Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အောက်မှ ရုန်းထွက်ရန် ZRAကို CNF တိုက်တွန်း

CNFနှင့်ပူးပေါင်းတပ်များသည် မေလ ၁ရက်နှင့် ၃ရက်အတွင်း တီးတိန်မြို့နယ်အတွင်း၌ ZRAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ZRA စခန်း ၂ခုကို CNF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

(ZRA စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် က မေလပထမပတ်အတွင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(ZRA စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် က မေလပထမပတ်အတွင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

▪️စစ်အာဏာရှင်ချေမှုန်းရေး တိုက်ပွဲဖော် ဆောင်ရာ နှောက်ယှက်ပါက မလွှဲမရှောင်သာ တုံ့ပြန်မည်ဟု အသိပေး

ဟန်နွေ/People’s Spring

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့(ZRA)အနေဖြင့် စစ်အာဏာရှင်အောက်မှ ရုန်းထွက်ရန် ချင်းအမျိုးသားတပ်ဦး(CNF/CNA)က တိုက်တွန်းလိုက်ပြီး အကယ်၍ စစ်အာဏာရှင်ချေမှုန်းရေး တိုက်ပွဲဝင်နေမှုကို နှောက်ယှက်ပါက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

လက်ရှိတွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ZPCC/ ZRA (Eastern Command)သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး CNFနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များအား အကြိမ်ကြိမ်တိုက်ခိုက်မှု လုပ်ဆောင်နေခြင်းနှင့်ပတ်သက်ပြီး CNFက ရှင်းလင်းချက် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း တိုက်တွန်းခဲ့သည်။

(ZRA စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် က မေလပထမပတ်အတွင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(ZRA စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် က မေလပထမပတ်အတွင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Journal)

ယင်းထုတ်ပြန်ချက်၌ စစ်ကောင်စီနှင့် ပူးပေါင်းမှုအား သက်သေနှင့်တကွ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှုများကို ရှင်းလင်းဖော်ပြခဲ့ပြီး ZRA အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လက် ကျူးလွန်နေပါက ရသည့်နည်းဖြင့် ပြန်လည် တိုက်ခိုက်ချေမှုန်းသွားမည်ဟု သတိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ထုတ်ပြန်ရာတွင် ZRAနှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့မှု၊ ကာကွယ်ရေးတပ်ဖွဲ့အချို့အား တိုက်ခိုက်မှုအခြေအနေများကို ဖော်ပြခဲ့သည်။

ZRAတပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင် လောင်းရိပ်အောက်မှ အချိန်မီ ရုန်းထွက်ပြီး လူသားအန္တရာယ်ပြု မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သတ်မှု ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ဖျက်ဆီးမှုများ မပြုလုပ်ကြရန် ထုတ်ပြန်သည်။

ချင်းအမျိုးသား တပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များမှ စစ်အာဏာရှင် ချေမှုန်းရေးတိုက်ပွဲ ဖော်ဆောင်ရာတွင် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ကြရန် နှင့် စစ်အာဏာရှင် စနစ် အပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့များအား ခြမ်းခြောက် ပစ်ခတ်တိုက်ခိုက်ခြင်းများ ရှောင်ရှားရန် အလေးအနက် တိုက်တွန်းထားသည်။

(ZRA စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် က မေလပထမပတ်အတွင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(ZRA စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော် က မေလပထမပတ်အတွင်းသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Journal)

အကယ်၍ တစုံတရာ ကျူးလွန်မှုရှိလာပါက မလွှဲမရှောင်သာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

CNFနှင့်ပူးပေါင်းတပ်များသည် မေလ ၁ရက်နှင့် ၃ရက်အတွင်း တီးတိန်မြို့နယ်အတွင်း၌ ZRAနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ZRA စခန်း ၂ခုကို CNF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။

CNF/CNA သည် ချင်းအမျိုးသား နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်ရာတွင် ချင်းလူမျိုးများ၏ ပကတိ ဖြစ်တည်မှု ဖြစ်သည့် မျိုးနွယ်၊ ဒေသ ၊ ဘာသာစကား ကွဲပြားမှုများကို အသုံးချပြီး စစ်အာဏာရှင် အဆက်ဆက်၏ သွေးခွဲ သပ်လျှိုမှုများကို အထူးသတိထားလျက် ဦးတည်ချက် ၊ ခံယူချက်နှင့် ယုံကြည်ချက် တူညီသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစိုးရများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များနှင့် လက်တွဲ တိုက်ပွဲဝင်သွားမည်ဟုလည်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မဟာမိတ်များနှင့်အတူ လက်တွဲကာ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဆက်လုပ်မည်ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG(ကလေး-ကဘော်-ဂန့်ဂေါ) ဥက္ကဋ္ဌ ဆလိုင်း ဇာဘွေထောင် က ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဇိုမီးတပ်(ZRA)က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

သတင်း

အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်မှတဆင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် မြန်မာနိုင်ငံရှိ တော်လှန်ရေးတပ်ဖွဲ့အချို့အား စစ်ဘက်ဆိုင်ရာ အကူအညီများပေးအပ်ရန်စီစဥ်​နေသည်ဆိုသည့် သတင်းကို ပြည်ပသတင်းဌာနချို့က​ဖော်ပြခဲ့ပြီး​နောက်အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ဇိုမီးတပ်ဖွဲ့ (ZRA)က စစ်ရေးလှုပ်ရှားမှုများရှိနေ၍ တိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။