Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်နှင့် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို KIA ယနေ့မနက်တွင် ထပ်မံ သိမ်းပိုက်

စစ်ကောင်စီတပ်ကလည်း ဗန်းမော် နှင့် မိုးမောက်ပတ်ဝန်းကျင်ကို လေကြောင်းမှပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-T Awng T Awng )
( KIA တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-T Awng T Awng )

▪︎မတ်လ ၇ရက်မှ စစ်ရှိန်မြှင့်သည့် KIA ၏ ထိုးစစ် နှစ်လအတွင်း စစ်ကောင်စီတပ်စခန်းကြီးငယ်၊ တပ်ရင်းဌာနချုပ်များ ၉၀ ​​ကျော်သိမ်းပိုက်ထား

ဟန်နွေ၊သရဖူ /People’s SPring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို ယနေ့(​မေ ၇ ရက်) မနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

မေလ ၄ရက်မှ ၆ရက်နေ့အတွင်း ဆွမ်ပရာဘွမ်တပ်စခန်း၊ ဂီဒွန်တပ်စခန်း၊ ဆမားတပ်စခန်း အပါအဝင် ဝိုင်းမော်နှင့် ဆွမ်ပရာဘွမ်မှ စစ်ကောင်စီတပ်စခန်း ၁၂ ခုထက်မနည်း သိမ်းပိုက်ခဲ့သည့် KIAကမေလ ၇ရက် မနက်တွင်လည်း ဝိုင်းမော်ရှိ စစ်ကောင်စီစခန်း ၃ခု၊ ဗန်းမော်ရှိ စစ်ကောင်စီ စခန်း ၂ခု ထပ်မံ သိမ်းယူခဲ့ခြင်းဖြစ်သည်။

“လက်နက်ခဲယမ်းတွေ ရပါတယ်။ ၀ိုင်းမော်စခန်းတွေက မနေ့ညနေ စတိုက်တာ။ စင်းခန်း က မနက် ၅နာရီ အချိန်စတိုက်တာ။” ဟု စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဗန်းမော်မြို့နယ် စင်းခန်း ဧရာ၀တီ မြစ်ကူးတံတား စောင့်စခန်းန တာဝါတိုင်စခန်း ခလရ(၅၆) ၊ ခလရ(၁၀) စခန်းနှစ်ခုအား မေလ ၇ရက် မနက် ၇နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

“စင်ခန်းတံတားဂိတ်ကကောင်တွေ အကုန်လက်နက်ချတယ်။ သေနတ်တချက်တောင်မဖောက်ရဘဲလက်နက်ချတာ။ စင်ခန်းရွာထဲက စစ်ကြောင်းကိုတော့ ဆက်ချနေပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

စင်းခန်းရွာသည် ဗန်းမော်မြို့၏ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌တည်ရှိသည်။ မိုးမောက်၊ ဗန်းမော်နှင့် မန်စီသည် မိုင်အနည်းငယ်စီခြားလျှက် ဒေသချင်း ကုန်းလမ်းဆက်သွယ်ရေးလည်း ဆက်စပ်နေသည်။

“စင်းခန်း ဧရာဝတီ မြစ်ကူးတံတား သိမ်းပိုက်လိုက်ပြီ။အဲဒီတံတားကဗန်းမော်၊ မန်စီ နဲ မိုးညှင်း ဆက်သွယ်ထားတာ။ဗန်းမော်ကို ဝိုင်းပတ်ပိတ်ဆို့နိုင်ဖို့ အရေးပါတဲ့ စစ်ဆင်ရေး ဟုတ်တယ်။ဗန်းမော်ကိုဝိုင်းထားလိုက်ပြီ”ဟု ကချင် စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ထိုအပြင်ဗန်​မော် မြို့နယ်ရှိ တာဝါတိုင်စခန်း ကိုလည်း ​ယ​​​နေ့ နံနက် ၇ နာရီခွဲတွင်သိမ်းပိုက်နိုင်ခဲ့​ကြောင်းစစ်​ရေးရင်းမြစ်များက​ပြောသည်။

ထို့အပြင်ဝိုင်းမော်မြို့နယ် မုန်ကာဇွပ် လောဖြူးနှင့် ဖော့ဒေါ့ စစ်ကောင်စီ လက်အောက်ခံ စခန်း သုံးခုကိုလည်း ယနေ့ မနက် ၇နာရီ တွင် KIA တပ်ရင်း(၃)က ရှင်းလင်းသိမ်းပိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တပ်စခန်းများတွင် စစ်ကောင်စီနှင့်အတူ ဦးရွှေမင်း ပြည်သူ့စစ်များ ပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်ဟုသိရသည်။

“လောလောဆယ်တော့ တပ်မဟာ(၃) နဲ့ ဗဟိုဒေသမှာ ဖြစ်နေတယ်” ဟု လက်ရှိ ကချင်ဒေသ တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေကို ပြောပြသည်။

စစ်ကောင်စီတပ်ကလည်း ဗန်းမော် နှင့် မိုးမောက်ပတ်ဝန်းကျင်ကို လေကြောင်းမှပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

” ဗန်းမော်ကိုမနက် ၈နာရီ၃၅မှာ လေကြောင်းကနေစပစ်ပါတယ်။ မိုးမောက်မြို့ကိုလည်း လေကြောင်းကနေပစ်ပါတယ်” ဟု ဒေသခံတဦးကပြောသည်။

“တိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်။ ဗန်းမော်တဝိုက် ချနေကြတာ”ဟု ဗန်းမော်မြို့ခံတစ်ဦးကပြောသည်။

KIA အနေဖြင့် မတ်လ ၇ရက်မှ စစ်ရှိန်မြှင့်ခဲ့သည့် ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၉၀ ​ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် တို့၏ ပြောပြချက်အရ သိရပြီး ယင်းအထဲ၌ စစ်ကောင်စီတပ်ရင်းဌာနချုပ် များ၊ ဗျူဟာကုန်းများလည်းပါဝင်ပြီး ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ လွယ်ဂျယ်မြို့များကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook