Connect with us

Hi, what are you looking for?

သတင်း

မင်းပြား တိုင်းဗဟို(၉) လေ့ကျင့်ရေးကျောင်း၏ အစိတ်အပိုင်းများ AAသိမ်းထားပြီး အပြီးသတ် သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေ

ရမ်းဗြဲတိုက်ပွဲအခြေအနေကို အသိပေးရာ ဖေဖော်ဝါရီ ၂၄ရက်တွင် ရဟတ်ယာဉ် လေးစီးဖြင့် စစ်ကူအဖြစ်ပေးပို့ခဲ့သော စစ်ကောင်စီ၏ စစ်ကြောင်းကို AA က ဆက်လက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။

(ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲအတွင်း ရမ်းဗြဲမြို့သို့ စစ်ကူသွား​သော စစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓာတ်ပုံ-AA Info Desk)
(ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲအတွင်း ရမ်းဗြဲမြို့သို့ စစ်ကူသွား​သော စစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓာတ်ပုံ-AA Info Desk)

▪️ရန်းဗြဲသို့ ရဟတ်ယာဉ်ဖြင့်လာသည့် စစ်ကောင်စီတပ်သား ၈၀ကျော်ကို သုံးရက်အတွင်း ချေမှုန်းနိုင်ဟု အသိပေး၊ လေယာဉ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း AA ရရှိ

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ်၌ တစ်ခုတည်းကျန်နေသည့် စစ်ကောင်စီတပ်စခန်း ဖြစ်သော အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း( တိုင်းဗဟို-၉ သင်တန်းကျောင်း)ကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်လျက်ရှိရာ တစ်ပတ်ကျော်အကြာတွင် စစ်ကောင်စီ၏ သင်တန်းကျောင်း အစိတ်အပိုင်းများစွာကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း AAက အသိပေးသည်။

မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးရှိ အဆိုပါ သင်တောင်းကျောင်းကို ထိုးစစ်ဆင်နေသည်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ရက်)တွင် ထိုးစစ် ၉ရက်မြောက်နေ့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရယူ ထားရှိပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

(ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲအတွင်း ရမ်းဗြဲမြို့သို့ စစ်ကူသွား​သော စစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓာတ်ပုံ-AA Info Desk)
(ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲအတွင်း ရမ်းဗြဲမြို့သို့ စစ်ကူသွား​သော စစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓာတ်ပုံ-AA Info Desk)

စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ကြိမ်ဖန်များစွာ မရပ်မနားခုခံ တိုက်ခိုက်နေသော်လည်း လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AAက ယမန်နေ့ညတွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရမ်းဗြဲတိုက်ပွဲအခြေအနေကို အသိပေးရာ ဖေဖော်ဝါရီ ၂၄ရက်တွင် ရဟတ်ယာဉ် လေးစီးဖြင့် စစ်ကူအဖြစ်ပေးပို့ခဲ့သော စစ်ကောင်စီ၏ စစ်ကြောင်းကို AA က ဆက်လက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟုဆိုသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆)တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ ပူးပေါင်း စစ်ကြောင်းထိုးလာသည့် အင်အား ၁၂၀ခန့်ပါ စစ်ကူတပ်ကို ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တွင် အင်အား ၆၀ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ရက်တွင် အင်အား ၂၀ကျော်ချေမှုန်းနိုင်ခဲ့ကြောင်း၊ သုံးရက်အတွင်း အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

(ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲအတွင်း ရမ်းဗြဲမြို့သို့ စစ်ကူသွား​သော စစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓာတ်ပုံ-AA Info Desk)
(ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲအတွင်း ရမ်းဗြဲမြို့သို့ စစ်ကူသွား​သော စစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓာတ်ပုံ-AA Info Desk)

ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ကြီး လက်နက်ငယ်များ၊ ခဲယမ်းများကိုလည်း ယမန်နေ့တွင် ထုတ်ဖော်ပြသထားသည်။

ကျန်နေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ချေမှုန်းလျက်ရှိကြောင်း AAက အသိပေးသည်။

စစ်ကောင်စီသည်ရမ်းဗြဲသို့ စစ်ကူအင်အားချပေးသည့်အပြင် လေကြောင်း (Y-12)မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ယမန်နေ့ နေ့လည်ပိုင်းတွင် ချပေးခဲ့ကြောင်း၊ အဆိုပါ ပစ္စည်းများကို AAက သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

AAက ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မောင်တောရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်နေမှု အခြေအနေကိုလည်း အသိပေးထားသည်။

လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်၊တပ်မ (၂၂)လက်အောက်ခံ၊ ခမရ (၂၀၁)တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်း၊ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook