Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ မတ်လတိုက်ပွဲများအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော်သေ

မတ်လ ၁ရက်မှ ၃၁ရက်အထိ တိုက်ပွဲ ၉၉ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၂ဦး သေဆုံးပြီး ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခလရ(၁၉)တပ်ရင်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Saw Ba Kaung/Facebook)
(ဖာပွန်မြို့ရှိ စစ်ကောင်စီ၏ ခလရ(၁၉)တပ်ရင်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Saw Ba Kaung/Facebook)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ပြီးခဲ့သည့် မတ်လအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော် သေဆုံးကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်မှ ရှစ်ဦးကျဆုံးခဲ့ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

မတ်လ ၁ရက်မှ ၃၁ရက်အထိ တိုက်ပွဲ ၉၉ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၂ဦး သေဆုံးပြီး ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

သေဆုံးသူများအနက် ဗိုလ်ကြီးအဆင့် အရာရှိ နှစ်ဦး၊ ဒုဗိုလ်တစ်ဦးနှင့် တပ်ကြပ်၊ ဒုတပ်ကြပ် အချို့ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်ဟုလည်း အသိပေးသည်။

မတ်လ တိုက်ပွဲများအတွင်း KNLA တပ်မဟာ(၅)ဘက်မှ ရှစ်ဦး ကျဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်သည် မတ်လ ၁၉ရက်မှစ၍ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်များကို ပိတ်ဆို့ခဲ့ရာ မတ်လကုန်ပိုင်းတွင် ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားသည့်အပြင် ခလရ(၁၉)တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်းတပ် စစန(၆၄၂) တပ်ရင်းတို့ကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

ကျန်နေသည့် ဗျူဟာကုန်းနှင့် ခမ(၃၄၀)၊ ခမရ(၃၄၁)၊ ခမရ(၃၄၃) တပ်ရင်းများကို ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

မတ်လအတွင်း တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီက ဒေသတွင်းကျေးရွာများနှင့် ပြည်သူလူထု လုပ်ငန်းခွင်များအတွင်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

“နေ့တိုင်းပဲ လာပြီးတော့ အဲဒီမှာ တစ်နေ့ ကို သုံးလေးကြိမ်ပေါ့။ လာပြီးတော့အဲဒီမှာ ပစ်ကူတွေလာပစ်ပေးတယ်လေ”ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ လာရောက်မှု အခြေအနေကို ပြောပြသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သံဃာ ၁ပါး နှင့် ကိုယ်ဝန်ဆောင် ၁ဦး အပါအဝင် အရပ်သား ပြည်သူ ရှစ်ဦးသေဆုံးကာ သံဃာတစ်ပါးနှင့် အရပ်သား ၃၀ ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ဖာပွန်ဒေသခံ ပြည်သူများ၏ နေအိမ် ၄၂လုံး၊ စပါးကျီ ၂လုံးနှင့် ပြည်သူများ ပစ္စည်းများ၊ အိမ်မွေးတိရိစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ဖာပွန်ဒေသခံ ၁,၆၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။