Connect with us

Hi, what are you looking for?

သတင်း

အင်းတိုင်ဆက်သွယ်ရေးတပ်လိုင်းခန်းများတွင် အသုဘ တန်းစီပြုလုပ်နေရဟုဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ တိုက်ပွဲတွင် တပ်မ ၁၁ လက်အောက်ခံ အင်းတိုင်ဆက်သွယ်ရေးတပ်မှ အရာရှိ အပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

(မြောက်ဦးမြို့အဝင်မုဒ်ဦးတွင် ရက္ခိုင့်တပ်တော်(AA)အလံ လွှင့်ထူထားပြီး တိုက်ပွဲဝင် AA ရဲဘော်များကို မုဒ်ဦးရှေ့၌ ဇန်နဝါရီလဆန်းက တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk)
(မြောက်ဦးမြို့အဝင်မုဒ်ဦးတွင် ရက္ခိုင့်တပ်တော်(AA)အလံ လွှင့်ထူထားပြီး တိုက်ပွဲဝင် AA ရဲဘော်များကို မုဒ်ဦးရှေ့၌ ဇန်နဝါရီလဆန်းက တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk)

▪︎မြောက်ဦးတိုက်ပွဲတွင် အင်းတိုင်ဆက်သွယ်ရေးတပ်မှ အရာရှိအပါအဝင် ၄၀ ကျော် သေဆုံး

ရန်ကုန်မြို့၊ အင်းတိုင်ဆက်သွယ်ရေးတပ်လိုင်းခန်းများတွင် အသုဘ တန်းစီပြုလုပ်နေရကြောင်း အဆိုပါတပ်နှင့်နီးစပ်သူက လူထုနွေဦးသို့ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ တိုက်ပွဲတွင် တပ်မ ၁၁ လက်အောက်ခံ အင်းတိုင်ဆက်သွယ်ရေးတပ်မှ အရာရှိ အပါအဝင် ၄၀ ထက်မနည်း သေဆုံးခဲ့ရခြင်းဟု ဆိုသည်။

“လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်းတိုင်ဆက်သွယ်ရေးတပ်ရဲ့ အင်အား တစ်ဝက်ကို ရခိုင်ကိုပို့ထားရတာ။အခု တိုက်ပွဲမှာ တစ်ယောက်မှ အ ဆက်အသွယ်မရတော့ဘူး။ အကုန်သေပြီလို့သိရတယ်။ အဲဒါကြောင့် ဒီနေ့ အင်းတိုင်တပ်ထဲက လိုင်းခန်းတွေရှေ့မှာ မဏ္ဍပ်တွေချည်း ထိုးထားတယ်”ဟု အထက်ပါ သတင်းရင်မြစ်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တပ်မ – ၁၁ တပ်မမှူး ဗိုလ်မှူးချုပ်မင်းမင်းထွန်းကိုလည်း ရခိုင့်တပ်တော်-AA က ယခုလ ၈ ရက်နေ့က အသေဖမ်းမိခဲ့ကြောင်းလည်း သတင်းထွက်ပေါ်လျှက်ရှိသည်။ သို့သော် အဆိုပါသေဆုံးမှုကိုမူ လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုး ပမ်းနေဆဲ ဖြစ်သည်။

လက်ရှိအချိန်တွင် ရက္ခိုင့်တပ်တော် (AA) က မြောက်ဦးမြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြောက်ဦးမြို့နယ်အတွင်းရှိ ခမရ ၅၄၀၊ ခမရ ၃၇၈၊ ခမရ ၃၇၇ တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၇ ရက်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

AA အနေဖြင့် ရက္ခိုင်ဒေသ ထိုးစစ်အတွင်း စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာအမြောက်နှင့် စက်သေနတ်ကြီးများအပါအဝင် လက်နက်ကြီးငယ်မျိုးစုံ ထောင်ချီသိမ်းပိုက်ရရှိထားပြီး စစ်ရဟတ်ယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့သည်။

ထို့ပြင် စစ်သင်္ဘော ​လေးစီးကို ရေပြင်တွင် နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့မှု အပါအဝင် စစ်ကောင်စီ၏ စစ်သုံးရေယာဉ် ၇စီးထက်မနည်းကို ထိခိုက်ပျက်စီးအောင် တိုက်ခိုက်ထားသည်။

စစ်ဆင်ရေးသုံးလအတွင်း ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောမြို့များကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး အခြားမြို့များရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမြို့နယ်အများအပြားကို ဖုန်း၊ အင်တာနက်စတဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်နေတာဟာ ပြည်တွင်း သတင်းစီးဆင်းမှုကို ရပ်တန့်စေပြီး စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖုံးကွယ်နိုင်ဖို့အတွက် အပါအဝင် အဓိကရည်ရွယ်ချက် သုံးရပ်အတွက်လုပ်ဆောင်နေတာလို့ အသံအဖွဲ့က ပြောပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ပြီး နှစ်ရက်ကြာသည်အထိ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်။

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

UNOCHA က မြေပြင် အဖွဲ့တွေနဲ့ ဆက်သွယ်ရေးဟာ အကန့်အသတ်ရှိနေပေမယ့် ကနဦးအစီရင်ခံစာတွေအရ မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုဟာ ကြီးမားတယ်လို့ ဆိုထားပါတယ်။