Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုရှိ ပျူစောထီးရွာသုံးရွာ သုံးရက်ဆက်တိုက်ခိုက်ခံရ

အလားတူ မေလ ၂၄ ရက် နံနက် ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

(စစ်ဆင်ရေးတစ်ခုတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော မဟူရာရွှေဘိုသား LPDF အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ -File Video)
(စစ်ဆင်ရေးတစ်ခုတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော မဟူရာရွှေဘိုသား LPDF အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ -File Video)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီးရွာ သုံးရွာအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သုံးရက်ဆက် တိုက်ခိုက်ခဲ့သည်။

မေလ ၂၅ ရက်က ရွှေဘိုမြို့နယ်၊ မြင်းချင်းပျုရွာနှင့်ကော့ရွာ၊ မေလ ၂၆ ရက်က ကော့ရွာနှင့် ရွှေဘိုမြို့ပေါ် အမှတ်(၅)ရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်တို့အား ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“မြင်းချင်းက တစ်ကောင်သေတယ်။ သုံးကောင် ဒဏ်ရာရတယ်။ ကော့ရွာက တစ်ကောင်သေနဲ့ ထိခိုက်ဒဏ်ရာ များတယ်လို့ သိရတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မေလ ၂၄ ရက် နံနက် ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲမှာ ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး ညောင်ကိုင်း ပျူစောထီးခေါင်းဆောင်စိုးနိုင်၏ သားအကြီး ကျောက်စိမ်း ၊ ဝင်းမြင့်၊ အောင်ဘုတို့ သေဆုံးကာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟူရာရွှေဘိုသား LPDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“နှုတ်ခမ်းနီ(ကျည်)မလောက်တော့လို့ စခန်းမသိမ်းနိုင်ခဲ့တာ။”ဟု မဟူရာရွှေဘိုသားLPDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ကတော့ ညောင်ကိုင်းပျူရွာကိုတိုက်တဲ့အချိန်မှာ တခြားရွာကပျူတွေ ထွက်မလာအောင် ကြားထဲကနေ ဆီးဖြတ်ပေးရတာ။”ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ညောင်ကိုင်းပျူစောထီးရွာ စစ်ဆင်ရေးအား မဟူရာရွှေဘိုသားLPDF ၊ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်မဟာပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရောင်နီပြည့်သူ့ကာကွယ်ရေးအဖွဲ့ ၊နဂါးနီ၊ရွှေဘိုခရိုင်တပ်ရင်း (၂၁)၊ ရေဦးမြို့နယ် ပကဖ (Phoenix တပ်ခွဲ၊ Galaxy Force)၊ Zero Fighter Squad ၊CAF , 96 Soldiers, PLA နှင့် Ka Naung ကူညီတိုက်ခိုက်ခဲ့ကြပြီး ‌လက်နက်ကြီးပစ်ကူအဖြစ် Lightning Drone Force ၊ ကနီမြို့နယ် ပကဖ J PDF ဒရုန်းတပ်ဖွဲ့ နှင့် အရာတော်မြို့နယ် နောင်ရိုးတပ်ဖွဲ့မှ တပ်ကူပေးခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook