Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တွင် ပိတ်မိနေသည့်စစ်ရှောင်၂,၀၀၀ ကျော် ဘေးလွတ်ရာရောက်ရှိ

စစ်ရှောင်များကို ထွက်ခွာခွင့်မပေးမီ မတ်လ ၁၂ရက်တွင် စစ်ကောင်စီက ဝိုင်းမော်မြို့၊ အခြေစိုက် ခမရ (၃၂၁)ရှိ စစ်တပ်မိသားစုဝင်များအား ကားများဖြင့် အရင်ဆုံး ခေါ်ထုတ်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် တိုက်ပွဲအတွင်း ပိတ်မိနေပြီး စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေသည့် ဒေသခံ ၂,၀၀၀ကျော်ကို ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ်တွင် မတ်လ ၈ရက်မှစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး အောင်မြေ (၁) ရပ်ကွက်၊ အောင်မြေ (၂)ရပ်ကွက်၊ ရွှေညောင်ပင်ကျေးရွာများမှ ဒေသခံ ၂,၀၀၀ ကျော် သည် အောင်မြေ (၂) ရပ်ကွက်ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေခြင်းဖြစ်သည်။

(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – CJ)

အဆိုပါ စစ်ဘေးရှောင်များသည် နေရေးထိုင်ရေးနှင့် စားနပ်ရိက္ခာအခက်အခဲရှိနေ၍ ထွက်ခွာခွင့်ပြုရန် မတ်လ ၉ရက်မှစတင်၍ စစ်ကောင်စီထံတောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ဘဲ မတ်လ ၁၃ရက် ညနေမှ ထွက်ခွင့်ပြုခြင်းဖြစ်သည်။

” မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကိုပဲ ခေါ်ထုတ်ခိုင်းတာ။ အကုန်လုံးက စစ်ဘေးရှောင်မို့ ရသလောက် ထုတ်လာတာလို့ ကြားတယ် “ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – CJ)

စစ်ရှောင်များကို ထွက်ခွာခွင့်မပေးမီ မတ်လ ၁၂ရက်တွင် စစ်ကောင်စီက ဝိုင်းမော်မြို့၊ အခြေစိုက် ခမရ (၃၂၁)ရှိ စစ်တပ်မိသားစုဝင်များအား ကားများဖြင့် အရင်ဆုံး ခေါ်ထုတ်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယခုအခါ ထွက်ခွာခွင့်ရသည် စစ်ဘေးရှောင်များကို ဝိုင်းမော်မြို့ရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦနေရာလေးခု၌ ခွဲ၍ ထားရှိသည်။

(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(ဝိုင်းမော်မြို့တွင် ပိတ်မိနေသောစစ်ရှောင်များ ထွက်ခွာရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – CJ)

ဝိုင်းမော်မြို့နယ်တွင် လတ်တလော၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မကြာမီတိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့အနည်းငယ်သာရှိပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပိုမိုများပြားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။