Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးရှိ ဝက်လူးနယ်မြေရဲစခန်းကို PDFများ တိုက်ခိုက်

ဝက်လူးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားတိုးကာ ဝက်လူးနယ်အနီးတဝိုက်အား တောနင်းရှာဖွေနေကြောင်း ဒေသခံအချို့က ပြောသည်။

ရဲဘော်များက ဝက်လူးကျေးရွာစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းဟောင်း မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-File Photo
ရဲဘော်များက ဝက်လူးကျေးရွာစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းဟောင်း မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-File Photo

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးနယ်မြေရဲစခန်းအားတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကူလာသည့်ယာဥ်များကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄) တပ်ရင်း Natogyi People Defence Forceအဖွဲ့က ပြောသည်။

နိုဝင်ဘာ၁ ရက် နံနက် ၉နာရီခန့်က နွားထိုးကြီးမြို့နယ်တွင် အင်အား(၄၀)ခန့်ရှိသော ၀က်လူးနယ်မြေရဲစခန်းအား မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း Natogyi People Defence Forceအဖွဲ့နှင့် နွားထိုးကြီး(ပကဖ)အဖွဲ့တို့က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်။

ရဲဘော်များက ဝက်လူးကျေးရွာစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းဟောင်း မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-File Photo
ရဲဘော်များက ဝက်လူးကျေးရွာစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းဟောင်း မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-File Photo

ထို့နောက် နေ့လယ် ၁ နာရီခန့်၌ ၀က်လူးကျေးရွာအတွင်း၀င်ရောက်ပြီး ယခင်က စစ်ကောင်စီတပ်စွဲရာ မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့နောက် ဝက်လူးရဲစခန်းရှိရာသို့ ချဉ်းကပ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ များပြားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဝက်လူးစခန်းနဲ့က ကိုက် ၁၀၀ လောက်အတွင်းထိ ကပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့က လက်နက်ကြီးနဲ့တိုက်ခိုက်ပြီးတော့ ရဲစခန်းဝင်းထဲမှာ သွားလာနေတဲ့ကောင်တွေ ထိကုန်တာ။ အချိန်က ၁၅မိနစ်လောက်ကြာတယ်။”ဟု နွားထိုးကြီး PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် နွားထိုးကြီးမြို့ဘက်မှ ၀က်လူးရဲစခန်းသို့ စစ်ကူလာသည့် စစ်ကား (၅)စီးအား ပဲချက်ကျေးရွာအနီးတွင်လ​ည်းကောင်း၊ မြင်းခြံမှ နွားထိုးကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကား (၂)စီးအား လျှော်ဖြူကျေးရွာတွင်လည်းကောင်း အသီးသီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့က ထုတ်ပြန်သည်။

ဝက်လူးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အားတိုးကာ ဝက်လူးနယ်အနီးတဝိုက်အား တောနင်းရှာဖွေနေကြောင်း ဒေသခံအချို့က ပြောသည်။

ရဲဘော်များက ဝက်လူးကျေးရွာစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းဟောင်း မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-File Photo
ရဲဘော်များက ဝက်လူးကျေးရွာစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး စခန်းဟောင်း မီးသတ်ကုန်းအား မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ-File Photo

ထိုနေ့နံနက်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာကားဂိတ်တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးရေးပြုလု​ပ်နေစဥ် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၂ရက် နေ့လယ် ၁နာရီခန့်က နွားထိုးကြီး-မြိုသာလမ်းပိုင်း၊ အောင်ချမ်းသာ ကျေးရွာအနီးတွင် စစ်ဆေးရေးလုပ်နေသည့် ၁၅ဦးခန့်ရှိသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်း နွားထိုးကြီး PDF အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦး နေရာတွင်သေဆုံးပြီး ဆေးရုံတွင်လည်း ဒဏ်ရာရ ဗိုလ်တစ်ဦးထပ်မံသေဆုံးခဲ့သည်ဟု နွားထိုးကြီး PDF အဖွဲ့က ဆိုသည်။

ထို့အပြင် ညနေ ၃နာရီခန့်တွင် နွားထိုးကြီးမြို့နယ် ငှက်ပျောအိုင်ရွာ၌ တပ်စွဲထားသည့် အင်အား ၃၀ခန့်ရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးသီး တစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF အဖွဲ့က ထပ်မံအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ