Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့နယ်တွင်မြေမြှုပ်ထားခဲ့သည့်စစ်သားအလောင်းများ မိုးသည်းထန်စွာရွာသွန်းပြီး​နောက် ပြန်​ပေါ်လာ၍​ဒေသခံများက သဂြိုလ်​ပေး​နေရ

မေလ ၂၁ရက်ကလည်း လင်းသီရွာချောင်းအတွင်း မျောပါလာသော စစ်ကောင်စီရုပ်အလောင်း ၁၀ လောင်းထက်မနည်းကို ဒေသခံများက တွေ့ရှိခဲ့ကြသည်။

(သံတွဲမြိုနယ်တစ်​နေရာတွင်တိုက်ပွဲဖြစ်ပွားစဥ်။ ဓါတ်ပုံ-CJ)
(သံတွဲမြိုနယ်တစ်​နေရာတွင်တိုက်ပွဲဖြစ်ပွားစဥ်။ ဓါတ်ပုံ-CJ)

ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင်ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီရုပ်အလောင်းအချို့ကို ဒေသခံများ၏ နေအိမ်ခြံဝင်းများအတွင်း မြုပ်နှံသွားရာ ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် အဆိုပါရုပ်အလောင်းများ ပြန်ပေါ်လာခဲ့သည်။

“မြုပ်ထားတာတွေက ဟိုတစ်စု ဒီတစ်စုနဲ့။ နောက်ပြီး ဖြစ်သလိုမြုပ်သွားတာ။ မြေကို တစ်တောင် ကျော်ကျော်လေးတူးမြုပ်တာတောင် ရှိတယ်။ မိုးရွာတော့ အကုန်ပြန်ပေါ်လာတာ” ဟု သံတွဲဒေသခံတစ်ဦးကပြောသည်။

ဧပြီလမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် သံတွဲမြို့နယ် လင်းသီရွာ နှင့် ကျောင်းကုန်းရွာတို့၌ စစ်ကောင်စီရုပ်အလောင်းအချို့တွေ့ရှိရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုရွာနှစ်ရွာတွင်စစ်ကောင်စီကတပ်စွဲခဲ့၍ ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ တိုက်ပွဲများအတွင်းအထိနာပြီးနောက် စစ်ကောင်စီသည် ထိုနေရာများမှ ဆုတ်ခွာထွက်‌ ပြေးနေရသည်။

“တိုက်ပွဲမှာ ကျတဲ့သူတွေကို ချောင်းနဲ့နီးရင်ချောင်းထဲကိုပစ်သွားတယ်။ ချောင်းနဲ့ဝေးတဲ့နေရာတွေမှာဆိုရင် မြေမြုပ်သွားတဲ့သဘောပဲ။ မနေ့ကအထိ ကျောင်းကုန်းရွာမှာသုံးလောင်း၊ လင်းသီရွာမှာနှစ်လောင်းတွေ့ပါတယ်ဗျ”ဟု ဒေသခံတဦးကပြောသည်။

အဆိုပါရုပ်အလောင်းများကို ဒေသခံများကမီးရှို့သင်္ဂြိုဟ်​ပေးခဲ့ကြသည်။

ပြီးခဲ့သည့် မေလ ၂၁ရက်ကလည်း လင်းသီရွာချောင်းအတွင်း မျောပါလာသော စစ်ကောင်စီရုပ်အလောင်း ၁၀ လောင်းထက်မနည်းကို ဒေသခံများက တွေ့ရှိခဲ့ကြသည်။

သံတွဲမြို့နယ်တွင် ဧပြီလ၂၂ရက်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ နှစ်သောင်းခန့်သည် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများရှိခဲ့သည်။

မေလ ၁၄ ရက်နေ့က သံတွဲမြို့နယ် လင်းသီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ဆယ်ဦးသေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၈ရက်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေစဉ် နတ်တောင်မော်ကျေးရွာကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

သံတွဲဒေသတိုက်ပွဲ၌ စစ်ကောင်စီမှ​သေဆုံးဒဖဏ်ရာရသူများနေပြီး အရာရှိအချို့လည်းထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ယခုအခါ သံတွဲမြို့နေရာအများစုကို AAက ထိန်းချုပ်ထားပြီး စစ်ရေးအသာစီးရယူထားသည်ဟု ဒေသခံများကပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယင်းဒေသရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန် နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့ပါက အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းအာရက္ခတပ်တော်(AA)က မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဇူလိုင်၁၉မှာရခိုင်မြို့နယ်သုံးခုကိုစစ်တပ်ဗုံးကြဲလို့ ၅ဦးသေ၊၂၁ဦးထက်မနည်းဒဏ်ရာရ