Connect with us

Hi, what are you looking for?

သတင်း

မွန်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းရသည့်နေရာမှ ပူးပေါင်းဆောင်ရွက်မည်ဟု NMSP- ADပြော

NMSP၏ မေလ ၃၁ရက်ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

(မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD)
(မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD)

ထားမြတ်/People’s Spring

မွန်ပြည်သစ်ပါတီ(NMSP)မှခွဲထွက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) အနေဖြင့် မွန်တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းလို့ရသည့်နေရာမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောကြားသည်။

မေလ ၃၁ရက်တွင် NMSPက ၎င်းတို့ အနေဖြင့် မိခင်ပါတီမှ ခွဲထွက်သွားသည့် NMSP-AD နှင့် ပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းလျက်ရှိသော်လည်း NMSP -ADအဖွဲ့သည် နိုင်ငံရေး စစ်ရေးကဏ္ဍရပ်များတွင် မိခင်ပါတီနှင့် ကွဲပြားခြားနားသော အမြင်သဘောထားများဖြင့် ဖော်ဆောင်လာနေရာ ပြန်လည်ပေါင်းစည်းရေးမှာ အလားအလာ မှေးမှိန်သည်ထက် မှေးမှိန်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ခဲ့ပြီး NMSP-AD သည် သူ့သဘောသူဆောင်သည့် အဖွဲ့ဖြစ်ကာ မိခင်ပါတီနှင့်ဆက်စပ်မှုမရှိကြောင်း NMSPက ကြေညာခဲ့သည်။

NMSP၏ မေလ ၃၁ရက်ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

” ကျနော်တို့အဖွဲ့ အနေနဲ့ ကျနောတို့ ထုတ်ပြန်ထားတဲ့ နိုင်ငံရေးခံယူချက်နိုင်ငံရေး ရပ်တည်ချက်အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးသဘောထား ၊ ရပ်တည်ချက် လုပ်ငန်းစဉ်အပေါ် အခြေခံပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေး လုပ်ငန်းစဉ်အပေါ် အခြေပြုပြီး မွန်ပြည်နယ်မှာရှိတဲ့ မွန်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလို့ရတဲ့နေရာ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်”ဟု နိုင်ဗညားမွန်က ပြောသည်။

NMSP အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်ကို ဧပြီလဆန်းပိုင်းက ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှု မှန်သမျှအား ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး နောင် အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့်မရှိစေရဟု နိုင်ငံရေးရပ်တည်ချက်ကို ပြောပြထားသည်။

လုပ်ငန်းစဉ်များကိုလည်း အသိပေးထားရာ မွန်တော်လှန်ရေးအင်အားစုများ နှင့်လက်တွဲပြီး အာဏာသိမ်း စစ်ကောင်စီအား တိုက်ခိုက်ခြင်း၊ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်ခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အခွင့်အရေးအပြည့်အ၀ ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနှင့် မွန်ပြည်ပေါ်ထွန်းရေးအတွက် နိုင်ငံရေးရည်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း NMSP-ADက ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook