Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ဆိုသည်။

(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေစဥ်နှင့် စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေစဥ်နှင့် စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)

◾️စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်များ အသုံးပြုတိုက်ခိုက်နေ

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်မြို့တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်များ အသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့ကို PDFပူးပေါင်းစစ်ကြောင်းများက တစ်မြို့လုံး ဝန်းရံပိတ်ဆို့မှုပြုလုပ်အပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းတို့ အသုံးပြုတိုက်ခိုက်လာသည်ဟု ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတိုက်ဆင်နွှဲနေသော PDFရဲဘော်များက ပြောသည်။

ယနေ့နံနက်တွင် ကော့ကရိတ်မြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်းဌာနချုပ် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်နေသည်ဟု PDFရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေစဥ်နှင့် စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေစဥ်နှင့် စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – PS)

“လက်နက်ကြီးရော၊ လေယာဥ်ရော၊ ဒရုန်းရော သုံးခုလုံးသုံးပြီး ပစ်နေတာ”ဟု ကော့ကရိတ် ရှေ့တန်းစစ်မျက်နှာပြင်၌ မိုင်းဆရာကြီးဟု ခေါ်ဝေါ်သည့် Tiger Dragon Revolution Force(TDRF) တာဝန်ခံ၊ ရန်ကုန်တိုင်း (၅၁၀၁)ဗျူဟာ မိုင်းအဖွဲ့ တာဝန်ခံအသန်း(ခ) သန်းတင်ဌေးက ပြောသည်။

ထိုသို့ တိုက်ခိုက်သော်လည်း PDFရဲဘော်များ ထိခိုက်မှုမရှိဟု ဆိုသည်။

“မြို့ပေါ်မှာရော ၊မြို့အနီးမှာရော လေယာဥ်တွေ ဝဲနေတယ်။ စစ်ကောင်စီက ၉၇ကုန်းကနေ စစ်ကြောင်းထိုးလာတယ်လို့ သိရတယ်”ဟု ကော့ကရိတ်စစ်မြေပြင်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့ရှိ စခန်းကုန်းတစ်ခုအတွင်းကျန်ရှိနေသော စစ်ကောင်စီတပ်အား ထွက်ပေါက်တစ်ခုပေးထားရာမှ အလံဖြူမထောင်၍ မြို့အားအလုံးစုံပိတ်ဆို့လိုက်ပြီဟု တောင်ပိုင်းတိုင်းစစ်ဒေသ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ဧပြီ ၃ရက်တွင် လူထုနွေဦးသို့ ပြောသည်။

တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်းများ ဝန်းရံပိတ်ဆို့ထားသော ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ ဧပြီ ၁ရက်က လေးလပြည့်သည့် နေ့ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်က မြို့သိမ်းတိုက်ပွဲအဖြစ် PDF ပူးပေါင်းစစ်ကြောင်းများစတင်ဖော်ဆောင်ခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲမှာ မြို့၏ ၇၀ရာခိုင်နှုန်းအထိ PDFများက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်းဌာနချုပ် နေရာ၌သာ စုဝေးနေသည်။

သို့သော် ထွက်ပေါက်တစ်ခုအဖြစ် ဘားအံမြို့သို့သွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖွင့်ထားပေးပြီး လေးလအတွင်း အလံဖြူထောင် အညံ့ခံခြင်းမရှိသည့်အတွက် ဧပြီ ၃ရက်တွင် အဆိုပါ ထွက်ပေါက်အား ပိတ်ဆို့လိုက်ပြီး တစ်မြို့လုံးပိတ်ဆို့ထားပြီဟု ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေစဥ်နှင့် စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေစဥ်နှင့် စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – PS)

မြို့တွင်း၌ အရပ်သားပြည်သူများ မရှိတော့ပေ။၎င်းတို့မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ကို တွေ့ရ​၏။နေအိမ်အများစုမှာလည်း မီးလောင်ပျက်စီးထားသည်ကို တွေ့ရသည်။ စစ်ကောင်စီက လေကြောင်း၊ မီးလောင်ဗုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုကဲ့သို့ ပျက်စီးရသည်ဟု စစ်မြေပြင် ပထမရှေ့တန်းလိုင်းတွင် နေရာယူထားသော PDF ရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ဆိုသည်။

ကော့ကရိတ်မြို့ကို PDFပူးပေါင်း စစ်ကြောင်းများက မြို့၏ ၇၀ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထား၍ စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Special Operation Group – SOG၊SPECIAL OPERATION FORCE – SOF၊နဂါးဖြူ၊ရန်ကုန်(၅၁၀၁)၊Spring Phoenix Force၊ Federal Wings ဒရုန်းတပ်ဖွဲ့အပြင် အခြားဒရုန်းတပ်ဖွဲ့များဖြင့် ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ရှိသည်ဟုလည်း ရဲဘော်များက သုံးသပ်သည်။

ထို့အပြင် ကော်ဘရာစစ်ကြောင်းဦးဆောင်မှုဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော သင်္ဃန်းညီနောင်မြို့နှင့် မြဝတီမြို့တို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်ဟု အဆိုပါ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော PDF ရဲဘော်တစ်ဦးက ပြောသည်။

မြဝတီမြို့ရှိ စစ်ကောင်စီ၏ ခမရ (၂၇၅)တပ်ရင်းအား ဘော်ဘရာစစ်ကြောင်းဦးဆောင်မှုဖြင့် PDFစစ်ကြောင်းများက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းရရှိသည်ဟု လူထုနွေဦးက ကရင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ဆိုသည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော သင်္ဃန်းညီနောင်မြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး အဆိုပါမြို့ရှိ ဗျူဟာကုန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“သင်္ဃန်းညီနောင်က ပြည်သူတွေကို အချိန်နှစ်ရက်ပေးပြီး ပစ္စည်းတွေယူခိုင်းတာ။ နှစ်ရက်ပေးဝင်တယ်။ ဧပြီ ၁ရက်နဲ့၂ရက်က။ အဲဒီမှာက ၃၅၇တပ်ရင်းနဲ့ ဗျူဟာကုန်းကျန်တယ်။ အခု အဲဒါတွေ တိုက်နေတယ်”ဟု သင်္ဃန်းညီနောင်မြို့စစ်မြေပြင်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။