Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှထွက်ခွာလာသောစစ်ကောင်စီယာဉ်တန်းသည် ပေါက်နှင့်ကမ္မမြို့ကြားတွင်​​တော်လှန်​ရေးတပ်များတိုက်ခိုက်မှု​ကြောင့် အထိနာ

“မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်” ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

(စစ်​ကောင်စီတပ် ယာဥ်တန်းကိုအ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် ယာဥ်တန်းကိုအ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-CJ)

ချင်းပြည်နယ် နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန် ပခုက္ကူမြို့မှထွက်ခွာလာသောစစ်ကောင်စီယာဉ်တန်းသည် ပေါက် နှင့်ကမ္မမြို့ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်ကြောင့် ကစဉ့်ကလျားဖြစ်နေပြီး ဒရုန်းအပါအဝင် စစ်သုံးပစ္စည်းအများအပြားလည်း ပျက်စီးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

“မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်” ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး ယမန်နေ့(မတ်လ ၂၉ရက်)တွင်ကမ္မနှင့် ပေါက်မြို့ကြားသို့ ရောက်ရှိနေသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယင်းနေရာအနီးမှ ဂျိုးပျံရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကောင်တွေစစ်ကြောင်းကမီးရှို့ဖျက်ဆီးနေသည်။

အဆိုပါယာဥ်တန်းသည်မတ်လ ၂၂ ရက်မှ မတ်လ ၂၉ရက်အထိ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေကြောင်း၊ စစ်ကူများလည်းထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မူလလမ်းဟောင်းအတိုင်းမသွားရဲတော့ဘဲပေါက်မြို့နယ် ၊ရေပြာရွာဘက်သို့ရှောင်ကွင်းလမ်းဖောက်လုပ်နေကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

“ဘူဒိုဇာတွေနဲ့ လမ်းအသစ်ဖောက်နေတယ်။ ဘယ်လမ်းကဖြစ်ဖြစ် ချစရာရှိတာချမယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တန်းသည် ချင်းပြည်နယ်နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန်ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်မြို့ကိုကျော်လွန်ပါက ကျောက်ထုမြို့သို့ရောက်ရှိပြီး ယင်းမှတဆင့် ချင်းတောင်သို့ တက်နိုင်သလို ယောဒေသဘက်သို့လည်း သွားရောက်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်များကမှန်းဆထားသည်။

ပြီးခဲ့သည့် ၂၀၂၃ စက်တင်ဘာလကလည်း စစ်ကောင်စီသည် ကားအစီးရေ၇၀ခန့်၊ တပ်ဖွဲ့ဝင်အင်အား ၃၀၀ခန့်ဖြင့် ချင်းတောင်နှင့် ယောဒေသသို့ အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ဖူးသည်။ ထိုယာဉ်တန်းကို ပေါက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၂၂ )ကို အခြေပြုပြီး အာဏာသိမ်းစစ်တပ်က ဆောနဲ့ ပေါက်မြို့နယ်တွေကို အင်အားနဲ့ လက်နက်ခဲယမ်းတွေထောက်ပို့နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။