Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းဒေသဆီဆိုင်တွင် PNLAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

(PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLA)
(PNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-PNLA)

▪︎စစ်ကောင်စီက ဆီဆိုင်မြို့ကို ဗုံးအလုံး ၁၀၀ကျော်ဖြင့် ထပ်မံ တိုက်ခိုက်

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း မြို့ကို ဖျက်ဆီးရန် ရည်ရွယ်ကာ ဗုံးအလုံးများစွာ ကြဲချတိုက်ခိုက်ခဲ့သည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်း၌ ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

“အခုဆီဆိုင်အခြေအနေက မနေ့ကရော မနေ့ကရဲ့ ရှေ့တစ်နေ့ကရော တော်တော်လေးကို တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ မနေ့က ရှေ့တစ်နေ့ကဆိုရင်ညဘက်မှာ ၁၀နာရီနဲ့ ၁၂နာရီအကြား ဗုံးအလုံ ၁၀၀ လောက် လာကြဲသွားတယ်။ နေ့လည်ဘက် တိုက်ပွဲတစ်နေကုန်လုံးဖြစ်တယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တယ်။အဲဒီမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂လုံးလာကြဲသွားတာရှိတယ်။စစ်ကောင်စီဘက်က ထိခိုက်မှုက ၂၀ ကျော်ကျော်လောက်တော့ ရှိတယ်လို့တော့ မြေပြင်က အစီရင်ခံလာတာတော့ရှိတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဆီဆိုင်မြို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ Y12 လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

“အဓိကတော့ စစ်ကောင်စီက ဆီဆိုင်မြို့ကို အလုံးစုံဖျက်ဆီးရေး ဆိုတဲ့ ပုံစံနဲ့ လေယာဉ်တွေ ၊ ဗုံးတွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ အဆမတန် ပစ်ခတ်ဖျက်ဆီးနေတဲ့ အနေအထားပါ” ဟု ခွန်ရိန်းယံက ပြောသည်။

မြေပြင်တွင် အထိနာနေသည့် စစ်ကောင်စီသည် လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသများကိုပိုမိုတိုက်ခိုက်ဖျက်ဆီးနေလျက်ရှိကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်လျက်ရှိကြောင်း PNLAက ထုတ်ပြန်သည်။

မတ်လ ၁၈ ရက်တွင် စစ်ကောင်စီသည် မဲနယ်တောင်ဒေသ ဗန်းကွန်ရွာရှိ ရပ်ရွာလူကြီးတစ်ဦးဖြစ်သူ ဦးခွန်ထွက်ထီးကိုလည်း သတ်ဖြတ်ခဲ့သည်ဟုဆိုသည်။ဦးခွန်ထွက်ထီးသည် ကျေးရွာတိုးတက်ရေး မူးယစ်းဆေးဝါးကင်းစင်ရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သည့်အပြင် ၎င်းသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီကို အားပေးထောက်ခံသူတစ်ဦးဖြစ်သဖြင့် စစ်ကောင်စီက အညိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် ပအိုဝ်းဒေသခံ ပြည်သူ ၁၀၀ ခန့် သေဆုံးထိခိုက်ခဲ့ရကြောင်း PNLO/PNLA ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။