဖြင့် (၄) ကြိမ်ထက်မက ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူလူထု များအား ဦးတည်ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအနှံ့ရှိ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသည့် နေရာအများအပြားတွင် အဖြစ်များလာကြောင်း၊ ထိုသို့ စစ်ကောင်စီ၏ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သား ပြည်သူလူထုအား တမင်တကာရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်သတ်ဖြတ်နေမှုများသည် ဂျနီဗာကွန်ဗင်းရှင်းကို ပြောင်ပြောင်တင်း

တင်းချိုးဖောက်နေခြင်းဖြစ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ်မှု ဗြောင်ကျကျကျူးလွန်နေခြင်းဖြစ်ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။