Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံးများသုံး၍ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာ

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဟုလည်း ဒေသခံများက ပြောသည်။

(ယနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဆလိုင်း/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး အရပ်သားများအား ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများ အရှိန်မြင့်လာကြောင်း ချင်းကာကွယ်ရေးတပ် ရဲဘော်များက ပြောသည်။

မင်းတပ်မြို့ တိုက်နယ်(၁)၊တိုက်နယ်(၂)၊ တိုက်နယ်(၁၃)နှင့် တိုက်နယ်(၁၄) နယ်မြေများကို စစ်‌ကောင်စီက ဧပြီ ၁ရက်မှ ယနေ့(ဧပြီ ၃ရက်)အထိ ၃ရက်အတွင်း လေကြောင်းမှ အကြိမ် ၂၀ခန့် တိုက်ခိုက်ခဲ့ကြောင်း CDF မင်းတပ် ရဲဘော်တစ်ဦးက ပြောသည်။

” တခါလာရင် သုံးစီးလာတာ။ အရင်ကလို မဟုတ်ဘူး။ ဒီနေ့တစ်နေ့တည်း ဗုံးကြဲတာ ၁၀ကြိမ်ရှိပြီ။ အရပ်သားထိခိုက်မှုတွေလည်းရှိလာပြီ”ဟု CDF မင်းတပ်ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဟုလည်း ဒေသခံများက ပြောသည်။

” ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားနေတာလည်းမရှိဘူး။ လူစုစုဖြစ်နေတဲ့နေရာတွေကို ရမ်းသမ်းပြီးပစ်နေတာ။ အမှန်တကယ်က တိုက်ပွဲဖြစ်မနေဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် မင်းတပ်မြို့ တိုက်နယ် (၁၃)ဘက်ရှိ ကျေးရွာတစ်ရွာကို တံတားဦးမှလာသော ဂျက်ဖိုက်တာ သုံးစီးမှပေါင် ၅၀၀ ဗုံးနှင့်အတူ မီးလောင်ဗုံး ၁၀လုံးခန့် ကြဲချခဲ့သောကြောင့် နေအိမ် သုံးလုံးမီးလောင်ပြီး စာသင်ကျောင်းနှင့်နေအိမ် ခုနစ်လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် အရပ်သားငါးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ခြေတစ်ဖက်ဖြတ်တောက်လိုက်ရကြောင်းသတင်းရရှိသည်။

မီးလောင်ဗုံးများကြဲချတိုက်ခိုက်ခဲ့၍ ကျေးရွာအနီးပတ်ဝန်းကျင်၌ တောမီးများလည်းလောင်ကျွမ်းနေကြောင်း ဒေသခံများက ပြောသည်။

မင်းတပ်မြို့နယ်တိုက်နယ် အမှတ်(၃)တွင် မတ်လ ၁၅ရက်၊ ၁၆ရက်နှင့် ၁၇ရက်ကလည်း စစ်ကောင်စီက လေကြောင်းမှ သုံးရက်ဆက် တိုက်ခိုက်ခဲ့ဖူးသည်။ အဆိုပါ တိုက်ခိုက်မှုတွင် (၆)နှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။