Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

▪︎မောင်တောမြို့ ၊တမန်းသား ရဲကင်းစခန်းမှ အင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့များလက်နက်ချ

▪︎ရက္ခိုင် နှင့် ပလက်၀ ဒေသ ၌ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီ တပ်နှင့် မိသားစုဝင်ထောင်ချီရှိဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (မတ်လ ၂၆ရက်)တွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု AAက ထုတ်ပြန်သည်။

ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား ဖေဖော်ဝါရီ ၂၄ရက် က စတင်ထိုးစစ်ဆင်ခဲ့ရာ ရက်ပေါင်း ၃၂ရက်အကြာ တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ထွက်ပြေးလွတ်မြောက်နေသေးသည့် ရန်သူ့တပ်ဖွဲ့ဝင်များကိုလည်း လိုက်လံဖမ်းဆီးလျက်ရှိသည်ဟုလည်း အသိပေးသည်။ AA အနေဖြင့် ဘူးသီးတောင်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီ စခန်းအချို့အား ထပ်မံ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

ထို့အပြင်AA က ဝိုင်းရံ့ပိတ်ဆိုထားသည့် မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ် သိမ်းယူနိုင်ရေး ထိုးစစ်အရှိန်မြှင့်နေသည်ဟု ဖော်ပြသည်။

မောင်တောမြို့ ရှိ တမန်းသား ရဲကင်းစခန်းမှ အင်အား ၁၀၀ ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့များသည် AA၏ ထိုးစစ်ဆင်မှု ကြောင့် မတ်လ ၂၅ရက်တွင် လက်နက်ချခဲ့ရာ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ဟု အသိပေးသည်။

ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်
ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်းကို AA ထပ်မံ သိမ်းပိုက်

လက်နက်ချအညံ့ခံသောသူများကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ၊ လက်ရှိအချိန်တွင် ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်ဝ ဒေသများမှ လက်နက်ချအညံ့ခံသော (စစ်ဘက်+တပ်မိသားစု) အရေအတွက် မှာ ထောင်ချီ၍ ရှိထားပြီးဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

လက်ရှိတွင် AAသည် ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။