Connect with us

Hi, what are you looking for?

သတင်း

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

▪︎မောင်တောမြို့ ၊တမန်းသား ရဲကင်းစခန်းမှ အင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့များလက်နက်ချ

▪︎ရက္ခိုင် နှင့် ပလက်၀ ဒေသ ၌ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီ တပ်နှင့် မိသားစုဝင်ထောင်ချီရှိဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (မတ်လ ၂၆ရက်)တွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု AAက ထုတ်ပြန်သည်။

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား ဖေဖော်ဝါရီ ၂၄ရက် က စတင်ထိုးစစ်ဆင်ခဲ့ရာ ရက်ပေါင်း ၃၂ရက်အကြာ တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသေးသည့် ရန်သူ့တပ်ဖွဲ့ဝင်များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိသည်ဟုလည်း အသိပေးသည်။ AA အနေဖြင့် ဘူးသီးတောင်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီ စခန်းအချို့အား ထပ်မံ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

ထို့အပြင်AA က ဝိုင်းရံ့ပိတ်ဆိုထားသည့် မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ် သိမ်းယူနိုင်ရေး ထိုးစစ်အရှိန်မြှင့်နေသည်ဟု ဖော်ပြသည်။

မောင်တောမြို့ ရှိ တမန်းသား ရဲကင်းစခန်းမှ အင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့များသည် AA၏ ထိုးစစ်ဆင်မှု ကြောင့် မတ်လ ၂၅ရက်တွင် လက်နက်ချခဲ့ရာ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ဟု အသိပေးသည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ၊ လက်ရှိအချိန်တွင် ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော (စစ်ဘက်+တပ်မိသားစု) အရေအတွက် မှာ ထောင်ချီ၍ ရှိထားပြီးဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

လက်ရှိတွင် AAသည် ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။