Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေးတစ်ကျပ်သားကို ကျပ် ၄၂ သိန်းကျော်ရှိလာ

ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းလဲ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၇၅၀ အထိမြင့် တက်သည်။

ရွှေဈေးတစ်ကျပ်သားကို ကျပ် ၄၂ သိန်းကျော်ရှိလာ
ရွှေဈေးတစ်ကျပ်သားကို ကျပ် ၄၂ သိန်းကျော်ရှိလာ

▪️၂လအတွင်း ရွှေတစ်ကျပ်သား ကျပ် ၅သိန်းကျော်မြင့်တာလာ

ပြည်တွင်း ရွှေဈေးဆက်လက်မြင့်တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၂သိန်းကျော်အထိ မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှ သိရသည်။

ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာသော်လည်း ပြည်တွင်းရွှေမှာ ဆက်လက်မြင့်တက်နေပြီး မတ်လ ၂၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄,၂၂၀,၀၀၀ အထိမြင့်တက်လာခြင်းဖြစ်သည်။

အဆိုပါ ဈေးနှူန်းသည် နှစ်လကျော်အတွင်း ရွှေတစ်ကျပ်သားကို ကျပ် ၅သိန်းကျော်မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၂၄ ဇန်နဝါရီ ပထမအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၇၁၀,၀၀၀ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“၃ နှစ်ရှိပြီ ရွှေဈေးက အတက်ပဲရှိတယ်။ ပြန်ကျတာနည်းနည်းဘဲရှိတယ်။ အတက်များခဲ့တာပဲရှိတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက လက်ရှိရွှေဈေးမြင့်တက်လာခြင်းမှာ ကောကလဟာ သတင်းများကြောင့်ဖြစ်ပြီး ဈေးကစားသူများကို အရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေဆိုင်များအားလုံးသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ထားသည့် ဈေးနှူန်းအတိုင်းရောင်းဝယ်ကြရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ်ရပ်ထားရမည်ဟုလည်း ခြိမ်းခြောက်ထားသည်။

ရွှေရောင်းဝယ်ပြုလုပ်သူများကိုလည်း စုံစမ်းစစ်ဆေးနေပြီး အရေးယူနေသည်ဟုလည်း ဆိုသည်။

“ရွှေဆိုင်အများစုအက အရောင်းပဲရှိတယ်။ အဝယ်ရပ်ထားတယ်။ တချို့ဆိုင်တွေက အရောင်းအဝယ်ရပ်ထားကြတယ်”ဟု ရွှေဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ၁,၃၂၂,၀၀၀ ကျပ်ရှိပြီး စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း အခေါက်ရွှေတစ်ကျပ်သားကို ၃ ဆကျော်ဈေးမြင့်တက်လာခြင်းဖြစ်သည်။

“ထိခိုက်လွယ်တဲ့ စီးပွားရေးအခြေအနေမှာ ရွှေဈေးတက်လာတာ သဘာဝပါပဲ။ ဒီလိုတက်လာတာလည်း စီးပွားရေးကြောင့်မဟုတ်ဘဲ မတည်ငြိမ်တဲ့ နိုင်ငံရေးသက်ရောက်မှုကြောင့်ပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရွှေဈေးမြင့်တက်လာခြင်းနှင့်အတူ နိုင်ငံခြားငွေလဲနှုန်းလဲ မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃,၇၅၀ အထိမြင့် တက်သည်။

စက်သုံးဆီဈေးမှာလည်းမြင့်တက်လာကာပြီး ဓာတ်ဆီ (အောက်တိန်း ၉၂ )တစ်လီတာကို ကျပ် ၂,၇၉၅ကျပ်၊ ဓာတ်ဆီ(အောက်တိန်း၉၅)တစ်လီတာကို ကျပ်၂,၉၀၀ နှင့် ဒီဇယ်တစ်လီတာကို ကျပ် ၂,၄၃၅ အထိမြင့်တက်လာသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေး ဆက်လက်မြင့်တက်ကာ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ခန့်ရှိလာတယ်လို့ ရွှေနဲ့ငွေ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောပါတယ်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။