Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးသေဆုံး

တောင်ကုတ်မြို့နယ်၊ ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

(စစ်ကောင်စီပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားပြည်သူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အရပ်သားပြည်သူအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ယောနသံ/People’s Spring

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေသည့် တောင်ကုတ်မြို့တွင် ယနေ့(ဇွန်လ ၁၈ ရက်)နံနက် ၁၀နာရီခန့်က လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်။

တောင်ကုတ်မြို့နယ်၊ ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။

” ၁၀ နာရီလောက်က လာပစ်တာ။ အိမ်တွေလည်း ထိတယ်။ သုံးဦးသေတယ်။ ဒဏ်ရာရတာ ငါးဦး တိုက်ပွဲမဖြစ်ဘဲလာပစ်တာ” ဟု မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများ၏အခြေအနေကို အသေးစိတ်မသိရှိရသေးပေ။ တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုများရှိနေသည်။

ဇွန်လ ၁၅ ရက် နေ့လယ် ၁နာရီခန့်က တောင်ကုတ်မြို့၊ မီးချောင်းထိုး၊ မောင်းကန်နှင့် ကင်းတောင်ကျေးရွာတို့ကိုဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

ယမန်နေ့(ဇွန်လ ၁၇ရက်) နေ့လယ်က လက်နက်ကြီးပစ်ခတ်မှုတွင် တောင်ကုတ်တက္ကသိုလ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

တောင်ကုတ်မြို့ပေါ်တွင် စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ(၅) ၊ခမရ (၃၄၆)နှင့် ခမရ (၅၄၄) တပ်ရင်းတို့ တည်ရှိသည်။ စစ်ကောင်စီစခန်းများကို AAက တိုက်ခိုက်မည်ဟူသောသတင်းများကြောင့် စစ်ကောင်စီက စစ်ရေးပြင်ဆင်နေကာ ရမ်းသမ်းပစ်ခတ်နေခြင်းဟု ဒေသခံများကပြောသည်။

အာရက္ခတပ်တော်(AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် တောင်ကုတ်နှင့် သံတွဲမြို့ကြား မည်သည့်နေရာကိုမဆို တိုက်ခိုက်ခြေမှုန်းပစ်ရန် စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ် channel များ၌ လှုံ့ ဆော်ရေးသားနေကြသည်။

လက်ရှိတွင် တောင်ကုတ် မြို့ခံအများစုသည် နေရပ်စွန့်ခွာစစ်ဘေးရှောင် သွားကြပြီး ငွေကြေးမတတ်နိုင်သူများ အခက်အခဲရှိနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။