Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမအတွင်း လေးရက်ဆက်တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူ များအနေနှင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

(တပ်ရင်း(၃၈၀၂)မှ ရဲဘော်အချို့အား ပဲခူးရိုးမဖြတ် လမ်းတစ်နေရာတွင်တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(တပ်ရင်း(၃၈၀၂)မှ ရဲဘော်အချို့အား ပဲခူးရိုးမဖြတ် လမ်းတစ်နေရာတွင်တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ် လမ်းတွင် စစ်ကောင်စီတပ်နှင့် လေးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်ကြောင်းသည် မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း (၁၂) မိုင်ဘက်သို့ မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်တွင် တက်လာရာ တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ(၅)၏ ဗျူဟာစစ်ကြောင်းမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆက်ပြောသည်။

အလားတူ မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်၌ စစ်ကောင်စီဘက်မှ မြို့ချောင်း-စိန်ကန့်လန့်ရိုးမဖြတ်လမ်း (၁၇)မိုင်ဘက်သို့ စစ်ကားခြောက်စီးနှင့်အတူ ခြေလျှင်တက်လာရာ ပဒေသာမိုင်းသုံးလုံးဖြင့် စောင့်ကြိုမိုင်းဆွဲ၍ ၄၀ မမ လေးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ ငါးဦးနေရာတွင် သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားကြောင်း တပ်ရင်း (၃၈၀၂)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် မေလ ၂၈ ရက် မွန်းလွဲ ၁နာရီခန့်တွင် မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်လမ်း (၁၈)မိုင် အနီးရှိ မိမိတို့တပ်ဖွဲ့၏ ယာယီစခန်းသို့ တက်လာသည့် စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းခြောက်လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၂ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ရဲဘော်နှစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု တပ်ရင်း ၃၈၀၂ က ပြောသည်။

“စခန်းစီးခံ ရတယ်ဆိုတာထက် အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတာ။ သူတို့ဘက်က ဒရုန်းနဲ့ဗုံးကြဲတာ။ ကားပေါ်ကလည်း စက်လတ်နဲ့ပစ်သေးတယ်။ ဒါပေမဲ့ ဒရုန်းပါလည်း သူတို့ဘက်က အသေများတာပဲ။ ကျနော်တို့ဘက်က နှစ်ယောက်ပဲ ကျတာ”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ မေလ ၂၈ ရက်နေ့ ယာယီစခန်းအနီးတိုက်ပွဲတွင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅)၏ ဗျူဟာစစ်ကြောင်းမှ ရဲဘော်ကျော်ကြားနှင့် ရဲဘော်မိုးစက်တို့နှစ်ဦးကျဆုံးပြီး လက်နက်အင်အားမမျှ၍ စခန်းမှဆုတ်ခွာပေးခဲ့ရကာ လက်လုပ်သေနတ်သုံးလက်၊ ရှေ့ထွက်မိုင်းလေးလုံး ဆုံးရှုံးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

နောက်တစ်နေ့(မေ ၂၉ရက်)နံနက် ၁၁နာရီခန့်တွင်လည်း စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် မြို့ချောင်း-စိန်ကန့်လန့်လမ်း ၁၉ မိုင်ဘက်သို့ ဆက်တက်လာရာ ပဒေသာမိုင်းများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ် ခတ်မှု ၄ နာရီခန့်ကြာမြင့်ကာ ရန်သူ့ဘက်မှ ၁၇ ဦးသေဆုံး၍ အများအပြားဒဏ်ရာရသွားကြောင်း တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

“၂၉ ရက်နေ့တိုက်ပွဲမှာသေတဲ့ စကစ ၁၇ ​ေ-ာင်ကို ဖောကားနဲ့ ၁၂ မိုင်ကိုသယ်သွားပြီး အဲ့ကနေ လူနာတင်ယာဥ်နဲ့ပြန်သယ်သွားတယ်”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက ရှင်းပြသည်။

အထက်ပါ မြို့ချောင်း – စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတွင်ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၅ ဦးသေဆုံးပြီး သေဆုံးသူများတွင် ပျူစောထီးများပါဝင်ကြောင်း၊ အဆိုပါ ပျူစောထီးအလောင်းများကို ပြန်မသယ်ဘဲ တောတွင်း၌မြှပ်ထားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားရုပ်အလောင်းများကိုသာ ကြန်သယ်သွားကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

သို့သော် စစ်ကောင်စီတပ်​၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်ပေ။

လတ်တလော စစ်ရေးအခြေအနေများအရ ဆက်လက်၍လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူ များအနေနှင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။