Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ၍ ​ရှောင်ကျဥ်ရန်များကိုဝါရင့်တော်လှန်ရေး​ခေါင်း​ဆောင်အချို့အကြံပြု

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေး​ခေါင်း​ဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းအား စစ်​ကောင်စီတပ်က ​မေ ၁၁ ရက်တွင်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇ ဦး​သေဆုံး ခဲ့​​သောဖြစ်ရပ်အပြီးအပျက်အစီးများ
ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းအား စစ်​ကောင်စီတပ်က ​မေ ၁၁ ရက်တွင်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇ ဦး​သေဆုံး ခဲ့​​သောဖြစ်ရပ်အပြီးအပျက်အစီးများ

စောနွေဦး/People’s Spring

စစ်ကောင်စီတပ်က ​မေလဒုတိယပါတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများပို၍ပြုလုပ်လာ​သော​ကြောင့် တော်လှန်ရေးအဖွဲ့များ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းစသည့် တည်နေရာအလွယ်တကူရှာဖွေနိုင်သည့် အများပြည်သူသုံးနေရာများတွင် အစည်းအဝေးပြုခြင်းနှင့်အထိုင်ချခြင်းများမပြုရန် ဝါရင့်တော်လှန်ရေး​​ခေါင်း​ဆောင်အချို့ ကသတိ​ပေးသည်။

အများပြည်သူသုံးနေရာများသည် GPS (တည်နေရာ) အလွယ်တကူရှာဖွေနိုင်ပြီး လေကြောင်းက အတိအကျတိုက်ခိုက်နိုင်ခြင်းကြောင့် ယခုလို သတိပေးရခြင်းဖြစ်သည်ဟု အဆိုပါဝါရင့်တော်လှန်ရေး​ခေါင်း​ဆောင်အချို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိဘုန်းကြီးကျောင်း၌ ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်အပြီးအပျက်အစီးများ။
ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိဘုန်းကြီးကျောင်း၌ ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်အပြီးအပျက်အစီးများ။

“စစ်ကောင်စီသတင်းပေးဆိုတာ GPSလို နေရာအတိအကျမပေးနိုင်ဘူး။သူတို့ပြောနိုင်တာက ရွာက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ဘောလုံးကွင်း ဒါမျိုးပဲပြောနိုင်တာပါ။ ဒီနေရာတွေက စစ်ကောင်စီမှာ နေရာအတည်အကျရှိပြီးသားမို့ အလွယ်တကူ လေကြောင်းက ဗုံးကျဲတိုက်ခိုက်နိုင်တယ်” ဟုဝါရင့်တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါနေရာများ၏ တည်နေရာလိပ်စာများသည် စစ်ကောင်စီထိန်းချုပ်ထားသည့် ဌာနဆိုင်ရာများတွင် GPS (နေရာအတိအကျ) ရှိသည်ဟုလည်း တော်လှန်သမားများကဆိုသည်။

“စစ်ကောင်စီက အခုတလောဗုံးကျဲရင် Public Area (အများပြည်သူသုံးနေရာ)တွေကိုပဲ ကျဲတာများတယ်။ အဲ့လိုကျဲလိုက်ရင်လည်း အစုအလိုက်အပြုံလိုက် ကျဆုံးတာတွေရှိတယ်။ ဒါတွေကို တော်လှန်ရေးသမားတွေ ဂရုစိုက်စေချင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ရင်းမှူးတစ်ဦးကပြောသည်။

မိုးဦးကာလအတွင်း စစ်ကောင်စီက ရခိုင်၊ချင်း၊ကချင် ၊ကရင်နီ ၊ကရင်ပြည်နယ်တို့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်လေကြောင်းတိုက်ခိုက်မှုများယခုရက်ပိုင်းပို၍ပြုလုပ်လာကြောင်းလည်း ကာကွယ်ရေးတပ်များထံမှသိရသည်။

“ကျင်းဒွေးတိုက်ပွဲနဲ့ တိုက်ပွဲအပြီးမှာ မကွေးတိုင်းအနောက်ဘက်ခြမ်းကို စစ်ကောင်စီက နေ့တိုင်းကြားနေရတယ်။ တချို့နေရာတွေမှာ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာရှိတယ်”ဟု မကွေးတိုင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းမလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်သဖြင့်​ဒေသခံပြည်သူ ၁၆ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်။ ထိုအပြင်

ထို့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူတစ်ဦးထပ်မံသေဆုံးပြီး သေဆုံးသူ ၇ ဦးဒဏ်ရှိရှိခဲ့သည်။

​လူထု​နွေဦးစု​​ဆောင်းထား​သောအချက်အလက်များအရ ​မေလ ဒုတိယပါတ်မှစ၍ စစ်​ကောင်စီက ပြည်သူများကိုပါပစ်မှတ်ထား​သောအစုလိုက်အပြုံလိုက်သတ်ဖြတ်အကြမ်းဖက်မှုကို ပိုလုပ်လာပြီး တစ်ပါတ်အတွင်း ဖြစ်ရပ် ၈ ခုတွင် ပြည်သူ ၈၀ ​ကျော်ကို စစ်​ကောင်စီကသတ်ဖြတ်ခဲ့သည်ကို​တွေ့ရသည်။စစ်ကိုင်း၊မ​ကွေး ၊ရခိုင် ၊ကရင် ၊ပဲခူး၊မွန် ပြည်နယ်တို့တွင် စစ်​ကောင်စီကကျူးလွန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ နှစ်ကုန်အထိလေကြောင်းတိုက်ခိုက်မှု ၆၀၀ ခန့်ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းတိုက်ခိုက်မှုကို အကြိမ်ပေါင်း ၁၅၀ခန့်ပြုလုပ်ခဲ့သည်။

(ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ရွာစာသင်ကျောင်းအား စစ်​ကောင်စီတပ်က ​မေ ၁၁ ရက်တွင်လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၇ ဦး​သေဆုံး ခဲ့​​သောဖြစ်ရပ်အပြီးအပျက်အစီးများ/ ဆောမြို့နယ်၊အကြည်ပန်းမလွန်းကျေးရွာရှိဘုန်းကြီးကျောင်း၌ ယာဉ်လိုင်းအစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်အပြီးအပျက်အစီးများ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်လအိရွာ ဘုန်ကြီးကျောင်းကို အသေခံဒရုန်းဖြင့်စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များကတိုက်ခိုက်ခဲ့ရာစာသင်နေသည့်မူလတန်းအရွယ် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများအား ပစ်ခတ်သတ်ဖြတ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများကြား သွေးခွဲသည့်ဗျူဟာ ကျင့်သုံးနေကြောင်း KPDFနှင့်နီးစပ်သူများက သတိပေးသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။