Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် ပြည်သူ့အခြေပြုအုပ်ချုပ်ရေးယန္တရားကို မြို့နယ် ၈ခုတွင် ဖွဲ့စည်းထားဟု IECဥက္ကဌ ပြော

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေး အားကောင်းသော ဒေသတစ်ခုတွင်ပါဝင်သည့် ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူ ၂၈၂,၆၁၅ အထိရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက်က ဆိုသည်။

(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်)
(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ကလေးများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်)

ရဲခေါင်/People’s Spring

ပြည်သူ့ကိုယ်စားလှယ်များနှင့် အင်အားစုများအားလုံးပါဝင်သည့် ပြည်သူ့အခြေပြု အုပ်ချုပ်ရေးယန္တရားကို မြို့နယ် ၈ခုတွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဌ ခူဦးရယ်ကပြောသည်။

ယမန်နေ့(ဇွန်လ ၆ ရက်)က ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းတည်ထောင်သည့် (၁)နှစ်ပြည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့အဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုး၍ လက်တွေ့အကောင် အထည်ဖော်ရန် စတဲ့ ရပ်တည်ချက် ၅ ရပ်နဲ့အညီ တစ်နှစ်တာအတွင်း မြို့နယ် ၈ မြို့နယ် မှာ ပါဝင်သင့်ပါဝင်ထိုက်သောပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အင်အားစုတွေအားလုံးပါဝင်တဲ့ ပြည်သူ့အခြေပြု အုပ်ချုပ်ရေး ယန္တရားကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်”ဟု ခူဦးရယ်က ရှင်းပြ သည်။

Public Service Announcement

Public Service Announcement

IECကဖွဲ့စည်းသည့် မြို့နယ်အုပ်ချုပ်ရေးကောင်စီ၌ အဖွဲ့ဝင် ခုနှစ်ဦးမှ ၉ဦးအထိပါဝင်ပြီး ၊ သက်ဆိုင်ရာမြို့နယ်မှ ပြည်သူများက ရွေးကောက်တင်မြောက်ထားသည့် ကိုယ်စားလှယ် လေးဦးမှခြောက်ဦးအပြင် ဒေသအခြေစိုက်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ မှ ကိုယ်စားလှယ်သုံဒဦးတို့ပါဝင်ပြီး အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေသည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုဌာနပေါင်း ၈ ခု ဖွဲ့စည်းထားပြီး ကဏ္ဍအလိုက်ဝန်ဆောင်မှုလုပ်ငန်းများကိုပြည်သူလူထုထံ ဆောင်ကြဥ်းပေးနေကြောင်း IEC ဥက္ကဌ က အသိပေးသည်။

ပြည်သူ့လုံခြုံရေးနှင့် တရားဥပ​စေိုးမိုးရေးကဏ္ဍအတွက် ကရင်နီပြည်ရဲဌာနခွဲ KSP ကိုဖွဲ့စည်းပြီးကရင် နီပြည်နယ်တဝှမ်း၌ ရဲစခန်း ၁၅ခုနှင့် ရဲကင်း ၁၀ခုကို တိုးချဲ့နိုင်ခဲ့ကာ ရဲဝန်ထမ်း အင်အားပေါင်း ၅၈၅ ဦးဖြည့်တင်းခန့်အပ် တာဝန်ပေးနိုင်ခဲ့ကြောင်း၊၂၀၂၄တွင် ရဲဝန်ထမ်း ၁,၀၀၀ ပြည့်မီရန် လျာထားကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍတွင်လည်း ပြည်နယ်တစ်ဝှမ်းဆေးခန်းပေါင်း ၆၀ကျော်နှင့် ဆေးရုံတစ်ရုံဖွင့်လှစ်နိုင်ခဲ့ပြီး ဆေးရုံဆေးခန်​များ ပြည်သူနှင့် တော်လှန် ရေးရဲဘော် ၅၀,၀၀၀ ကျော်ကို ကုသပေးနိုင်ခဲ့ကြောင်း လည်း IEC က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေး အားကောင်းသော ဒေသတစ်ခုတွင်ပါဝင်သည့် ကရင်နီပြည်နယ်၌ စစ်ဘေးရှောင်ပြည်သူ ၂၈၂,၆၁၅ အထိရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့ကွန်ရက်က ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် နိုင်ငံတကာ၏ အကူအညီနှင့် အရေးပေါ် စားနပ်ရိက္ခာ အပါအဝင် အခြေခံကျန်းမာရေးစောင့်ရှောင်မှုများသည် လိုအပ်ချက်များစွာရှိနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်တွေပျံသန်းပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။