Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်​ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကိုတားဆီးရန်စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်​နေ

ဖေဖော်ဝါရီလ (၁၆) ရက်ညတွင်မအီမြို့အနီးရှိ မအီတံတား ၊ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးရှိ ကျောက်ကြီးပေါက်တံတား အား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။

(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎ရသေ့တောင်၌ တိုက်ပွဲဆက်ဖြစ်၊ ရမ်းဗြဲကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ မြို့ကို ဆက်တိုက်ဖျက်ဆီးနေဟု AA ထုတ်ပြန်

ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်သည် AA တပ်များကုန်လမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ဟုဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလ (၁၆) ရက်ညတွင်မအီမြို့အနီးရှိ မအီတံတား ၊ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးရှိ ကျောက်ကြီးပေါက်တံတား အား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။

“မအီတံတား”အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက် တန်းကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ဟုသိရသည်။

Public Service Announcement

Public Service Announcement

“AAက စစ်တပ်ကားကို ကြားဖြတ်တိုက်သေးတယ်။ စစ်သားနဲ့ ရဲ‌တချို့ မအီကနေ ဆုတ်သွားပြီး ချိုးသွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

တစ်ပြိုင်နက်တည်းတွင် ခုခံစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်အား ကုန်းလမ်းများမှနေ၍ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအား ဖောက်ခွဲဖျက်ဆီးသည့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိဟု AAက ထုတ်ပြန်သည်။

” ဇီးဇံတောင်ဗျူဟာမှာ စစ်ကောင်စီဟာ ခံစစ်အခိုင်အမာပြင်ဆင်နေပုံရတယ်။ တဖက်ကလည်း AA ဟာ ဇီးဇံတောင်ဗျူဟာကို မဖြစ်မနေသိမ်းမယ့်အခြေအနေမှာရှိတယ်။ ဇီးဇံတောင်ဗျူဟာကို သိမ်းရင် စစ်တပ်က ကလိန်တောင်မြစ်နဲ့ သံဇစ်မြစ်ထဲက နေဗီတွေနဲ့ ပစ်ပါလိမ့်မယ်။ ဇီးဇံတောင်အောက်ခြေက မြို့ဟာလည်း လက်နက်ကြီး ပစ်ကွင်းထဲမှာ ရှိနေတာပါ။ ဒါကြောင့် မအီမြို့ဟာ လက် ရှိ အ​ခြေအနေမှာ လုံးဝနေလို့မရနိုင်တဲ့အနေအထားပါ”ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

ထိုသို့လုပ်ဆောင်မှုများကို ရက္ခိုင်ပြည်နယ်၌ သာမက ရှမ်းမြောက်ဒေသနှင့် အခြားသောနေရာများ၌ပါ ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့ဟု ဖော်ပြသည်။စစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်းတို့နှင့် ဖြစ်ပွားလျက်ရှိသောစစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်ဟု AAက ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းတံတားများ မှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးအားထားသွားလာနေရသည့် တံတား များ ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ကချင်၊ကရင်၊ ပအိုဝ်း ဒေသများ၌လည်း ထိုသို့ လမ်းတံတားများဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသားတပ်များက အသိပေးထားသည်။

AA အနေဖြင့် ကချင်ပြည်နယ် မံစီမြို့နယ်တိုက်ပွဲအခြေအနေ အကျဉ်းကိုလည်း ထုတ်ပြန်အသိပေးသည်။

မံစီ မြို့နယ်၌ မဟာမိတ် KIA နှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ “စီခမ်းကြီးစခန်း”အား ဖေဖော်ဝါရီလ (၁၇) ရက် မနက်မှစတင် ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်းအပြင်အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ စီခမ်းကြီးရွာမှ ပြည်သူ ၅ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် AAတို့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲ အသေးစိတ် အခြေအနေများ မသိရသေးဟု ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ထို့ပြင် ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းက ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရမ်းဗြဲမြို့အား ယမန်နေ့တွင် Mi-35 စစ်ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် လာရောက် တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။ ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ ရန်သူ့နေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု ဆိုသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ကတိုက်ပွဲ သတင်းဖော်ပြရာရှမ်းမြောက်ဒေသ၌ လတ်တလောအခြေအနေအရ တိုက်ပွဲများ ငြိမ်သက်နေခဲ့သော်လည်း ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်‌တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ပြည်နယ် မြို့နယ်အချို့နှင့် နေရာသစ်တချို့တွင်ပါ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။