Connect with us

Hi, what are you looking for?

သတင်း

ဆောတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူ ခုနစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ

တံတားဦးလေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ကြားသိရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း)

▪️ဆောမြို့နယ်၌ ၆ရက်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခြင်းဖြစ်

ဆလိုင်းမာန်အောင်/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကို စစ်ကောင်စီက ယနေ့(မေလ ၁၄ရက်)ညနေ ၃နာရီခန့်တွင် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အချို့မီးလောင်ပျက်စီးပြီး လသားအရွယ်ကလေးငယ်အပါအဝင် ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးကာ ကိုးဦးထိခိုက်ဒဏ်ရာရရှိကြောင်း အဆိုပါဒေသရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

” တောမရွာကို ပစ်သွားပြန်ပါပြီ။ ရွာမီးလောင်နေတယ်လို့ သတင်းရတယ်။ လူတွေထိတယ်လို့လည်းသိရတယ်”ဟု ဆောမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ယောအလင်းတန်း)

ယောအလင်းတန်း​၏ ဖော်ပြမှုအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ် နှစ်လုံးမီးလောင်ပြီး နေအိမ်ကိုးလုံး ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။ ထို့အပြင် ပြည်သူ ခုနစ်ဦးထိမှန်သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တောမရွာ ဒေသခံတစ်ဦးက” ဒီနေ့နေ့လယ် ၃နာရီ ဝန်းကျင်လောက်မှာ ဘာတိုက်ပွဲဖြစ်ပွားခြင်းမှလဲမရှိဘဲ အပြစ်မဲ့ ပြည်သူနေအိမ်တွေပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။ အိမ်၂လုံး မီးလောင်ပြာကျသွားတယ်။ အနီးနားမှာရှိတဲ့ လူနေအိမ် ၉လုံးလဲ ရစရာမရှိအောင်ပျက်စီးသွားတယ်။ လက်ရှိအချိန်ထိ လသွားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူယောက်ျား ၃ဦး အမျိုးသမီး ၄ဦး စုစုပေါင်း ၇ဦးသေဆုံးပြီးတော့ ၉ဦးလောက်ကတော့ ပြင်းထန်ဒဏ်ရာရထားတယ်။သေဆုံးတဲ့အထဲမှာ ၈လသားအရွယ်ကလေးတစ်ယောက် နဲ့ ၅နှစ်သားအရွယ်ကလေးတစ်‌ယောက်လဲပါတယ်။တချို့လူနာတွေက စိုးရိမ်ရတဲ့အခြေနေမှာ ရှိတယ်။ ဒဏ်ရာအနဲအကျဉ်းရတဲ့ ပြည်သူကလဲ အများအပြားရှိနေသေးတယ်”ဟု ယောအလင်းတန်းသို့ ပြောသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ယောအလင်းတန်း)

တံတားဦးလေဆိပ်မှတက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ကြားသိရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဖြစ်ရပ်သည် ဆောမြို့နယ်အတွင်း အရပ်သားပစ်မှတ်နေရာများကို ၆ရက်အတွင်း နှစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ယောအလင်းတန်း)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆောမြို့နယ်၊ တောမကျေးရွာ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ယောအလင်းတန်း)

ဆောမြိုနယ်တွက် အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် မေလ ၉ရက်က ဒေသခံများစုစည်းပြီး ဒေသဖွဲ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စီးဆင်းရေးအတွက် တွေ့ဆုံဆွေးနွေးနေစဉ် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၆ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။