Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမ ဆင်ဝိုင်းတစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရ

အဆိုပါ ပဲခူးရိုးမ၊ ပုဇွန်ဆိတ်ဆင်ဝိုင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် မြစ်ချိုးရန်လာသော ဒေသခံပြည်သူငါးဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

(ပဲခူးတိုင်း PDF မှ ရဲဘော်တစ်ဦး စစ်ကောင်စီတပ်အား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - BAGO REGION PDF)
(ပဲခူးတိုင်း PDF မှ ရဲဘော်တစ်ဦး စစ်ကောင်စီတပ်အား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - BAGO REGION PDF)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ပုဇွန်ဆိတ်ဆင်ဝိုင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁)နေ့လယ် ၁ နာရီခန့်က ပုဇွန်ဆိတ်ဆင်ဝိုင်းအတွင်း အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၆ Black Dragon (GBK-PDF)က ​သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားများ ထမင်းစားနားချိန်ဖြစ်သောကြောင့် တနေရာတည်းတွင် လူစုပြီး ထမင်းစားနေကြသည်ကို တွေ့ရပြီး ၎င်းနေရာတည့်တည့်အား (၄၀) မမဖြင့် ရှောင်တခင် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသွားကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ အနီးဝန်း ကျင်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော် လှန်ရေးရဲဘော်များဟအထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ယနေ့နံနက် ၁၀ နာရီခန့်တွင် ပုဇွန်ဆိတ်ဆင်ဝိုင်းတပ်စခန်းသို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁မှ ဒုတိယအကြိမ် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအခြေအနေအား အသေးစိပ် မသိရသေးပေ။

အဆိုပါ ပဲခူးရိုးမ၊ ပုဇွန်ဆိတ်ဆင်ဝိုင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် မြစ်ချိုးရန်လာသော ဒေသခံပြည်သူငါးဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။