Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်သစ်ပါတီခေါင်းဆောင်ပိုင်းအချို့ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်မယ်

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်ဖို့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ လည်း ကြေညာချက်မှာဖော်ပြတယ်။

မွန်ပြည်သစ်ပါတီခေါင်းဆောင်ပိုင်းအချို့ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်မယ်
မွန်ပြည်သစ်ပါတီခေါင်းဆောင်ပိုင်းအချို့ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်မယ်

စစ်ကောင်စီနဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မယ်လို့ ဒီနေ့မနက်မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်တူညီတူတွေဟာ စစ်ကောင်စီကို တော်လှန်မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်တာပါ။

ဒီလို တော်လှန်ရာမှာလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်လို့ ကြေညာချက်မှာထည့်သွင်းအသိပေးထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ် စစ်အစိုးရ လက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပစ်ရပ်ခဲ့ပြီး NLD အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးခဲ့တာပါ။

Public Service Announcement

Public Service Announcement

NCA စာချုပ် အရ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီနဲ့ ၃ကြိမ် တွေ့ဆုံပြီး လိုလားတဲ့ ဖက်ဒရယ် အခြေခံမှုတွေ ဆွေးနွေးခဲ့ပေမယ့် လုံးဝမရခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ဆိုပါတယ်။

ကျိုက်ထို ၊ သထုံ ၊ဘီးလင်း ၊ ကျိုက်မရော ၊ သံဖြူဇရပ် နဲ့ ရေးမြို့နယ်တွေထဲမှာ လူထုကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီး ပစ်ခတ်တာ ၊ လေကြောင်းတိုက်ခိုက်တာ ၊ နေအိမ်မီးရှို့မှုတွေ ပိုပြီးပြုလုပ်နေတဲ့စစ်ကောင်စီတပ်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်ဖို့ အတွက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာ ယုံကြည်တယ်လို့ လည်း ကြေညာချက်မှာဖော်ပြတယ်။

အဲဒီယုံကြည်ချက်ကို ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ ဆွေးနွေးခဲ့ပေမယ့် အပစ်ရပ်စာချုပ်အတိုင်းရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံသွားဖို့ ချမှတ်ဲ့ ဆုံးဖြတ်ချက်ကို လုံးဝလက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့က ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်း ပြီး တိုက်ပွဲဝင်တော့မယ်လို့ အသိပေးထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။