Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချ

ဖမ်းမိထားသူများထဲ၌ ကျိုက်ဒုံဗျူဟာမှူး ပါဝင်သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြီး အရေအတွက်ကို အသေးစိတ် မသိရကြောင်း ပြောသည်။

(ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - KNLA)
(ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - KNLA)

ကရင်အမျိုသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ယမန်နေ့ညနေပိုင်းတွင် သိမ်းပိုက်ခဲ့ရာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ အရှင်ဖမ်းမိခဲ့သည်ဟု ကရင်သတင်းရင်းမြစ်အချို့က ပြောသည်။

ကျိုက်ဒုံဗျူဟာစခန်းမှ စစ်ကောင်စီတပ်သား အများအပြား ဖမ်းမိထားပြီး ၎င်းတို့ ထမင်းစားနေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း လူမှုကွန်ရက်၌ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ဖမ်းမိထားသူများထဲ၌ ကျိုက်ဒုံဗျူဟာမှူး ပါဝင်သည်ဟု KNU သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြီး အရေအတွက်ကို အသေးစိတ် မသိရကြောင်း ပြောသည်။

အဆိုပါတပ်သည် အလွယ်တကူလက်နက်ချခြင်းမျိုးမဟုတ်ဘဲ KNLA ပူးပေါင်းတပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

(ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - KNLA)
(ကျိုက်ဒုံဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ – KNLA)

” သူများ သူ့ကို နှစ်ရက်လောက်တိုက်တာ။ လက်နက်ချခိုင်းတာ အလံဖြူမထောင်ဘူး။ စခန်းတစ်ခု ပြန်ထိုင်ပြီး လူပြန်စုတယ်။ အဲဒီ အပေါက်၀တစ်ခုပဲ ထားတားတယ်။ စက်လက် ၃လက်ထားပြီး ခံပစ်တာ။ ခံပစ်တော့ လက်နက်ကြီး ကုန်းဘာကုန်းက သူများ တက်သိမ်းကုန်ပြီကိုး။ အဲဒီ တစ်ခုပဲ ကျန်တော့ သူတို့ ဂျန်ဘာကလည်း သူများ ဖျက်သိမ်းကုန်ပြီ။ ဂျမ်ဘာလည်းမရှိတဲ့အခါကျတော့ အဲဒီအချိန် ဒရုန်းနဲ့ ဝိုင်းပစ်ချလိုက်တော့ ခံပစ်တဲ့ စက်လက်သုံးလက်ကျသွားတော့ ဝင်တိုးတော့ အားလုံး လက်နက်ချတာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ကျော်ဖမ်းမိထားသည်ဟု သိရပြီး ဖမ်းမိစစ်ကောင်စီတပ်သား ၆၀ဦးခန့်ရှိသည်ဟု အချို့ ပြောဆိုမှုများလည်းရှိကြောင်း ၎င်းက ပြောသည်။

မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ဒေသရှိ စစ်ကောင်စီတပ်များကိုလည်း KNLA ပူးပေါင်းတပ်က ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားမီဒီယာ၏ ကျိုက်ဒုံဗျူဟာကုန်း သိမ်းပိုက်မှု သတင်းဖော်ပြချက်တွင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ် များစွာ သိမ်းဆည်းရရှိခဲ့ပြီး ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ စစ်ဦးစီးဒုတိယတန်းအောင်မင်းထက် အပါအ၀င် စစ်သုံ့ပန်းများစွာကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။