Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းဒေသဆီဆိုင်တွင် PNLAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLA)
(PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLA)

▪︎စစ်ကောင်စီက ဆီဆိုင်မြို့ကို ဗုံးအလုံး ၁၀၀ကျော်ဖြင့် ထပ်မံ တိုက်ခိုက်

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့ကို ဖျက်ဆီးရန် ရည်ရွယ်ကာ ဗုံးအလုံးများစွာ ကြဲချတိုက်ခိုက်ခဲ့သည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်း၌ ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“အခုဆီဆိုင်အခြေအနေက မနေ့ကရော မနေ့ကရဲ့ ရှေ့တစ်နေ့ကရော တော်တော်လေးကို တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ မနေ့က ရှေ့တစ်နေ့ကဆိုရင်ညဘက်မှာ ၁၀နာရီနဲ့ ၁၂နာရီအကြား ဗုံးအလုံ ၁၀၀ လောက် လာကြဲသွားတယ်။ နေ့လည်ဘက် တိုက်ပွဲတစ်နေကုန်လုံးဖြစ်တယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။အဲဒီမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂လုံးလာကြဲသွားတာရှိတယ်။စစ်ကောင်စီဘက်က ထိခိုက်မှုက ၂၀ ကျော်ကျော်လောက်တော့ ရှိတယ်လို့တော့ မြေပြင်က အစီရင်ခံလာတာတော့ရှိတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဆီဆိုင်မြို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ Y12 လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

“အဓိကတော့ စစ်ကောင်စီက ဆီဆိုင်မြို့ကို အလုံးစုံဖျက်ဆီးရေး ဆိုတဲ့ ပုံစံနဲ့ လေယာဉ်တွေ ၊ ဗုံးတွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်ခတ်ဖျက်ဆီးနေတဲ့ အနေအထားပါ” ဟု ခွန်ရိန်းယံက ပြောသည်။

မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီသည် လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသများကိုပိုမိုတိုက်ခိုက်ဖျက်ဆီးနေလျက်ရှိကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်လျက်ရှိကြောင်း PNLAက ထုတ်ပြန်သည်။

မတ်လ ၁၈ ရက်တွင် စစ်ကောင်စီသည် မဲနယ်တောင်ဒေသ ဗန်းကွန်ရွာရှိ ရပ်ရွာလူကြီးတစ်ဦးဖြစ်သူ ဦးခွန်ထွက်ထီးကိုလည်း သတ်ဖြတ်ခဲ့သည်ဟုဆိုသည်။ဦးခွန်ထွက်ထီးသည် ကျေးရွာတိုးတက်ရေး မူးယစ်းဆေးဝါးကင်းစင်ရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သည့်အပြင် ၎င်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီကို အားပေးထောက်ခံသူတစ်ဦးဖြစ်သဖြင့် စစ်ကောင်စီက အညိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် ပအိုဝ်းဒေသခံ ပြည်သူ ၁၀၀ ခန့် သေဆုံးထိခိုက်ခဲ့ရကြောင်း PNLO/PNLA ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။