Connect with us

Hi, what are you looking for?

သတင်း

လအိ​ဆေးရုံကို စစ်​ကောင်စီက​တိုက်​လေယာဥ်ဖြင့်ဗုံးကြဲ

လအိပြည်သူ့ဆေးရုံသည်​ရွေး​ကောက်ခံအရပ်သား အစိုးရလက်ထက်က နိုင်ငံတော်အစီမံဖြင့်တည်ဆောက်ခဲ့သောဆေးရုံဖြစ်​ကြောင်းသိရသည်။

(ဗုံးကြဲခံရပြီး​နောက် လအိ​ဆေးရုံအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-1007 MOBYE PDF၊ CJ)
(ဗုံးကြဲခံရပြီး​နောက် လအိ​ဆေးရုံအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-1007 MOBYE PDF၊ CJ)

ကရင်နီပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်မှလအိဆေးရုံကို စစ်​ကောင်စီက ယ​နေ့ (မတ် ၂၂ )နံနက်၁၀ နာရီ ​ကျော်တွင်​တိုက်​လေယာဖြင့် ဗုံး ကြဲချတိုက်ခိုက်၍ ​ဆေးရုံထိခိုက်ပျက်စီးမှုများကြောင်း​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့နှင့် စစ်​ဘေး​ရှောင်အ​ရေးကူညီ​နေသူများက​ပြောသည်။

“လအိဆေးရုံကို လေကြောင်းသတိပေးချက်ရှိနေလို့ လူနာတွေ မထားဘူး။ဆေးရုံစောင့် ထားတာ။ ဆေးရုံစောင့်နှစ်ဦးထိပြီး တစ်ဦးက ပြင်းထန်တယ်” ဟုစစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။

(ဗုံးကြဲခံရပြီး​နောက် လအိ​ဆေးရုံအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-1007 MOBYE PDF၊ CJ)
(ဗုံးကြဲခံရပြီး​နောက် လအိ​ဆေးရုံအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-1007 MOBYE PDF၊ CJ)

“ကြဲချတာမိနစ်ပိုင်းလေးပဲရှိသေး ၊အခုလေယာဥ်နဲ့ဗုံးကြဲအသံကြီးကျယ်လိုက်တာ”ဟု စစ်​ဘေး​ရှောင်များကို ကူညီ​ပေး​နေသူတစ်ဦးက ​ဆေးရုံပျက်စီး​နေ​သော ဓါတ်ပုံဖြင့်​ဖေ့စ်ဘွခ်တွင်​ရေးသားထားသည်။ ​ဆေးရုံမှာ ပျက်စီးမှုများသည်ကို​တွေ့ရသည်။

ထပ်မံရရှိ​သောသတင်းအရ စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် တိုက်လေယာဥ်ဖြင့်၁၆ ကုတင်ဆံ့ လအိပြည်သူ့ဆေးရုံကိုတစ်ကြိမ်ဗုံးသီး ၂ လုံးဖြင့် ၄ ကြိမ်လာရောက် ကျဲချခဲ့ခြင်းဖြစ်ပြီးဆေးရုံဘေးရှိ ပြည်သူတချို့ ထိခိုက်မှုရှိပြီး၊ ဆေးရုံကား ၁ စီး၊ ဆေးရုံအဆောက်အဦးတချို့ ပျက်စီးခဲ့​ကြောင်း 1007 MOBYE PDF ကသတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုဆေးရုံသည် စစ်ကောင်စီလေယာဥ်ဗုံးကြဲမည်ကို စိုးရိမ်သောကြောင့် ယခင်ကတည်းကလူနာကုသခြင်း၊ ထားရှိခြင်းမရှိဘဲ၊ ဆေးရုံပစ္စည်းအချို့ကို သိုလှောင်ထားရာ နေရာတစ်ခုဖြစ်​ကြောင်း လည်း ​ဖော်ပြထားသည်။

(ဗုံးကြဲခံရပြီး​နောက် လအိ​ဆေးရုံအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-1007 MOBYE PDF၊ CJ)
(ဗုံးကြဲခံရပြီး​နောက် လအိ​ဆေးရုံအပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-1007 MOBYE PDF၊ CJ)

ဖယ်ခုံမြို့ စစ်ရှောင်အရေး ကူညီနေသူက”ဆေးရုံဆိုပေမယ့်မိုးဗြဲ၊ဖယ်ခုံ၊ဒီးမော့ဆို၊လွိုင်ကော် ကစစ်ရှောင်တွေစစ်ဘေးရှောင်စခန်းအဖြစ်အသုံးပြုနေတာပါ။စစ်ရှောင် ပြည်သူနှစ်ဦးအသက်ဆုံးရှုံးတယ်လို့တော့ လောလောဆယ်ကြားရတယ်။အတည်ပြု မရသေးဘူး”ဟု လူထုနွေဦးသို့ပြောသည်။

လအိပြည်သူ့ဆေးရုံသည်​ရွေး​ကောက်ခံအရပ်သား အစိုးရလက်ထက်က နိုင်ငံတော်အစီမံဖြင့်တည်ဆောက်ခဲ့သောဆေးရုံဖြစ်​ကြောင်းသိရသည်။

လက်ရှိ ကရင်နီပြည်နယ်အတွင်း လွိုင်ကော်၊ဖားဆောင်း တိုက်ပွဲ များ အပြင် ဖယ်ခုံ၊ပင်လောင်းမြို့ တစ်ဝိုက် တိုက်ပွဲများကြောင့် စစ်ကောင်စီ၏ လေ ကြောင်းရန်ကို အထူးသတိပြုရန်လည်း တော် လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူတွေကို​လေ​ကြောင်းက​နေအစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့စစ်ရာဇဝတ်မှု​တွေမှာအမိန့်ပေးစေခိုင်းခဲ့တဲ့လေတပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ လက်ရှိကာကွယ်​ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်ရဲ့ နေအိမ်ကို ​ရန်ကုန်​UG တစ်ဖွဲ့က ချိန်ကိုက်ဗုံးပို့ဆောင်ခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။