Connect with us

Hi, what are you looking for?

သတင်း

ရခိုင်တွင် စစ်ကောင်စီတပ်များ ရေလမ်းမှထွက်ပြေးချိန် အရာရှိများရေတပ်သင်္ဘောပေါ် တက်ပြီးနောက် ကျန်ရဲဘော်များ၏စက်လှေအကပ်မခံဘဲ ပစ်ခတ်ခံရ

AAသည် ဇွန်လဆန်းတွင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအား အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ရက်မှ ၇ရက်အတွင်း အမှတ်(၉)နယ်ခြားစောင့်တပ်ဖွဲ့(နခခ-၉)အပါအဝင် စခန်း၆ခုကို သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်လှေမှောက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်လှေမှောက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ - File Photo)

“သူတို့ ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊သားသမီးတွေ၊ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့” – စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးစစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင် မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓာတ် ပျောက်ဆုံးမှုတို့ကို ရှင်းလင်းစွာတွေ့ရဟု AA ထုတ်ပြန်

ရှိုင်း/People’s Spring

အာရက္ခတပ်တော်(AA)က ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် နယ်ခြားစောင့်တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲအတွင်း စခန်းစွန့် ကာ စက်လှေများဖြင့် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အရာရှိများသည် လာကယ်သည့် ရေတပ်သင်္ဘောပေါ် တက်ရောက်ပြီးနောက် ကျန် စစ်သည်ရဲဘော်များ၊ မိသားစုဝင်များအား သင်္ဘောပေါ် အတက်မခံဘဲ ပစ်ခတ်ခဲ့ကြောင်း ကာယကံရှင်စစ်ကောင်စီ ရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့ အတက်မခံ၍ စက်လှေများကမ်းခြေသို့ ပြန်ကပ်စဉ် လှိုင်းကြီး၍ စက်လှေမှောက်သည့် အခြေအနေကို အဆိုပါ ရဲဘော်ကရုပ်သံရိုက်ကူး ပြီး ဖြစ်စဉ်အကြောင်း ရှင်းပြသည့် ရုပ်သံကို AAက ယနေ့ (ဇွန်လ ၁၀ရက်)တွင် ထုတ်ပြန်ခဲ့သည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်လှေမှောက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်လှေမှောက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ – File Photo)

ယင်းရုပ်သံမှတ်တမ်း၌ ကမ်းခြေတစ်ခု၌ စက်လှေမှောက်၍ ရေမွန်းနေသည့် တပ်ဖွဲ့ဝင် မိသားစုဝင်နှင့် ကလေးများအား ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မြင်ကွင်းကို တွေ့ရပြီး အဆိုပါ အခြေအနေကို ရဲဘော်က တိုက်ခိုက်ရုပ်သံရိုက်ကူး အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” တိုက်ရိုက် ဗီဒီယိုရိုက်နေတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်ခြားစောင့်(၄)နဲ့ နယ်ခြားစောင့်(၉)ရဲ့ လက်ရှိကျန်ရှိတပ်ဖွဲ့ဝင်တွေနဲ့ ဆုတ်ခွာတဲ့အချိန်မှာ ကမ်းထိုးနဲ့ဆိုတော့ စက်လှေနဲ့ ကဲ့ပေးမယ်လို့ ဗျူဟာက ချိတ်ပေးလို့ မောရ၀တီဗျူဟာက ချိတ်ပေးလို့ တပ်ဖွဲ့ဝင်တွေ အကုန်လုံး။ တပ်မမှူး အမိန့်လည်းရပြီတဲ့။ ကွပ်ကဲရေးမှူး အမိန့်လည်းရပြီဆိုတော့ ဆုတ်မယ်ပေါ့ ကျနော်တို့က ။ သူတို့အရင် စက်လှေတစ်စီးနဲ့ ကမ်းထိုးကို အရင်သွားတယ်ဗျာ”ဟု တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီ အရာရှိများ ကမ်းထိုးရေယာဉ်ဆီသို့ ဦးစွာသွားပြီး စက်လှေများကိုပြန်လွှတ်ခဲ့ကြောင်း ရှင်းပြသည်။

” သူတို့ ရောက်တော့ စက်လှေပြန်လွှတ်ပြီး နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ၊ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေနတ်နဲ့ ပစ်လွှတ်တယ်တဲ့ဗျာ။ ကမ်းထိုးပေါ် အတက်မခံဘူးတဲ့။ အကပ်လည်းမခံဘူးတဲ့။ အဲဒါ ပြန်လှည့်လာတော့ကမ်းခြေမှာလှိုင်းတအားကြီးတော့ စက်လှေမှောက်တယ်ဗျာ။ ရဲမိန်းမ နှစ်ယောက် ရှာမရဘူးဗျာ ။ကလေးနှစ်ယောက် ရော။ ဟိုမှာလည်း ကလေးနှစ်ယောက်က မွန်းပြီးမျောနေတယ်ဗျာ”ဟု စစ်ကောင်စီ ရဲဘော်က ရုပ်သံ၌ ပြောပြထားသည်။

ရုပ်သံ၌ ကလေးအချို့ရေမွန်းပြီး သတိမရသေးသည့် အခြေအနေကို တွေ့ရသည်။

” ကလေးက ရလား။ မှိုင်းနေလို့ နှိုးကြည့်အုံး။ သမီးရေ ၊ သမီးရေ။ မွှန်နေတာနေမှာ။ ကလေးတွေက လောလောဆယ် မစိစစ်ရသေးဘူး။ စက်လှေမှောက်ပြီး ကလေးတွေပါ ရေနစ်ကုန်တာဗျာ။ ဟိုမှာတစ်ယောက် ဒီမှာတစ်ယောက်။ ဒီမှာ တစ်ယောက်ကလည်း မှီန်းနေပြီ။ စက်လှေအောက်မှာ လူရှိသေးတာလား မသိဘူး။ ရဲမိန်းမ နှစ်ယောက်ပျောက်နေတယ်ဗျာ။ ကလေး နှစ်ယောက်နဲ့”ဟု ရုပ်သံရိုက်ကူးသည့် ရဲဘော်က ပြောကြားနေသည်ကို တွေ့ရသည်။

အဆိုပါ ရဲဘော်နှင့်အတူ မိသားစုဝင်များ၊ ကလေးများ၊ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ကမ်းခြေ၌ တွေ့ရသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်လှေမှောက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီတပ်ဖွဲ့ဝင်များ စက်လှေမှောက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ – File Photo)

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှု နှင့် လူ့အသိစိတ်ဓာတ် ပျောက်ဆုံးမှုတို့ကို ရှင်းလင်းစွာ ဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

AAသည် ဇွန်လဆန်းတွင် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအား အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ရက်မှ ၇ရက်အတွင်း အမှတ်(၉)နယ်ခြားစောင့်တပ်ဖွဲ့(နခခ-၉)အပါအဝင် စခန်း၆ခုကို သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

တည်ငြိမ်သောစစ်ရေးအခြေအနေတစ်ခုသို့ ရောက်ရှိချိန်အထိတားမြစ်ထားမည်