Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ယာယီသမ္မတအမိန့်ဖြင့် ထပ်မံထုတ်ပြန်

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

(၂၀၂၄ ဇန်နဝါရီ ၂၅ရက်တွင် NUGအစိုးရက ရန်ကုန်တိုင်းတပ်ရင်း (၅၁၀၁)အား လက်နက်တပ်ဆင်ပေးစဉ်။ ဓာတ်ပုံ - MOD)
(၂၀၂၄ ဇန်နဝါရီ ၂၅ရက်တွင် NUGအစိုးရက ရန်ကုန်တိုင်းတပ်ရင်း (၅၁၀၁)အား လက်နက်တပ်ဆင်ပေးစဉ်။ ဓာတ်ပုံ - MOD)

ပြည်သူ့ကာကွယ်ရေးအဖွဲ့များလိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို ယာယီသမ္မတ အမိန့်ဖြင့် ယနေ့ (မတ်လ ၂၂ရက်) ထပ်မံထုတ်ပြန်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံးလိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို ၂၀၂၁ စက်တင်ဘာ ၇ရက်က ပြဌာန်းခဲ့ရာ ယင်း ပြဌာန်းချက်ကို လိုအပ်သည်များ ထပ်မံဖြည့်စွက်မွန်းမံကာ စစ်သည်ကျင့်ဝတ် အသစ် အား ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခု စစ်သည်ကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေ လေးစားလိုက်နာရန်နှင့် စစ်သည်ကျင့်ဝတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတကြီး၏ အမိန့်ဖြင့် ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတဝန်း စစ်ရေးအရှိန်များတိုးမြှင့်ဖော်ဆောင်နေသည့် အခြေအနေတွင် ယခုကဲ့သို့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ထုတ်ပြန်လာခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များတွင် အရပ်သား ပြည်သူများကို ကာကွယ်စောင့်ရှောက်ရမည့် အချက်များ အလေးထား ဖော်ပြထားသည့်အပြင် လက်နက်ချ အညံ့ခံသူများနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ် ခြင်း မပြုရန် ၊ ရက်စက်ကြမ်းကြုတ်သော လူသားမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျစေသော ပြုမူဆက်ဆံမှု၊ အပြစ်ပေးမှုမျိုး မလုပ်ရန် ပြဌာန်းထားသည်။

အမျိုးသမီး၊ လိင်စိတ်ခံယူမှုကွဲပြားသူနှင့် ကလေးများအပေါ် ပြုမှုဆက်ဆံခြင်း အချက် များကို လည်း ပြဌာန်းထားရာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း၊ အရှက်ခွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ စော်ကားခြင်းမပြုရန် တားမြစ်ထားသည်။

ထို့ပြင် (၁၈)နှစ်အောက် ကလေးငယ်များကို တပ်သားသစ်စုဆောင်းခြင်း၊ လက်နက်ကိုင် လှုပ်ရှားမှုတွင် ပါဝင်စေခြင်း သို့မဟုတ် အခြား အန္တရာယ်ရှိစေမည့် လုပ်ငန်းများ၌ အသုံးမပြုရန် ထုတ်ပြန်ထားသည်။

ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာသည်နှင့် အမျှအရေးကြီးလာသည့်ကိစ္စမှာ စစ်ရေးဆိုင်ရာကျင့်ဝတ်၊ စည်းကမ်းကျေပွန်စေရေးကိစ္စဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

” အကြမ်းဖက်စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီးလိုအပ်လာလေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

စစ်တွင် စစ်ရေးပီပီပြင်ပြင်နှင့် ပြုမူတုန့်ပြန်ရခြင်းများ ရှိနေသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီတာများကို ခွင့်ပြု၍ မရကြောင်း ယာယီသမ္မတက အလေးထား ပြောကြားခဲ့သည်။

“စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုတယ်။ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရပါဘူး”ဟု ယာယီသမ္မတက ပြောကြားပြီး တော်လှန်ရေးအတွင်းမှာထားသည့် မူအတိုင်း စည်းမျဉ်းအတိုင်း လိုက်နာနိုင်အောင်အထူးကြပ်မတ်ရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

တိုက်ပွဲများအတွင်း တိုင်းပြည်အတွက် အသက်ပေးသွားသည့် သူရဲကောင်းများအား ဝမ်းနည်းစွာ လေးစား ဦးညွှတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားသည်။