Connect with us

Hi, what are you looking for?

သတင်း

ဆောတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၀ကျော်လာ၊ ပျောက်ဆုံးနေသူများလည်းရှိနေ

ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို မေလ ၉ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

(အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းလေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Times Of Zotung)
(အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းလေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Times Of Zotung)

နေ့သစ်/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုအတွင်း သေဆုံးသူအရေအတွက်တိုးလာပြီး ယနေ့နံနက်အထိ သေဆုံးသူရုပ်အလောင်း ၂၀ကျော်တွေ့ရှိထား သည်ဟု ဒေသခံများက ပြောသည်။

ပေါင် ၅၀၀ နဲ့ကြဲတော့ ကျောင်းက ပြိုကျသွာတယ်။ လူတွေ မသေသေးဘူး။ ပြေးလို့ရသေးတယ်။ အဲ့အချိန်မှာ နောက်တစ်ကြိမ်ပတ်လာပြီး မီးလောင်ဗုံးချသွားတာမှာ မီးလောင်ပြီးသေဆုံးကြရတာ”ဟု ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

ဆောမြို့နယ်၊ အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို မေလ ၉ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒေသခံများသည် ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးအတွက် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

” မီးလောင်ပြင်ကနေ ဆွဲထုတ်ရတာဆိုတော့ ဘယ်သူတွေသေဆုံးတယ်ဆိုတာ မသိရသေးဘူး။ ဆေးရုံလည်းရောက်မလာ၊ အိမ်လည်းပြန်မရောက်ဘဲ ပျောက်နေတဲ့သူတွေလည်းရှိတော့ သေဆုံးသူစာရင်းကအတည်ပြုလို့မရသေးဘူး။ ရုပ်အလောင်းကတော့၂၀ကျော်တွေ့ ထားပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

(အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းလေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Times Of Zotung)
(အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းလေကြောင်းမှ တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – Times Of Zotung)

“တံတားဦးက တက်လာတဲ့ လေယာဉ်က ဘုန်းကြီးကျောင်းကို အဓိကထားပြီး ဗုံးကျဲသွားတာပါ။ ဘုန်းကြီးကျောင်းက အကုန်ပျက်စီးသွားပြီး ရွာထဲက အိမ်တွေလည်း မီးလောင်သွားတယ်”ဟု မျက်မြင်သက်သေရွာသားတစ်ဦးကပြောသည်။

ပျူစောထီးများ ကြီးစိုးထားသည့် ကျောက်ထုမြို့နှင့် (၅)မိုင်ခန့်ဝေးသည့် အဆိုပါကျေးရွာတွင် ဒေသခံများ မော်တော်ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီကတပ်က ဗုံးမကြဲမီ ကျောက်ထုမြို့နယ်ကိုဖုန်းလိုင်းများဖြတ်တောက်ခဲ့ပြီး ဒရုန်းဖြင့် ကင်းထောက်ခဲ့ကြောင်းလည်း ဒေသခံများကဆိုသည်။

“လူ၂၀လောက်လဲ ပျောက်နေတယ်။ သေသွားတဲ့ လူတွေက ၂၀ကျော်ပြီ အကုန်လုံးမီးလောင်ပြီးသားတွေဖြစ်ကုန်တယ်”ဟု မျက်မြင်သက်သေ အခြားရွာသားတစ်ဦးက ပြောသည်။

ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက အဆိုပါကျေးရွာတွင် ကာကွယ်ရေးတပ်များမရှိကြောင်းနှင့် ပြည်သူလူထု၏ ရပ်ရွာအစည်းအဝေးကို စစ်ကောင်စီက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် မြေပြင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှုလည်းမရှိကြောင်း၊ စစ်ကောင်စီသည် အရပ်သားပြည်သူများကို ရက်ရက် စက်စက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆောနယ်သတင်းရင်းမြစ်က လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ” အစည်းအဝေးလုပ်ကြတာ။ အစည်းအဝေး လုပ်တဲ့ဆီကို လေယာဉ် ပစ်တာ။ သတင်းပေါက်ကြားလို့ နေမှာပေါ့။ အစည်းအဝေးက ပကဖရော၊ ပအဖရော၊ PDF တွေရောပေါ”ဟု ပြောသည်။

အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း၌ ကျောက်ထု တိုက်နယ်ရှိ ပအဖ၊ ပကဖ၊ PDF တော်လန်ရေးအင်အားစုများနှင့် ယာဉ်ပိုင်ရှင်များ တွေ့ဆုံပွဲကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဟု ဆိုသည်။

အဆိုပါ အစည်းအဝေးသည် စစ်ကောင်စီထုတ်ကုန်ပစ္စည်းများ သယ်ယူရောင်းချမှူရှိနေခြင်းနှင့် အမတ(၃၆၈)အတွင်းသို့ ဆက်သွယ်ပို့ဆောင်ခြင်း များရှိနေသည့် အခြေအနေတွင် စစ်ကောင်စီ ရိက္ခာဖြတ်တောက်နိုင်ရေး စည်းကမ်းများ ချမှတ်ရန် အစည်းအဝေး ဖြစ်ပြီး စစ်ကောင်စီထံ သတင်းပေါက်ကြားပြီး လေကြောင်း တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“သတင်းပေါက်ကြားလို့ပဲ ဖြစ်မှာပေါ့။ အတိအကျ လေကြောင်းနဲ့လာပစ်တာ။ စစ်ကောင်စီက လေကြောင်းနဲ့ပဲ တိုက်ခိုက်တာပေါ့။ ကျနော်တို့ က ဒါတွေကို ဘယ်လို ကာကွယ်မလဲ လို့ပဲ တွေးရမှာပေါ့။ ထိတာက အရပ်သားတွေပဲ ထိတာ။ သေတာလည်း အရပ်သားတွေပဲ။ ကားသမားတွေလည်း သေကြတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။

ယခုတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။