Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရန်ကုန်သင်္ကြန်အကြိုနေ့ စည်ကားမှုမရှိ

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)

▪️ရန်ကုန်မြို့ လမ်းမကြီးများပေါ်တွင် ယာဉ်အသွား၊အလာ ရှင်းလင်းနေ

သုည/People’s Spring

ယနေ့ (ဧပြီ ၁၃) သင်္ကြန်အကြိုနေ့ အဖြစ် စစ်ကောင်စီက ပြုလုပ်သည့် ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ်များတွင် ရေကစားသူ အနည်းအကျဥ်းသာရှိပြီး စည်ကားမှုမရှိကြောင်း တွေ့ရသည်။

“ရန်ကုန်မှာ မနှစ်ကထက်စာရင် မဏ္ဍပ်တွေတော့ များပေမယ့် စည်ကားမှုမရှိပါဘူး။ ပြည်သူ့ရင်ပြင်တို့၊ မြို့တော်ခန်းမတို့ မဏ္ဍပ်တွေမှာတောင် သူတို့ခေါ်ထားတဲ့ ၅၀၀၀စားတွေပဲများပါတယ်။ အပြင်လူလာတာသိပ်မရှိဘူး”ဟု ရန်ကုန် မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People’s Spring)

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

Public Service Announcement

Public Service Announcement

သို့သော် ရေကစားသူများ စည်ကားမှုမရှိဘဲ စစ်ကောင်စီက ကျင်းပသည့် မြို့တော်ခန်းမ ဗဟိုသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်မဏ္ဍပ်တို့၌ ရေပက်ခံထွက်သူ အနည်းငယ်သာရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သူပြည်သူတစ်ဦးက ဆိုသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People’s Spring)

“မြို့တော်ခန်းမနဲ့ ပြည်သူ့ရင်ပြင်မှာပဲ ရေပက်ခံတဲ့သူတွေ တွေ့ခဲ့တယ်။ ဒါလည်း အရင်နဲ့ ယှဥ်ရင် စည်တယ်လို့ ပြောလို့မရပါဘူး။ သူတို့ ခေါ်ထားတဲ့ ငါးထောင်စားတွေပဲ များနေတာပါ။ ဟိုက်ဂျက်တွေ ဖောကားတွေနဲ့ ဒီနေရာကိုပဲ အကြိမ်ကြိမ် ကားပတ်မောင်းနေတာ တွေ့ခဲ့တယ်။ ကျွန်တော်တို့ အရင်က သင်္ကြန်စည်တယ် ဆိုတာက မိုးလင်းထဲက လမ်းတိုင်းမှာ ရေတွေပတ်နေပြီး လူတွေရော၊ ကားတွေပါ တိုးမပေါက်အောင် စည်ကားတာပါ”ဟု မျက်မြင်တွေ့ရှိခဲ့သူက ​ပြောသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People’s Spring)

ထို့အပြင် ရန်ကုန်မြို့ရှိ အဓိကလမ်းမများ ဖြစ်သည့် ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကမ်းနားလမ်းပေါ်တို့၌ ယာဉ်အသွား၊အလာ ရှင်းလင်းနေသည်။

ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များအနီး ဆူးလေခုံးကျော်တံတားအောက်၊ မဟာဗန္ဓုလမ်းနှင့် ပန်းဆိုးတန်း အနီးတို့တွင် စစ်ကောင်စီဝင်အများအပြား နေရာယူထားပြီး စစ်ကား၊ ရဲကားတို့ဖြင့် ကင်းလှည့်နေကြကိုလည်း တွေ့ရှိရသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People's Spring)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းမပေါ်၌ ယာဉ်အသွာဒ၊အလာခြောက်ကပ်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People’s Spring)

ထို့အပြင် ရန်ကုန်တော်လှန်ရေးအင်အားစုများက ယခုနှစ်သင်္ကြန်အတွင်း ပြည်သူများအနေဖြင့် မိမိတို့ ရပ်ကွက်တွေ၊ မြို့နယ် အနီးအနား၌သာ သင်္ကြန်ပျော်ရွှင်ကြရန်၊ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များနား မသွားကြရန် သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။