Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူမှထွက်ခွာလာသောစစ်ကောင်စီယာဉ်တန်းသည် ပေါက်နှင့်ကမ္မမြို့ကြားတွင်​​တော်လှန်​ရေးတပ်များတိုက်ခိုက်မှု​ကြောင့် အထိနာ

“မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်” ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

(စစ်​ကောင်စီတပ် ယာဥ်တန်းကိုအ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် ယာဥ်တန်းကိုအ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-CJ)

ချင်းပြည်နယ် နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန် ပခုက္ကူမြို့မှထွက်ခွာလာသောစစ်ကောင်စီယာဉ်တန်းသည် ပေါက် နှင့်ကမ္မမြို့ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်ကြောင့် ကစဉ့်ကလျားဖြစ်နေပြီး ဒရုန်းအပါအဝင် စစ်သုံးပစ္စည်းအများအပြားလည်း ပျက်စီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်” ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး ယမန်နေ့(မတ်လ ၂၉ရက်)တွင်ကမ္မနှင့် ပေါက်မြို့ကြားသို့ ရောက်ရှိနေသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယင်းနေရာအနီးမှ ဂျိုးပျံရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကောင်တွေစစ်ကြောင်းကမီးရှို့ဖျက်ဆီးနေသည်။

အဆိုပါယာဥ်တန်းသည်မတ်လ ၂၂ ရက်မှ မတ်လ ၂၉ရက်အထိ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေကြောင်း၊ စစ်ကူများလည်းထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မူလလမ်းဟောင်းအတိုင်းမသွားရဲတော့ဘဲပေါက်မြို့နယ် ၊ရေပြာရွာဘက်သို့ရှောင်ကွင်းလမ်းဖောက်လုပ်နေကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

“ဘူဒိုဇာတွေနဲ့ လမ်းအသစ်ဖောက်နေတယ်။ ဘယ်လမ်းကဖြစ်ဖြစ် ချစရာရှိတာချမယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တန်းသည် ချင်းပြည်နယ်နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန်ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်မြို့ကိုကျော်လွန်ပါက ကျောက်ထုမြို့သို့ရောက်ရှိပြီး ယင်းမှတဆင့် ချင်းတောင်သို့ တက်နိုင်သလို ယောဒေသဘက်သို့လည်း သွားရောက်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်များကမှန်းဆထားသည်။

ပြီးခဲ့သည့် ၂၀၂၃ စက်တင်ဘာလကလည်း စစ်ကောင်စီသည် ကားအစီးရေ၇၀ခန့်၊ တပ်ဖွဲ့ဝင်အင်အား ၃၀၀ခန့်ဖြင့် ချင်းတောင်နှင့် ယောဒေသသို့ အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ဖူးသည်။ ထိုယာဉ်တန်းကို ပေါက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။